နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။ “စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင်...