လူမှုပထဝီဝင်

မကြင်ဌေး၊ လူမှုရေးပထဝီဝင် အဘိဓာန် (အင်္ဂလိပ် - မြန်မာ)နန်းဒေဝီစာပေ၊ ပထမအကြိမ်။၂၀၁၁ ဒီဇင်ဘာ။ အဘိဓာန်ကို အညွှန်းရေးရကောင်းသလား…ဆိုပြီး မဝေဖန်စေချင်ပါ။ ကျနော် ရေးသားခဲ့သော အဘိဓာန်တချို့ ရှိပါသည်။ ကျော်ဝင်း၏ ကမ္ဘာလုံးစီးပွားရေးအဘိဓာန်၊ မောင်ဝံသ၏ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန် စသည့် စာအုပ်များဖြစ်ပါသည်။ ထိုနည်းလည်းကောင်း အဓိကဝေါဟာရများကို ရှင်းလင်းတင်ပြထားသည့်၊ ကျော်ဝင်း၏ အတောင်ပါသောစကားလုံးများ စာအုပ်ကိုလည်း အညွှန်းရေးဖူးပါသည်။ အညွှန်းဆိုကတည်းက ဖတ်စေချင်လို့၊...

တကယ့်ပညာရှင်

https://www.youtube.com/watch?v=_8kGEJ2fAKo&t=1s ပညာရှင်စရိုက်နဲ့ နိုင်ငံရေးသမားစရိုက် ဘာကွာသလဲဆိုတာ၊ ခဏ ခဏ သရုပ်ခွဲကြည့်မိတယ်။ တချို့ ပညာရှင်အကျင့်အကြံတွေ့ရတယ်။ ဒါပေမယ့် တကယ့်ပညာရှင်စစ်စစ် ဖြစ်မလာဘူး။ တချို့ နိုင်ငံရေးဝါသနာပါ တယ်။ ဒါပေမယ့် ပညာရှင်စစ်စစ် ဖြစ်လာတယ်။ နိုင်ငံရေးသမားနဲ့ ပညာရှင်တစ်ယောက်ရဲ့ မူလဗီဇတွေမှာ၊ ထပ်နေတဲ့ စရိုက်တွေ ရှိလိမ့်မယ်။ ဒါပေမယ့် တချို့နေရာတွေမှာ သွင်သွင်ကွဲပြားတာတွေ့ရတယ်။ အထင်အရှား ကွဲပြားတဲ့အချက် တချို့ကို...

ဗမာ့စိတ်ထား

Soul-of-Burma-by-Min-ThaytDownload “ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ”“ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ”“ဘုရားတောင် အမှီ ရှိမှ ပွင့်လို့ ရတာ”“ပါရမီဖြည့်ဖက်” ဆိုတဲ့ အသုံးအနှုန်း“အတ္တာဟိ အတ္တနော နာထော” ဗမာတွေဟာ ဗုဒ္ဓအဟောထဲက ပဋ္ဌာန်းကျမ်းလာ အယူအဆတွေကို နားလည်လက်ခံထားတာတွေ့ရပါတယ်။ အဲသည့်အထဲမှာ အတွေ့ရများတဲ့အချက်ကတော့ - အညမညသဘော ဖြစ်ပါတယ်။ မြန်မာစကားပုံမှာ “ရှဉ့်လည်း လျှောက်သာ...

မြန်မာတွေရဲ့ “ဒဿနစားသုံးမှုပုံစံ”

တန်ဖိုးတွေ အကြောင်း​ ပြောချင်ပါတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ “တန်ဖိုး” တရားတော်မှာ၊ “တန်ဖိုးသိမှ တန်ဖိုးရှိတာ” လို့ ဟောပါတယ်။ တန်ဖိုးသိဖို့ ဆိုတာ မလွယ်ပါ။ တန်ဖိုးသိဖို့ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဉာဏ်အလုပ်မလုပ်တဲ့လူ့အဖွဲ့အစည်းဟာ - တန်ဖိုး အမှန်ကို မသိနိုင်ပါ၊ ဉာဏ်အလုပ်လုပ်ဖို့ ပျင်းတဲ့ လူ့အဖွဲ့အစည်း ဟာ တန်ဖိုးအမှန်ကို နားမလည်နိုင်ပါ။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘာကို...

ဗမာ့စိတ်ထား

https://www.youtube.com/watch?v=KYGP7ogp34I ယုံမှတ်လို့ ပုံအပ်ချစ်မိပြီဆို အသည်းစွဲချစ်လုံးလုံး မုန်းလျားလျား ဗမာတွေဟာ ဥပါဒါန်အစွဲအလမ်းကြီးတတ်သူမျိုးတွေဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓသွန်သင်တဲ့ ဂတိ အစွဲအလမ်း (၄) မျိုးမှာ၊ ချစ်ရင်လည်း အချစ်ကြီး၊ မုန်းရင်လည်း အမုန်းကြီးတာကို တွေ့ရပါတယ်။ မြန်မာစကားမှာ - ချစ်လုံးလုံး မုန်းလျားလျား ဆိုတဲ့ စကား ရှိပါတယ်။ ချစ်ရင်လည်း ပုံပြီး ချစ်ပစ်လိုက်တယ်။ မျက်စိကို စုံမှိတ်၊...

တိုင်းပြည်တည်ဆောက်ရေး နည်းသစ်

တကယ်တော့ နည်းသစ်လို့တောင် ပြောလို့ မရပါ။ နည်းဟောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သိပ် ဂရုမမူ သတိမထား အပြော မများကြပါ။ တိုင်းပြည်တည်ဆောက်ရေးကို ပဋိညာဉ်တွေ၊ စာချုပ်တွေ၊ ကတိကဝတ်တွေ၊ သဘောတူညီမှုတွေနဲ့ နိုင်ငံရေးနည်းအားဖြင့် လုပ်ကြတာကလည်း တစ်ပိုင်း ဖြစ်ပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ နိုင်ငံရေးအရ မစွမ်းနိုင်မယ့် တိုင်းပြည်တည်ဆောက်ရေးကို ယဉ်ကျေးမှုအနုပညာအရ စွမ်းဆောင်နိုင်ဖို့ ဖြစ်ပါတယ်။  အမာနည်းအားဖြင့် မစွမ်းနိုင်မယ့်...

ဗမာ့စိတ်နေစိတ်ထား

ဗမာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ စိတ်နေစိတ်ထားလေးတွေကို ထပ်ပြီး တင်ပြချင်ပါသေးတယ်။ အဘိဓမ္မာလို ခန့်ငြားတဲ့စကားလုံးတွေမှာ ပျော် ဗမာတွေဟာ အဘိဓမ္မာကို သိပ်နှစ်ခြိုက်တတ်၊ သိပ်ခံတွင်းလိုက်တတ်တယ်လို့ - သမိုင်းပညာရှင် ဒေါက်တာ မောင်မောင်ကြီးက ဆိုပါတယ်။ အထူးသဖြင့်၊ စာလာပေလာ ကျမ်းဂန်လာလို့ ဆိုရင် အထင်ကြီးတတ်ကြတယ်။ တချိန်က ဗမာပြည်မှာ အဘိဓမ္မာငြင်းခုန်ပွဲတွေ သိပ်ခေတ်ထခဲ့ဖူးတယ်လို့ ဆိုတယ်။ တကယ်တော့ ဗမာတွေဟာ အဘိဓမ္မာနဲ့...

▄ ဗမာလေ့လာရေး

▣ (မြန်မာ့လူမှုနိုင်ငံရေးဓလေ့) ဒီနေရာမှာ ဝေါဟာရ စကာလုံး လေးလုံးကို တွေ့နိုင်တယ်။ (၁) မြန်မာ၊ (၂) လူမှု၊ (၃) နိုင်ငံရေး နဲ့ (၄) ဓလေ့။ ဒီစကားလုံးလေးလုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာတွေရဲ့ လူမှုနိုင်ငံရေးဓလေ့ကို လေ့လာဖြစ်အောင် ဒေါက်တာမောင်မောင်ကြီးရဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး (Burmese Political Value) ကျမ်းက စပြီး လှုပ်နိုးလိုက်တာဖြစ်ပါတယ်။ ဗမာ့နိုင်ငံရေးတန်ဖိုးတွေကို...

▄ ပါရမီစက်ဝန်း

အခုဖော်ပြထားတဲ့စက်ဝန်းကို - ပါရမီစက်ဝန်း လို့ နာမည်ပေးချင်တယ်။ စက်ဝန်းရဲ့ အလယ်တည့်တည့်မှာ - တစိုက်မတ်မတ် ဆိုတဲ့ စကားလုံးကို တွေ့ပါလိမ့်မယ်။ တစိုက်မတ်မတ် လုပ်ခြင်း ဆိုတာ ပါရမီဖြစ်ခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်။ တစိုက်မတ်မတ် လုပ်ခြင်းဆိုတာ ဇွဲနပဲနဲ့ ထပ်ခါထပ်ခါ လုပ်ခြင်း၊ ကြိမ်ဖန်များစွာ လုပ်ခြင်း၊ ထပ်ဖန်တလဲလဲ ဖြည့်ကျင့်နေခြင်း၊ ဆည်းပူးနေခြင်း၊ လေ့ကျင့်နေခြင်း စတဲ့အနက်သဘောတွေ ပါဝင်ပါတယ်။...

လူ့စရိုက်အခြေခံသဘောတရား

“ငါ ဘယ်သူလဲ”ဆရာတော် ဦးဇောတိက ၊ ထက်ထက်ထွန်းရေတံခွန်စာပေ၊ ၂၀၂၀၊ ပထမအကြိမ်။(မှီငြမ်း) Enneagram by Don Richard Riso “ငါ ဘယ်သူလဲ” စာအုပ်ကို စ,ထွက်ထွက်ချင်းပဲ လက်ရဝယ်ပါတယ်။ ဦးဇောတိက စာအုပ်တွေကို ကြိုက်တယ်။ ဆရာတော့်ရဲ့ စာအုပ်အားလုံးကို ပိုက်စိပ်တိုက်ဖတ်ခဲ့ပါတယ်၊ ဖတ်နေပါတယ်၊ ဖတ်ပါအုံးမယ်။ ၂၀၁၈ ခုနှစ်လောက်က၊ (ဆရာ) ဒေါက်တာ အောင်မြင့်နဲ့...