မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း

မြန်မာ့တပ်မတော်ထဲက “ပညာသည်တပ်” များ၏ အကျပ်အတည်းလို့ ပြောရမယ် ထင်တယ်။ ၁။ ဒီနေရာမှာ “အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံက အခုလို ဖြစ်ပါတယ်။ • မုံရွာမြို့ရှိ နေအိမ်သို့ပြန်လာသော မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းအား စက်တင်ဘာလ (၄) ရက်နေ့၊ မနက်...

ဒီ/ချုပ် သရုပ်ခွဲ

လတ်တလော ဒီ/ချုပ်  သို့မဟုတ် ဒီ/ချုပ် သရုပ်ခွဲ ဆောင်းပါးအကျဉ်းချုပ်။။ ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး ၂ နှစ်ကျော် ၃ နှစ်အတွင်း ရောက်လာချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ဆဲ ဖြစ်တည်မှုကို ယေဘုယျရှုမြင်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဒီဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ NLD ] ကို ဒီ/ချုပ် လို့ အတိုကောက် သုံးစွဲပါ့မယ်။...

ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit] ၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။...

*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...

ရယ်ဒီကယ် [radical]

နိုင်ငံရေးမှာ၊ ရယ်ဒီကယ် [radical] ဆိုတဲ့ စကားလုံးကို ခဏ ခဏ တွေ့ဖူး ကြားဖူးမှာပါ။ ဘာကို ဆိုလိုတာလဲ။ ဒီစကားလုံးက အင်္ဂလိပ်ဝေါဟာရကို တိုက်ရိုက် မြန်မာအသံ ဖလှယ်ထားတာဖြစ်ပါတယ်။ မြန်မာလို အနက်ပြန်ရရင် [အလွန်အကျူး] [အလွန်အကျွံ] လို့ အနက်ထွက်တယ်။ ဒါကိုပဲ [အစွန်းရောက်] လို့ အနက်ပြန် ကြတာ ရှိတယ်။ တစ်ခုခုကို အလွန်အကျွံ...

⦿ မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေးအထာ

မနေ့က ကျနော့် အစ်ကိုနဲ့ စကားပြောရင်း၊ တချို့ ပြောဖြစ်တဲ့ စကားတွေ ရှိတယ်။ တချို့က ထင်နေကြတယ်။ ဒီပွဲကို အနိုင် / အရှုံးရယ်လို့ သိပ်ပြောကြတာပဲ။ ကျနော်ကတော့ သူ့ကို ပြောတယ်။ ဒါက လက်ဝှေ့ပွဲလို မဟုတ်ဘူး။ ဒီတော့ အနိုင် အရှုံးရယ်လို့ ပြောလို့ မရဘူး။ ဘယ်သူ့ ဘယ်လို အားသာလာသလဲ၊ ဘယ်သူက...

အလွန် အင်မတန် လိုအပ်နေပါတယ်

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးဗေဒ လေ့လာဆည်းပူးနေသူ လူငယ်များအတွက် လက်တွေ့ ကာယကံမြောက်စွာ ဖြစ်ဖြစ်မြောက်မြောက် ဖေးမကူညီနိုင်မယ့် ဒေါင်းဒေါင်းပြေး သိနားလည်ထားသော ဆရာ့ ဆရာကြီးများ အလွန် အင်မတန် လိုအပ်နေပါတယ်။  ကျနော့်ဆီကို မကြာခဏဆိုသလို အနယ်နယ်အရပ်ရပ် ဒေသအသီးသီး အလွှာအသီးသီးက လူငယ်အတော်များ များက နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာရမယ့် အကြောင်းအရာတွေ၊ ဖတ်ရမယ့် စာအုပ်တွေ၊ သူတို့ သိနားလည် ချင်တဲ့...

နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ကွ

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးစာပေတွေ လေ့လာဖတ်ရှုဆည်းပူးနေတဲ့ လူငယ်ချာတိတ်တွေကို ပြောချင်တယ်။ ခင်ဗျားတို့တတွေ နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ပါ။ နိုင်ငံရေးအဘိဓာန်လို့ ပြောတဲ့နေရာမှာလည်း တစ်အုပ်ကောင်းကိုင်ထားစရာ ရှားတယ်။ ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် အဘိဓာန်ကောင်းတွေ၊ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေ ရှိတယ်။ ဒါတွေကို သေချာစုစည်းပြီး ဂရုတစိုက်လေ့လာပါလို့ ပြောချင်တယ်။ သီအိုရီအားလုံးရဲ့ အခြေခံက စကားလုံးတွေပဲ။ ဒီနေရာမှာ အဓိကစကားလုံးတွေ (Key Words) တွေလို့ ပြောချင်တယ်။ ...