ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ
ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈) လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။ရွေးချယ်တာကို မလုပ်ရင်….တဲ့။လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။...