နိုင်ငံရေး – ဒဿနိက – သမိုင်း

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ နိုင်ငံရေးကို လေ့လာတဲ့နေရာမှာ၊ အခြေခံသီအိုရီ ကြေညက်ဖို့ လိုတယ်။ အခြေခံသီအိုရီကို လေ့လာတဲ့နေရာမှာ အဓိက ကျတာကတော့ နိုင်ငံရေးဒဿနိကဗေဒ (နိုင်ငံရေးအတွေးအခေါ်) ကို လေ့လာဖို့ လိုတယ်။ ဒါကို political philosophy လို့ ခေါ်တယ်။ political science ကို လေ့လာတဲ့နေရာမှာ political...

လှိုင်းနဲ့ လူငယ်

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ အပျိုး။ တချိန်တုန်းက စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တဲ့ ကျော်ဝင်းရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒီဆောင်းပါးကို ပြန်ဖတ်မိချိန်မှာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဆိုတာကို သတိချပ်စေချင်ပါတယ်။ (စတိုင်သစ်၊ ဧပြီ ၂၀၀၃) ဖြစ်ပါတယ်။ စိန်ခေါ်ကြသူများ စာအုပ်မှာ ပြန်လည်ဖော်ပြတာတွေ့ရတယ်။ လူငယ် အကြောင်းရေးထားတဲ့အပိုင်း။ ခေါင်းစဉ်က...

ပြည်သူ့ရေးရာမူဝါဒကျောင်းသား

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ ကျနော် ပညာသင်ဆုရပါပြီ။ ကနေဒါနိုင်ငံ၊ University of British Columbia (UBC) မှာ ပြည်သူ့ရေးရာမူဝါဒ နဲ့ ကမ္ဘာ့အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ကို တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ပြည်သူ့ရေးရာမူဝါဒ ကျောင်းသား ဖြစ်ဖို့ ၊ ကြုံပါပြီ။ တချိန်က နိုင်ငံရေးသိပ္ပံကျောင်းသားဖြစ်ခဲ့ဖို့၊...

*** [Public intellectual]

လူထုပညာတတ်ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာ ဘယ်လိုမျိုးလဲ။ [Public intellectual] ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာကို မြန်မာလို အနက်ပြန်ရမယ် ထင်ပါတယ်။ [Public intellectual] ဆိုတာ ပညာတတ် တစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လို ပညာတတ်မျိုးလဲဆိုတော့၊ လူထုပညာတတ် လို့ ပြောရမယ် ထင်ပါတယ်။ ဒီစကားလုံးက ကျနော့်အတွက်...

*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...

နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ကွ

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးစာပေတွေ လေ့လာဖတ်ရှုဆည်းပူးနေတဲ့ လူငယ်ချာတိတ်တွေကို ပြောချင်တယ်။ ခင်ဗျားတို့တတွေ နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ပါ။ နိုင်ငံရေးအဘိဓာန်လို့ ပြောတဲ့နေရာမှာလည်း တစ်အုပ်ကောင်းကိုင်ထားစရာ ရှားတယ်။ ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် အဘိဓာန်ကောင်းတွေ၊ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေ ရှိတယ်။ ဒါတွေကို သေချာစုစည်းပြီး ဂရုတစိုက်လေ့လာပါလို့ ပြောချင်တယ်။ သီအိုရီအားလုံးရဲ့ အခြေခံက စကားလုံးတွေပဲ။ ဒီနေရာမှာ အဓိကစကားလုံးတွေ (Key Words) တွေလို့ ပြောချင်တယ်။ ...

မနုဿဗေဒ

ကျနော့်ကို မနုဿဗေဒ ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တဲ့သူ ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာမှာ နာမည်ကြီး သမိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ယူဗောနော်ဟာရာရီ (Yuval Noah Harari) ဖြစ်ပါတယ်။ သူက အစ္စရေးနိုင်ငံသား။ ဂျူးလူမျိုး။ ဂျေရုစလင် ဟီးဗရူးတက္ကသိုလ်၊ သမိုင်းဌာနက ပါမောက္ခ။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှာ မွေးတယ်။ အင်္ဂလန်မှာ ရှိတဲ့...

ယဉ်ပါးနိုင်စွမ်း နှင့် မထိုးရသေးတဲ့ဂီယာတွေ

ဘဝမှာ အပြောင်းအလဲတစ်ခုကို လုပ်ဖို့၊ ကြံရွယ်တိုင်း ကျနော် လက်စွဲထားတဲ့ ဒဿနတစ်ခုဖြစ်တဲ့ “ကျနော်တို့ ဘဝမှာ မထိုးရသေးတဲ့ ဂီယာတွေ အများကြီး” ဆိုတဲ့ အဆိုအမိန့်က အမြဲတမ်းလိုလို သတိပေးနေတယ်။ ထိုနည်း လည်းကောင်း တစ်ခုခုကို အောင်မြင်အောင်လုပ်ဖို့အတွက် နည်းလမ်းရှာကြံရခက်ပြီး အကြပ်တွေ့နေရင်လည်း ဒီ ဒဿနကပဲ ကျနော် မတွေ့မိ၊ မသုံးမိသေးတဲ့ နည်းလမ်းတွေကို ဖော်ပြပေးခဲ့တယ်။ “ကျနော်တို့...

ကျောက်သုံးမျိုးနဲ့ လူသုံးမျိုး

တက္ကသိုလ်မှာ၊ ဘူမိဗေဒဘာသာရပ်ကို အရံဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ဖူးတယ်။ ဘူမိဗေဒဘာသရပ်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်ပါ။ သို့ပေမယ့် အင်ဂျင်နီယာမလုပ်တဲ့ ကျနော့်အနေနဲ့ လက်တွေ့ အသုံး မချနိုင်ခဲ့ဘူး။ ကျနော် စိတ်ဝင်စားတာ လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံ။ ထို့နောက် သမိုင်း။ သမိုင်းထဲကနေ လူ့အဖွဲ့အစည်း တွေအကြောင်း လေ့လာရင်း၊ စာရေးတဲ့ကောင် ဖြစ်လာတယ်။ ဘူမိဗေဒဘာသာရပ်ကို တက္ကသိုလ်ပထမနှစ်မှာပဲ စတင်တွေ့ထိမိတယ်။ မြောက်မြောက်မြားမြား မဟုတ်ပါဘူး။...

သုတေသနနည်းနာ

ဒေါက်တာသန်းထွန်း၊ သုတေသနထုံးစာအုပ်စျေးစာပေ၊ ပထမအကြိမ်၂၀၀၃ မေ။သမိုင်းသုတေသနရေးသားနည်း။ ဒေါက်တာသန်းထွန်းသည် သမိုင်းသုတေသနကို တစ်သက်လုံးလုပ်သွားခဲ့သူဖြစ်ပါသည်။ သူ့ကို လူအများက သမိုင်းပညာရှင်ဟု ခေါ်ကြသည်။ ဒေါက်တာသန်းထွန်းကတော့ သူ့ကိုယ်သူ “သမိုင်းပညာရှာ” ဟုသာ ခံယူသည်။ ပညာရှင် မဟုတ်။ ပညာရှာဖြစ်သည်။ ကျနော် စီးရီးလိုက်ဖတ်သည့် စာရေးဆရာ၊ ပညာရှင်တချို့၏ စာအုပ်များ ရှိ ပါသည်။ မောင်စူးစမ်း၊ ကျော်ဝင်း၊ ဒေါက်တာအောင်ခင်၊ ဒေါက်တာမြင့်ဇော်၊...