ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း

• အမြုတေ ကိုယ်ခံအားကောင်းအောင်တော့ ဖြည့်မှ ရမယ်။ အမြုတေ အားမကောင်းရင် ဆဲလ်တွေ အလုပ်သိပ်မလုပ်ဘူး။ 〓 အင်္ဂလိပ်လို စကားလုံး သုံးနှုန်းရရင် “Nucleus of Arakanese Nationalism” လို့ အနက်ပြန်ရမယ် ထင်ပါတယ်။ အဲသည့်နေရာမှာ နယူကလိယက်စ် [ nucleus ] ဆိုတာ အနက်ဆုံးအတွင်းပိုင်းက “အမြုတေ” ကို ပြောတာဖြစ်ပါတယ်။...

ဒီ/ချုပ် သရုပ်ခွဲ

လတ်တလော ဒီ/ချုပ်  သို့မဟုတ် ဒီ/ချုပ် သရုပ်ခွဲ ဆောင်းပါးအကျဉ်းချုပ်။။ ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး ၂ နှစ်ကျော် ၃ နှစ်အတွင်း ရောက်လာချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ဆဲ ဖြစ်တည်မှုကို ယေဘုယျရှုမြင်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဒီဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ NLD ] ကို ဒီ/ချုပ် လို့ အတိုကောက် သုံးစွဲပါ့မယ်။...

ပြည်တွင်းစစ် နဲ့ မြန်မာပြည်

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ ဆောင်းပါးအကျဉ်းချုပ်။။ ဒီဆောင်းပါးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အလွယ်တကူ ရပ်တန့်ပြီးဆုံးနိုင် ဖွယ် မရှိကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဤအဆိုကို ထောက်ခံတင်ပြရမှာ၊ ဆောင်းပါးရှင်ဟာ အကြောင်းပြချက် (၄) ရပ်နဲ့ ပြဆိုရှင်းလင်းထားပါတယ်။ မြန်မာပြည်မှာ၊ ပြည်တွင်းစစ်က လုံးဝ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့ ခဲယဉ်းတယ်။ ကာလရှည်ကြာ...

အထိန်းအထေစနစ်နဲ့ ဒီမိုကရေစီ

၂၀၂၃ ဩဂုတ် ၃၀ ၊ ဗန်ကူးဘား ကနေဒါ။ လစ်ဘရယ်ဒီမိုကရေစီရဲ့ အဓိက အနှစ်အသားတစ်ခုဖြစ်တဲ့ အထိန်းအထေစနစ်ကို ဘယ်လို ထည့်သွင်းမြှုပ်နှံပြီး အစိုးရကို ထိန်းကျောင်းသလဲဆိုတာကို ဒီဆောင်းပါးက ဖော်ပြထားပါတယ်။ ဒီမိုကရေစီကို ဘာလို့ ထောက်ခံတာလဲ၊ ဒီမိုကရေစီကို ဘာလို့ သဘောကျရသလဲလို့ ပြောရင် အဓိက အချက် (၂) ချက် ရှိတယ်။ key word...

ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit] ၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။...

*** [Public intellectual]

လူထုပညာတတ်ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာ ဘယ်လိုမျိုးလဲ။ [Public intellectual] ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာကို မြန်မာလို အနက်ပြန်ရမယ် ထင်ပါတယ်။ [Public intellectual] ဆိုတာ ပညာတတ် တစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လို ပညာတတ်မျိုးလဲဆိုတော့၊ လူထုပညာတတ် လို့ ပြောရမယ် ထင်ပါတယ်။ ဒီစကားလုံးက ကျနော့်အတွက်...

စာပေ – နိုင်ငံရေး – တော်လှန်ရေး

စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံလား။ စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ဘူး။ နိုင်ငံရေးကလည်း စာပေရဲ့ လက်အောက်ခံ မဟုတ်ဘူး။ စာပေနဲ့ နိုင်ငံရေးဟာ ဘယ်သူ့ ဘယ်သူမှ လက်အောက်ခံ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်ရပ်ခံတဲ့ဘက်မှာ ဩဇာကြီးအောင် လုပ်ချင်ကြတယ်။ ဒီတော့ နိုင်ငံရေးက စာပေကို လက်အောက်ခံသဘော မြင်လာတာတွေ ရှိတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုကို...