ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား

ပြည်သူသာလျှင် အဓိက— တဲ့။  မှန်ပါတယ်။ မှန်ပါတယ်။ ယေဘုယျတွေ ပြောရင်တော့ မှန်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြည်သူလဲဆိုတာတော့ ရှိသေးတယ်။ ပိုလို့ တိတိကျကျ ပြောရမယ်။ ပြည်သူဆိုတဲ့ စကားလုံးက သိပ် ယေဘုယျဆန်ပါတယ်။ ပြည်သူ - လူထု။ ကြိုက်တာပြော။ ပြည်သူဆိုတဲ့ စကားလုံး၊ လူထုဆိုတဲ့ ဝေါဟာရကို ကွန်မြူနစ်လည်း သုံးခဲ့တာပဲ။ ဆိုရှယ်လစ်လည်း...

နိုင်ထက်စီးနင်းမှု နှင့် ဘာ့ကြောင့် ဖက်ဒရယ်

မြန်မာ့လူ့အဖွဲ့အစည်းတွင်းက၊ နိုင်ငံရေးအသိုင်းအဝန်းတစ်ခုလုံးက ဖက်ဒရယ်ဆိုတာကို ဘာ့ကြောင့် တောင်းဆို နေရသလဲ။ ဖက်ဒရယ်ကို ဘာ့ကြောင့် ပြင်းပြင်းပြပြ အလိုရှိကြသလဲဆိုတဲ့ မေးခွန်းမှာ၊ တိတိကျကျ အကြောင်း ရင်းတွေ ရှိနေပါတယ်။ ဒါဟာ တစ်ခုမက ရှိပါတယ်။ အဲသည့်ထဲက တစ်ချက်ကို ပြောချင်ပါတယ်။  အနိုင်အထက်ပြုခံရခြင်းဘေး  နိုင့်ထက်စီးနင်းလုပ်မှု၊ ဗိုလ်ကျခံရမှု၊ လွှမ်းမိုးချုပ်ကိုင်မှုကို အလို မရှိခြင်းလို့ ပြောနိုင်ပါတယ်။ ဒီစကားလုံး အတွဲ...

တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း

နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး​၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး...

နိုင်ငံရေးမစ္ဆရိယစိတ်

★ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ လိုသည်ထက် ပိုနေပါတယ်။ ဘာလို့ လိုသည် ထက် ပိုနေရသလဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးပြဿနာတွေ ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုတဲ့ အပိုဆာဒါးတွေလည်း တွေ့နေရပါတယ်။ ဒါတွေဟာ ဘာ့ကြောင့် ဖြစ်ရပါသလဲ။ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ ဆိုင်မယ် ထင်ပါတယ်။ ဓလေ့ဆိုတာ တစ်ဦးချင်းစိတ်သဘာဝတွေကို ပေါင်းစုထားတဲ့ အပေါင်းအစုဖြစ်ပါတယ်။ နိုင်ငံရေး ဓလေ့ဆိုတာ နိုင်ငံရေးနယ်ပယ်က...

ဂဃနဏ မကွဲပြားဘဲ ရောထွေးနေသော စကားလုံးများ

★ နေ့စဉ်မြန်မာတွေသုံးနှုန်းတဲ့ စကားလုံးတွေထဲမှာ ဆင်တူကြောင်းကွဲတွေ ခပ်များများရှိတယ်။ လူအတော်များများ ဟာ စကားလုံးတွေကို အဆုံးထိနှိုက်ထုတ်လေ့လာတာမျိုး မလုပ်တတ်ကြဘူး။ သူတို့စိတ်ထင်ကြေးတွေနဲ့ပဲ သတ်မှတ်ခံယူထားတာများတယ်။ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ကောင်းစွာနားလည်အောင် လုပ်တာဟာ၊ ပညာသင်ယူခြင်းတစ်မျိုးလည်းဖြစ်တယ်။ တနည်းအားဖြင့် ပညာဆိုတာ စကားလုံးတွေကို နားလည်အောင် လုပ် တာလို့ ဆိုနိုင်တယ်။ ကျနော်တို့ဟာ ကျနော်တို့ နိစ္စဓူဝ သုံးစွဲနေတဲ့ စကားလုံးဝေါဟာရတွေရဲ့ အနက်ကို...

ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ

★ လက်ရှိ ပစ္စုပ္ပန်အတွက် ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ပြိုလဲပြီလားလို့ မေးခွန်းထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်စွဲအားကြီးတဲ့ ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ကြီးစိုးနေတာ မဆန်းပါဘူး။ ယခင်ကလည်း ကြီးစိုးတယ်။ ယခုလည်း ကြီးစိုးတယ်။ မဟာခေါင်းဆောင်ကြီးဝါဒ နောက်ကွယ်မှာ၊ ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ အများကြိုက် (တနည်း) လူပိန်းကြိုက်ဝါဒ ရှိနေတတ်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် လို့၊ မြန်မာစကားမှာ ရှိတယ်။...

ဦးစိုးသိန်း ၏ စာအုပ်

ဦးစိုးသိန်း ကိုယ်တိုင်က၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို၊ ဒုတိယ - ဗိုလ်ချုပ်ကြီး အငြိမ်းစား တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၀ - ၂၀၁၅ အစိုးရသက်တမ်းကာလအတွင်းမှာ၊ စစ်ယူနီဖောင်းချွတ် အရပ်သားအစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ထိုနည်းလည်းကောင်း သမ္မတရုံးဝန်ကြီး တာဝန်ကို ယူခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးတင်နိုင်သိန်းတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဖြေလျော့ရေးလုပ်ငန်းစဉ်တွေရဲ့ စီယာတိုင်ကို ထိထိမိမိ...

ပြည်သူနဲ့ တန်တဲ့ အစိုးရ

ကာတွန်း ဖေသိန်းရဲ့ ကာတွန်းလေးတစ်ကွက်ကို၊ လူမှုကွန်ယက်မီဒီယာပေါ်မှာ ပြန်တွေ့ရတယ်။ အစိုးရလုပ်တဲ့ ကောင်က ပြည်သူကို ပြောတယ်။ “နင်နဲ့တန်တဲ့အစိုးရ နင်ရမှာမို့” “နင် ငါနဲ့ တန်အောင်နေစမ်းပါကွာ” တဲ့။ ပြည်သူဆိုတာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်…ဆိုတဲ့ စကားကို အရပ်သားအုပ်ချုပ်မှု (၅)နှစ်တာကာလ တုန်းက နိုင်ငံရေးသင်တန်းတွေမှာ ကျနော် မကြာခဏ ပြောလေ့ရှိခဲ့တယ်။ ပြည်သူကို မြှင့်ပေးဖို့ ရည်ရွယ်ပြီးတော့...

နိုင်ငံရေးနှင့် အကျိုးစီးပွားမြေပုံ

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ၊ အကျိုးစီးပွားတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ တစ်ဦးချင်း အကျိုးစီးပွားတွေရှိတယ်။ အဖွဲ့အကျိုးစီးပွား ရှိတယ်။ လူမျိုးအကျိုးစီးပွားရှိတယ်။ အုပ်စုအကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားမြေပုံတွေရဲ့ တည်နေရာကို ကောင်းကောင်း မြင်နိုင်မှ၊ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ သိလိမ့်မယ်။ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိမှ၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း တဲ့အခါမှာ ထိရောက်လိမ့်မယ်။ နိုင်ငံရေးရဲ့...

နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။ “စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင်...