စာပေအနုပညာဖန်တီးရှင်နှင့်အတူ

တချို့က အဆင်းလှ တချို့က အဆင်းမလှ အမှတ်မရှိ ၊ လမ်းမရှိ ၊ ကီလီဗောတံတား အားလုံး ငြိမ်ပါ မီးစုံဖွင့်မယ် အိပ်နေရင် ည ၊ နိုးနေရင် နေ့ သောက်တော့ ဒူးယား နေတော့ ချုံကြား ဝတ်တော့ မလေးရှား ခေါင်းမော့လိုက်တော့မင်း ၊ ခေါင်းငုံ့လိုက်တော့ သူ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့...

ပြည်သူ့ရေးရာမူဝါဒကျောင်းသား

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ ကျနော် ပညာသင်ဆုရပါပြီ။ ကနေဒါနိုင်ငံ၊ University of British Columbia (UBC) မှာ ပြည်သူ့ရေးရာမူဝါဒ နဲ့ ကမ္ဘာ့အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ကို တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ပြည်သူ့ရေးရာမူဝါဒ ကျောင်းသား ဖြစ်ဖို့ ၊ ကြုံပါပြီ။ တချိန်က နိုင်ငံရေးသိပ္ပံကျောင်းသားဖြစ်ခဲ့ဖို့၊...

*** [Ignorance is a Crime]

[Ignorance is a Crime] တဲ့…။ ဒီစာကို ဖတ်ဖူးတာ ကြာပါပြီ။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက၊ ဒီစာကို စိတ်ထဲမှာ စွဲနေတာ။ [Ignorance is a Crime] [Ignorance is a Crime] အစက ဒါကို သိပ်နားမလည်ပါဘူး။ နောက်တော့ တဖြည်းဖြည်းနားလည်လာသလို ရှိတယ်။ ဒါပေမယ့် အခုတော့...

အမှီအခိုကင်းအောင် လုပ်ပေးလိုက်ပါ

⦿ သူ့ဟာသူ တတ်နိုင်တဲ့ကိစ္စမှာ ကိုယ်က ဝင်ပြီး လုပ်ပေးနေတာထက် သူတစ်ပါးပေါ် မှီခိုမှု မရှိဘဲ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ ဖြစ်လာအောင် အထောက်အကူပြုတာက ပိုပြီး ချစ်ရာရောက်ပါတယ်။ ဒီစာဟာ — ဆရာတော် ဦးဇောတိကရဲ့ မေတ္တာတရား (လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ) စာအုပ်၊ စာမျက်နှာ ၂၃ က ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကျနော့်အထင် ဒီစာအုပ်ဟာ — ချစ်တတ်တဲ့လူ...

စာအုပ်လက်ဆောင်

စာသမားက စာအုပ်လက်ဆောင်ရရင်၊ ပျော်တယ်။ ဆယ်ကျော်သက်အရွယ်တုန်းက မှတ်မိသေးတယ်။ စာအုပ်များများ စားစား ဝယ်မဖတ်နိုင်ဘူး။ အကန့်အသတ် ရှိတယ်။ ဒါ့ကြောင့် ရှိတဲ့ စာအုပ်ကိုပဲ ကြေအောင် ဖတ်ခဲ့ရတယ်။ မှတ်မှတ်ရရ…၊ စိတ်ပညာပဒေသာ ဆိုတဲ့ စာအုပ်။ စိတ်ပညာသုတေသနဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်။ အဲသည့်ကနေ စပြီးတော့ စိတ်အကြောင်းကို စိတ်ဝင်စားခဲ့တယ်။ သိပ္ပံနည်းကျစိတ်ပညာကို တို့မြည်းပြီး နောက်ပိုင်း ၊...

⦿ အခြေအနေရဲ့ စေစားခံ မဖြစ်စေနဲ့

တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အလုပ်ကို လုပ်နေစမ်းပါ။ အခြေအနေတွေ ပြောင်းသွားတိုင်း ဘဝက လိုက်ပြောင်းတာမျိုး မဖြစ်စေရဘူး။ ဒါဆိုရင် သေချာတယ်၊ အခြေအနေက ကိုယ့်ကို လွှမ်းမိုးနေပြီ။ အခြေအနေက ကိုယ့်ကို ပြဋ္ဌာန်းနေပြီ။ အခြေအနေရဲ့ အပြဋ္ဌာန်းခံဘဝကို ရောက်နေပြီဆိုကတည်းက ကိုယ်က အခြေအနေရဲ့ အစေစားခံဖြစ်နေတယ်။ အခြေအနေကို ကိုယ်က မပြုပြင်နိုင်ဘူး၊ မစီရင်နိုင်ဘူး၊ မဖန်တီးနိုင်ဘူးဆိုတဲ့သဘောဖြစ်နေတယ်။ လူဟာ အခြေအနေကို ဖန်တီးနိုင်ရမယ်။...

⦿ ဒုတိယမျက်နှာ – (ဝတ္ထုတို)

ပြေးလွှားနေတဲ့ ဘီးလုံးတွေကြားမှာ၊ ကျနော်ဟာ ဘီးဂွေတစ်ခုလို။ လေပွေတွေကြားထဲမှာ ကျနော်ဟာ သစ်ရွက်ခြောက်လို။ ခုန်ပေါက်နေတဲ့ ကလပ်ထဲမှာ အနင်းခံရတဲ့ ဖိနပ်လို။ အဲဒါဟာ ဘယ်လို ခံစားရမလဲ ကြည့်။ ကျနော်ကတော့ မခံစားချင်ပါဘူး။ ခံစားချက်မဲ့တာ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ဟာ ခံစားချက်နဲ့ စာတွေကို ရေးတာပဲ။ ကျနော်က ဆောင်းပါးတွေ ရေးတယ်။ သူများတကာတွေက ထင်လိမ့်မယ်။...

ကျန်ရစ်ငှက်

ဒီနေ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ ပြောရင်း ကျနော် ပြောဖြစ်ခဲ့တဲ့ စကားလေး တစ်ခု။  အခုအချိန်မှာတော့ကွာ….၊ မြင့်မြင့်ပျံဖို့တော့ မကြိုးစားတော့ပါဘူး။ ဝေးဝေးပျံဖို့နဲ့ လွတ်လွတ်လပ်လပ် ပျံ့နိုင်ဖို့၊ အချိန်ကြာကြာပျံသန်းနိုင်ဖို့ပဲ ကြိုးစားတော့တယ်… လို့။  လွတ်လပ်သောစိတ် — စာအုပ်ကို ပြန်သတိရမိပြန်တယ်။ စိတ်ရဲ့ လွတ်လပ်ခြင်း နဲ့ ဘဝဖြစ်တည်မှုရဲ့ လွတ်လပ် ခြင်း။ ကျနော့်ရဲ့...

ကျော်ဝင်း နဲ့ မင်းသေ့

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက – အဝေးက မိတ်ဆွေတစ်ယောက်က မန္တလေးမှာ၊ စာအုပ်တွေ ရှာရင်း ဖွေရင်း – ကျော်ဝင်း နဲ့ မင်းသေ့ ကို တွဲပြီး မြင်လိုက် တွေ့လိုက်ရလို့ “ကျက်သရေရှိလိုက်တဲ့ ဖြစ်ခြင်း” လို့ သုံးနှုန်းပြီး၊ ချီးမွှမ်းခန်းတဲ့ စကားလေး လှမ်းပို့တယ်။ ပြီးတော့ စာအုပ်ပုံကိုလည်း လှမ်းပို့လိုက်သေးတယ်။  စာဖတ်သမားတွေထဲမှာ ကျနော့်ကို မင်းသေ့ရဲ့...

အဟောသိကံ မဖြစ်ပါဘူး

ကျနော် ကြိုးစားအားထုတ်သမျှသော အရာတွေနဲ့ပတ်သက်ရင်၊ ကျနော် အမြဲတမ်းလိုလို နှလုံးသွင်းပြီးလုပ်လေ့ ရှိတဲ့ အကျင့်လေး တစ်ခုရှိတယ်။ အဲဒါကတော့ — “ငါ အားထုတ်သမျှအရာတွေက အဟောသိကံတော့ ဖြစ်သွားမှာ မဟုတ်ဘူး” ဆိုတဲ့ အချက်ပါပဲ။ ငါအားထုတ်သမျှ ငါ လုပ်ကိုင်သမျှအရာတွေဟာ တနည်းနည်းနဲ့ တော့ အကျိုးပေးလိမ့်မယ်လို့ ကျနော့်မှာ ယုံကြည်ထက်သန်တဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ကောင်းသော အကြောင်းတရားတွေကို လုပ်တဲ့အခါ၊...