သုတေသနဖန်ပြား

‘သုတေသနဖန်ပြား’ ဆိုသော စကားလုံးသည် ကျနော့် အသုံး မဟုတ်ပါ။ လေးစားရသော ဆရာကျော်ဝင်း၏ စကားလုံးဖြစ်ပါသည်။ မိုးဂျာနယ်မှာ ရေးခဲ့သော စာများကို ဖတ်ရင်း၊ ရင်းနှီးခဲ့ရသော စကားလုံးဖြစ်သည်။ ပညာကို သုတေသနဖြင့်ယှဉ်၍ ဖွင့်ဆိုကြသည်။ သုတေသနဟု ပြောလျှင်ပင်၊ ပညာဟု အနက်သဘော ညွှန်း ဆိုရာ ရောက်သည်။ သုတေသနသည်ပင် ပညာ၏ သင်္ကေတတစ်ခုလိုဖြစ်နေသည်။ မိုက်ခရိုစကုပ် မှန်ပြောင်းအောက်တွင်၊...

တို့ . . . မြန်မာတွေ

Academic Weekly Educational Journal Vol.8, No.26 11.7.2019 မြန်မာ့လူ့အဖွဲ့အစည်းကို အမြဲတမ်းလိုလို သတိထားအကဲခတ်မိတယ်။ တို့ မြန်မာတွေကို ပျင်းတယ်လို့ ပြောကြတယ်။ ဒါဟာ အားလုံးမမှန်ကန်ဘူးလို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ တစ်နေကုန် ကုန်းရုန်းပြီး အလုပ်ကို သဲကြီးမဲကြီးလုပ်နေတဲ့ မြန်မာတွေကို တွေ့နေရလို့ဖြစ်ပါတယ်။ ပြီးတော့ သူများ အိပ်ချိန်မှာ မအိပ်နိုင်ဘဲ ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်နေကြတဲ့...

နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း

စာတမ်းအကျဉ်းချုပ် ဤစာတမ်းသည် နည်းပညာတက္ကသိုလ်(မန္တလေး)ရှိ၊ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြု၍ ကျောင်းသား၊ ကျောင်းသူများဘက်မှ လိုလားသော ပညာရေးပြုပြင်ပြောင်းလဲမှုကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် ဝန်ကြီး(၁) ယောက် အပြောင်းအလဲရှိတိုင်း နည်းပညာတက္ကသိုလ်များ၏ ပညာရေးစနစ် အပြောင်းအလဲနှင့် ကြုံတွေ့ရသည်ဖြစ်၍ အဆိုပါ ပုံစံမျိုးကို ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရန် တိကျခိုင်မာ၍ အမြော်အမြင်ရှိရှိ ရေးဆွဲအကောင်အထည်ဖော်သည့် နည်းပညာ...

သင်ကြားရေးအလုပ်

သင်ကြားရေးအလုပ် ၊ ကျောင်းဆရာ အလုပ်ကို လုပ်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ရေးသားပါတယ်။ မြန်မာပြည် ပညာရေးစနစ်ဟာ ၊ ဆင်ခြင်တုံတရားကို ဦးစားပေးတဲ့ ၊ ဝေဖန်ဆန်းစစ် ပိုင်းခြားစဉ်းစားခြင်းကို အားပေးတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ သင်ကြားရေးအလုပ်ကို လုပ်နေတဲ့ ကျောင်းဆရာတွေ ကိုယ်တိုင် ဖွင့်ထားသောစိတ်နဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အားထုတ်နိုင်ကြပါစေ။ မင်းသေ့ သင်ကြားရေးအလုပ်ကို ကျနော်...

ပညာတတ်ကိစ္စ

မြန်မာပြည်က နိုင်ငံတည်ဆောက်ရေးကို သွားနေရတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်ချက် တွေ ရှိတယ်။ အရေးအကြီးဆုံး လိုအပ်တာကတော့ လူ။ ပညာတတ်တဲ့လူ။ ပညာတတ်ရှိမှ နိုင်ငံတည်ဆောက် ရေးကို သွားလို့ရမယ်။ ပညာမတတ်တဲ့လူတွေနဲ့ ဒီမိုကရေစီကိုလည်း သွားလို့ မရဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်အောင်လည်း မလုပ်နိုင်ဘူး။ ပညာမတတ်တဲ့လူတွေရဲ့လက်ထဲကို ဒီမိုကရေစီစနစ် ထည့်ပေးလိုက်တာ သိပ်ကို အန္တရာယ်ကြီးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆိုတာလည်း သယံဇာတကို...

က သုံးလုံးနှင့် ချိနဲ့ လူ့အဖွဲ့အစည်း

ဖွံ့ဖြိုးမှုဗေဒမှာ Action and Reflection လို့ ပြောတယ်။ ဖွံ့ဖြိုးချင်ရင်၊ တိုးတက်ချင်ရင် ရိုးရှင်းတဲ့နည်းလမ်း ရှိ ပါတယ်။ Action and Reflection ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ၊ လုပ်ပါ။ ပြန်သုံးသပ်ပါ။ ပြန်သုံးသပ်ပြီး ထပ်လုပ်ပါ။ ‘က’ သုံံးဆိုတာကို နိုင်ငံရေးစာပေတွေ ဖတ်ရင်း သိလာတယ်။ ကွန်မြူနစ်စာပေတွေထဲက ပါတာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး...

ကျေးလက်တောရွာက ဆရာ ဆရာမတွေ…

ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ...

စာသင်ခန်း ဆိုတာ……

• စာသင်ခန်းဟာ ဝါဒဖြန့်ချိရေးအခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ တရားသေဝါဒကို အုတ်မြစ်ချပေးတဲ့နေရာ မဟုတ်ဘူး။ • စာသင်ခန်းဟာ ငါတကောကောသူရဲ့ အင်ပါယာ မဟုတ်ဘူး။ • စာသင်ခန်း ဟာ ပြဌာန်းစာအုပ်မှာ တင် လမ်းဆုံးနေတဲ့ ဘူတာ မဟုတ်ဘူး။ • စာသင်ခန်းဟာ အဖြေတစ်ခုတည်းအတွက် သီးသန့်အခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ အာဂုံရွတ်ဆိုတဲ့...

သုတေသနဓာတ်ခံ

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ပါ။ ကျနော်တို့ ပညာအသိုက်အဝန်းကို ကြည့်ပါ။ ကျနော်တို့ရဲ့ ပြုမူ လုပ်ကိုင်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ တွေးခေါ်ချည်းကပ်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ ဘယ်လောက် စနစ်တကျ လုပ်ကိုင်တတ်ပြီလဲ။ ကျနော်တို့ဟာ အချက်အလက်အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တတ်ပြီလား။ သို့မဟုတ် စိတ်ထဲမှာ ကောင်းနိုးရာရာ ထင်တာကို လုပ်နေဆဲပဲလား။ တကယ့်ပြဿနာဆိုတာ ဘာမှန်းမသိဘဲ၊ အခြေခံယေဘုယျ ထင်မြင်ချက်နဲ့...