ဒေါ်အောင်ဆန်းစုကြည် လိုတယ်

မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်လို့၊ သိမ်းကြုံးပြီး မပြောချင်ပါ။ ပြောချင်တဲ့သူတွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အနေနဲ့ကတော့၊ ဗမာ့လူ့အဖွဲ့အစည်းအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။ ဗမာပြည်မအတွက် ဒေါ်အောင်ဆန်းစုကြည် လိုပါတယ်။ တိုင်းရင်းသားနယ်တွေ (တနည်း) တောင်တန်းနယ်တွေဟာ သူ့နည်းသူ့ဟန်နဲ့ သူ့သဘော သူဆောင်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ အတိတ်ဖြတ်သန်းမှု ရှိပါတယ်။ ယခု နွေဦးတော်လှန်ရေးအတွင်းမှာ၊ တိုင်းရင်းသားလွတ်မြောက်ရေး...

မြန်မာ့အရေး ၂၀၂၄

မြန်မာပြည်အရေးက နိုင်ငံတကာမှာ နောက်ဆုတ်သွားပြီ။ တကယ်တော့ အဲဒါက ကြာတော့ ကြာပါပြီ။ ဒါပေမယ့် အခုမှ ပိုပြီး သိသိသာသာ ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ မြန်မာပြည်အရေးက ဒေသတွင်းနိုင်ငံတွေအတွက် ပိုပြီး အရေးကြီးလာတယ်။ ဒီတော့ နိုင်ငံတကာ-မျက်နှာစာကနေ ဒေသ-မျက်နှာစာအဖြစ်ကို ပြောင်းသွားတာကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဒီတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးပါမှု အရာဝင်မှုက ပိုပြီး ကြီးထွားလာတယ်။ မြန်မာပြည်၊...

ရက္ခိုင့်နိုင်ငံရေးပြတ်ရွေ့ 

[Political Faultline of Arakan] ဝေါဟာရ အနက်ဖွင့် နိုင်ငံရေးပြတ်ရွေ့ဆိုတဲ့ ဝေါဟာရကို အရင်ဦးဆုံး ရှင်းလင်းခန်းထုတ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ နိုင်ငံရေးပြတ်ရွေ့ဆိုတာ ဘာလဲ။ အင်္ဂလိပ်လိုတော့ [Political Faultline] ဆိုတဲ့ စကားလုံးကို ရည်ညွှန်းပါတယ်။ [Faultline] ဆိုတာဟာ ပထဝီနဲ့ ဘူမိဗေဒကနေ လာတဲ့ စကားလုံးပါ။ မကြင်ဌေးရဲ့ လူမှုပထဝီဝင်အဘိဓာန်မှာ Political Faultline...