ရက္ခိုင်နိုင်ငံတော်စာတမ်း

မင်းသေ့ - ရေးတယ် (၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့) ★ နိဒါန်း ၎င်းစာတမ်းကို ရက္ခိုင်အမျိုးသားရေးအိပ်မက်ဖြစ်တဲ့ “ရက္ခိုင့်နိုင်ငံတော်” ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ညွှန်း ပါတယ်။ နိုင်ငံတစ်ခုမွေးဖွားခြင်းဟာ အဆင့်ဆင့် သန္ဓေတည်ပြီး ဖြစ်ပေါ်လာရတယ်လို့ မြင်ပါတယ်။ လက်ရှိ ရက္ခိုင် အမျိုးသားရေးလွတ်မြောက်မှု ကြိုးပမ်းချက်တွေဟာ သန္ဓေတည်တဲ့ အဆင့်ကို ကျော်လွန်ပြီးဖြစ်ပါတယ်။ စစ်မှန်တဲ့ ရက္ခိုင်...

စစ်တပ်နှင့် အမျိုးသားရေးဝါဒ

Tatmadaw-and-Burmese-Nationalism-by-Min-ThaytDownload မြန်မာ့နိုင်ငံရေးသမိုင်းကောက်ကြောင်းကို လေ့လာတဲ့အခါ၊ ကိုလိုနီခေတ်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု ကာလမှာ ထင်ရှားတဲ့သမိုင်းဖြစ်ရပ် အမြောက်အမြား ရှိခဲ့ပါတယ်။ သမိုင်းထဲက နိုင်ငံရေးအယူဝါဒတွေလို့ ပြောရင် ဘာတွေကိုတွေ့နိုင်ပါသလဲ။ ဝံသာနုမျိုးချစ်ဝါဒ၊ လက်ဝဲကွန်မြူနစ် ဆိုရှယ်လစ်အတွေးအခေါ်တွေကို ကိုလိုနီခေတ် မှာ ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒနဲ့ လက်ဝဲဝါဒမှာ ဘယ်အရာက အရင် ကနဦး ဖြစ်ခဲ့ပါသလဲ။ ဝံသာနုလှုပ်ရှားမှု အစ ကိုလိုနီအစိုးရကို ဘာသာရေးနဲ့...

မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)

Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022Download စမှတ်။ ၁၃၀၀ ပြည့်အရေးတော်ပုံ မြန်မာ့တပ်မတော်ကို စတင်သန္ဓေတည်ပေးလိုက်တာကတော့၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု နိုင်ငံရေး လှိုင်းကြီးနေနေတဆင့် ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ အမျိုးသားရေးသမိုင်းမှာ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကို ဖြတ်သန်းရင်း၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ “အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက်ပြတ်ပြတ်သား သားတော်လှန် တွန်းလှန်နိုင်ဖို့အတွက်ဆိုရင် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု မလွဲမသွေရှိရမယ်”...

ဆောင်းပါးရှည်များ စုစည်းမှု (PDF Free Download)

Armed-Struggle-by-Min-ThaytDownload Ethnic-Leaders-Open-Letter-Download Ye-Htuts-Book-review-by-Min-ThaytDownload Two-Factors-of-CHINA-by-Min-ThaytDownload Tatmadaw-and-Burmese-Nationalism-by-Min-Thayt-1Download Road-to-Development-in-China-by-Min-ThaytDownload Rakhines-Nationalism-by-Min-ThaytDownload Open-Letter-by-Min-ThaytDownload New-Map-of-Burma-by-Min-ThaytDownload Min-Thayt-Case-Study-of-Comparative-Politics-Military-Coup-7-Nov-2021Download China-approach-on-Myanmar-Spring-by-Min-ThaytDownload China-Myanmar-Comparative-article-by-Min-ThaytDownload Aung-San-Suu-Kyi-as-Symbolism-by-Min-ThaytDownload Araken-Dream-by-Min-ThaytDownload Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022-1Download Yangon-Government-to-Naypyidaw-by-Min-ThaytDownload Kyaw-Wins-Books-List-by-Min-ThaytDownload

အနာဂတ္တိဆရာတစ်ဦး၏ စိုးရိမ်သောက

နောက်ကြောင်းပြန်အရေး သတိပေးချက် ကျော်ဝင်းဟာ ဘယ်လိုအရာတွေကို ဇောင်းပေးပြောခဲ့ပါသလဲ။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ...

ကျော်ဝင်းရဲ့ နိုင်ငံရေးအတွေးအမြင်

ကျော်ဝင်းရဲ့ ဘဝတစ်ခုလုံးကို ခြုံငုံကြည့်ရင်၊ တစ်ခုတည်းသော အမှတ်သရုပ်နဲ့ ပိုင်းဖြတ်လို့ရမယ် မထင်ပါ။ အပိုင်း ကဏ္ဍအလျှောက်၊ ဖြစ်တည်ခဲ့တာတွေ ရှိတာတွေ့ရပါတယ်။ ပန်းစကြာမှန်ပြောင်းကို တစ်ဖက်ချင်းလှည့်ကြည့် သလို မျက်နှာစာတစ်ခုချင်းစီကြည့်မှ ရနိုင်ပါလိမ့်မယ်။ ကျော်ဝင်းဟာ …. နိုင်ငံရေးသမားလား / တော်လှန်ရေးသမားလားစာရေးဆရာလား / သုတေသီလား ကျော်ဝင်းဟာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးလို့ နိုင်ငံရေးသမားဖြစ်ခဲ့ဖူးတယ်လို့ ပြောချင် ပြောနိုင်တယ်။ သို့သော်လည်း...

ကျော်ဝင်းလေ့လာချက်

ကျော်ဝင်းလေ့လာချက်ကို စာအုပ်တစ်အုပ်အနေနဲ့ သီးသန့် လုံးချင်းတစ်အုပ်ရေးနေပါတယ်။ အခုစာဟာ တည်ပြီးသလောက် နိဒါန်းအစဖြစ်ပါတယ်။ သုတေသနနည်းအားဖြင့် ချည်းကပ်ရေးသားဖို့ ကြိုးစားနေပါတယ်။ အကြမ်းဖျင်းအားဖြင့် အပိုင်း (၃) ပိုင်းပါဝင်နိုင်ပါလိမ့်မယ်။ (၁) ကျော်ဝင်းရဲ့ ဘဝ (၂) ကျော်ဝင်းရဲ့ စာပေပိုင်းလေ့လာချက် (၃) ကျော်ဝင်းရဲ့ နိုင်ငံရေးအတွေးအခေါ်ဆန်းစစ်ချက်။ ဒီနေရာမှာ - (ဆရာ) ကျော်ဝင်းလို့ မသုံးနှုန်းပါ။ ဒါဟာ သုတေသနနည်းအားဖြင့်...

လက်နက်ကိုင်လမ်းစဉ်

လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်။ အကြမ်းဖက်နိုင်ငံရေးနဲ့ အကြမ်းမဖက် နိုင်ငံရေးဆိုပြီး ကွာတာပဲ။ မြန်မာပြည်နိုင်ငံရေးအင်အားစုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ဘာဖြစ်နိုင်သလဲ။ တနည်း အောင်မြင်နိုင်သလား။ ကျရှုံးနိုင်သလား။ လက်ရှိအခြေအနေမှာတော့၊ အောင်မြင်နိုင်ဖို့ ကျရှုံးသွားဖို့ ဆိုတာထက် ဇာတ်မျောကြီးဖြစ်သွားဖို့ ပိုနီးနေတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ဘာလုပ်ရမလဲ။ ဘာဖြစ်ရမလဲ။ နံပါတ်တစ် - လူမျိုးစု လက်နက်ကိုင်အင်အားကြီးအဖွဲ့တော်တော်များများ ညီရင် ရတယ်။ ကေအိုင်အေ၊ ကေအန်ယူ၊...

ဆရာစံ လယ်သမားတော်လှန်ရေး

ဆရာစံ လယ်သမားလက်နက်ကိုင်တော်လှန်မှု • ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ။• သာယာဝတီခရိုင် အခြေပြု။• ဆရာစံဦးဆောင်သော လယ်သမား ဂဠုန်တပ်ဖွဲ့။• လွတ်လပ်ရေးလှုပ်ရှားမှုအတွက်။• လယ်သမား လက်နက်ကိုင် သူပုန်တပ်မကြီး။• ဗြိတိသျှ အင်္ဂလိပ်ကို တော်လှန် ပုန်ကန် ထကြွ။ ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်ပုန်ကန်မှုဟာ အင်္ဂလိပ်အစိုးရကို အတော်အတန် တုန်လှုပ်စေခဲ့ တယ်။ လက်နက်ကိုင် ပုန်ကန်မှုက ချို့ယွင်းချက်တွေ...

တင်ပြပုံ အယူအဆ

မြန်မာ့နွေဦးစစ်တမ်း (မြန်မာ့အသွင်ကူးပြောင်းရေးသမိုင်းအကျဉ်း) တင်ပြပုံနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြချင်ပါ တယ်။ • လူ• အဖွဲ့အစည်း• ဖြစ်ရပ် လူ၊ အဖွဲ့အစည်းနဲ့ ဖြစ်ရပ် ဆိုတဲ့ အချက် (၃) ချက်ဟာ ဒီစာအုပ် တစ်အုပ်လုံးရဲ့ အခြေခံယူနစ် သုံးခုဖြစ်ပါ တယ်။ လူ။ ။ သမိုင်းဖြစ်စဉ်ကိုလေ့လာရင် လူ့အပြုအမူတွေရဲ့မှတ်တမ်းကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် လူအများ အပေါ်မှာ ဩဇာလွှမ်းမိုးခဲ့တဲ့လူတွေ၊...