မြန်မာ့အရေး ၂၀၂၄
မြန်မာပြည်အရေးက နိုင်ငံတကာမှာ နောက်ဆုတ်သွားပြီ။ တကယ်တော့ အဲဒါက ကြာတော့ ကြာပါပြီ။ ဒါပေမယ့် အခုမှ ပိုပြီး သိသိသာသာ ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ မြန်မာပြည်အရေးက ဒေသတွင်းနိုင်ငံတွေအတွက် ပိုပြီး အရေးကြီးလာတယ်။ ဒီတော့ နိုင်ငံတကာ-မျက်နှာစာကနေ ဒေသ-မျက်နှာစာအဖြစ်ကို ပြောင်းသွားတာကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဒီတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးပါမှု အရာဝင်မှုက ပိုပြီး ကြီးထွားလာတယ်။ မြန်မာပြည်၊...