နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။ “စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင်...

နိုင်ငံရေးပြဿနာနှင့် ကျောက်ချထားသောအမြင်

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မှ ဖြေရှင်းလို့ရမယ်” ဆိုတဲ့ စကားမျိုးကို၊ နိုင်ငံရေးသမားတွေရဲ့ လေသံတွေ ထဲမှာ အတော်များများ ကြားရဖူးတဲ့ကာလတစ်ခု ရှိခဲ့ပါတယ်။ အခုလည်း ကြားသင့်သလောက် ကြားနေရတာပါပဲ။ ဒါဟာ “မှားသလား” ဆိုရင် “မမှားပါဘူး”။ သို့သော် အပြည့်အဝတော့ မှန်ကန်နေတာ မဟုတ်ဘူး။ နိုင်ငံရေးသမား တွေဟာ နိုင်ငံရေးအားသန်ကြတာမို့၊ နိုင်ငံရေးမှာ လက်နက်နည်းပါလာမှာကို စိုးရိမ်ဟန်တူတယ်။ နိုင်ငံရေး ပြဿနာကို...

ဆောင်းပါးရှည်များ စုစည်းမှု (PDF Free Download)

Armed-Struggle-by-Min-ThaytDownload Ethnic-Leaders-Open-Letter-Download Ye-Htuts-Book-review-by-Min-ThaytDownload Two-Factors-of-CHINA-by-Min-ThaytDownload Tatmadaw-and-Burmese-Nationalism-by-Min-Thayt-1Download Road-to-Development-in-China-by-Min-ThaytDownload Rakhines-Nationalism-by-Min-ThaytDownload Open-Letter-by-Min-ThaytDownload New-Map-of-Burma-by-Min-ThaytDownload Min-Thayt-Case-Study-of-Comparative-Politics-Military-Coup-7-Nov-2021Download China-approach-on-Myanmar-Spring-by-Min-ThaytDownload China-Myanmar-Comparative-article-by-Min-ThaytDownload Aung-San-Suu-Kyi-as-Symbolism-by-Min-ThaytDownload Araken-Dream-by-Min-ThaytDownload Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022-1Download Yangon-Government-to-Naypyidaw-by-Min-ThaytDownload Kyaw-Wins-Books-List-by-Min-ThaytDownload

အမျိုးသားရေးဝါဒ နှင့် မဟာလူမျိုးကြီးစိတ်

အမျိုးသားရေးဝါဒရဲ့ အနက်သဘောက ဘာလဲ။ အမျိုးသားရေးဝါဒဟာ - မျိုးနွယ်တူ၊ ဘာသာစကားတူ၊ ဓလေ့ယဉ်ကျေးမှုတူ စတာတွေအပေါ်မှာ အခြေခံပြီး နိုင်ငံရေးအရ သိုင်းဝိုင်းတည်ဆောက်ထားတဲ့ အုပ်စုဖြစ်တယ်။ သွေးတူမှ တို့အမျိုးဖြစ်တယ်။ ဘာသာစကားတူမှ တို့အမျိုးဖြစ်တယ်။ ဓလေ့ယဉ်ကျေးမှုတူမှ တို့အမျိုးဖြစ်တယ်လို့ ခံယူတယ်။ ဒီနေရာမှာ ဘာသာရေး (ကိုးကွယ် ယုံကြည်မှု)နဲ့ပတ်သက်ပြီး တူဖို့လည်း လိုတယ်လို့ ပြင်းပြင်းထန်ထန် ခံယူတဲ့၊ အမျိုးသားရေးဝါဒီတွေလည်း ရှိသေး...

ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

ဗဟိုဦးစီးစနစ်မှသည် ဗဟိုဦးစီးစနစ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍကြီးမားသကဲ့သို့ တင်းကျပ်၍ ရှည်လျားသောချုပ်ကိုင်ရေး လက်တံများလည်း ရှိသည်။ဗဟိုဦးစီးစနစ်ကို၊ အာဏာရှင်နိုင်ငံများနှင့် စပ်ကြားအစိုးရစနစ်များတွင် တွေ့ရလေ့ရှိသည်။အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဟူသော အာဏာခွဲဝေထားခြင်း မရှိတတ်ချေ။ဗဟို၌အာဏာခွဲဝေကျင့်သုံးမှုရှင်နေလျှင်လည်း၊ များသောအားဖြင့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိတတ်သည်။ပြည်နယ်အစိုးရအဖွဲ့ရယ်လို့ မရှိ။ အကယ်၍ ပြည်နယ်အစိုးရအဖြစ် နာမည်တပ်ဖွဲ့စည်းထားလျှင်လည်း၊ လွတ်လပ်သောလုပ်ပိုင်ခွင့် မရှိ။ အခန်းကဏ္ဍတိုင်းကို ဗဟိုအစိုးရတစ်ရပ်တည်းကသာလျှင်၊ ဦးစီးချုပ်ကိုင်ထားသည်။ပြည်နယ်အစိုးရများသည်၊...

နိုင်ငံရေးအကွဲအပြဲ

ဂါးဒီးယန်းဦးစိန်ဝင်း၊ အကွဲအပြဲဇာတ်လမ်းတကောင်းစာပေ၊ ပထမအကြိမ်။၂၀၀၉ နိုဝင်ဘာ။ လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာရာတွင် မဖြစ်မနေဖတ်သင့်သော စာအုပ်ဟု ယူဆပါ သည်။ ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံ့ခေါင်းဆောင်များအကြား နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းကို ရေးသားတင်ပြ ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ပို၍ တိတိကျကျ ပြောရလျှင် ပါလီမန်ဒီမိုကရေစီခေတ်၊ ဖဆပလအစိုးရ အဖွဲ့ခေါင်းဆောင်များအကြား အာဏာအားပြိုင်လွန်ဆွဲပွဲဟု ပြောလျှင် ရနိုင်ပါသည်။ ဖဆပလအစိုးရ (တနည်း) အာဏာရပါတီ ဖဆပလအဖွဲ့ချုပ်အတွင်းက...

အဆုံးသတ်တိုက်ပွဲကို မျှော်ကြည့်ခြင်း

တော်လှန်ရေးကာလကိုလည်း စိုးရိမ်တယ်။ တော်လှန်ရေးလွန်ကာလရောက်ခဲ့သည်ရှိသော်၊ တော်လှန်ရေးအလွန် ကာလကိုလည်း စိုးရိမ်တယ်။ ဘာလို့ စိုးရိမ်တာတွေချည်းပဲ ရေးတာလဲ၊ ပြောတာလဲ။ အပျက်သဘောလား။ မဟုတ်ပါ။ တော်လှန်ရေးတောင် အောင်အောင် မနည်းလုပ်နေရတာ တော်လှန်ရေးလွန် ကာလကို တွေးပြီး စိတ်ပူနေမိသေးတယ်၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာ လိုမျိုး ဖြစ်နေပြီ။ မဟုတ်ပါ။ မဟုတ်ပါ။ တတ်နိုင်သရွေ့ အခင်းအကျင်းတွေကို...

တိုင်းပြည်တည်ဆောက်ရေး နည်းသစ်

တကယ်တော့ နည်းသစ်လို့တောင် ပြောလို့ မရပါ။ နည်းဟောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သိပ် ဂရုမမူ သတိမထား အပြော မများကြပါ။ တိုင်းပြည်တည်ဆောက်ရေးကို ပဋိညာဉ်တွေ၊ စာချုပ်တွေ၊ ကတိကဝတ်တွေ၊ သဘောတူညီမှုတွေနဲ့ နိုင်ငံရေးနည်းအားဖြင့် လုပ်ကြတာကလည်း တစ်ပိုင်း ဖြစ်ပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ နိုင်ငံရေးအရ မစွမ်းနိုင်မယ့် တိုင်းပြည်တည်ဆောက်ရေးကို ယဉ်ကျေးမှုအနုပညာအရ စွမ်းဆောင်နိုင်ဖို့ ဖြစ်ပါတယ်။  အမာနည်းအားဖြင့် မစွမ်းနိုင်မယ့်...

နိုင်ငံရေးဥပါဒါန်အစွဲ

မြန်မာ့နိုင်ငံရေးဓလေ့ကို ဆန်းစစ်တဲ့အခါမှာ၊ လူထုရဲ့နိုင်ငံရေးစိတ်ကို သရုပ်ခွဲလေ့လာရမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ - မြန်မာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ အတော်များများ ဖြစ်ပျက်နေတာကို တွေ့မြင်နေရတဲ့ကိစ္စကို ပြောချင် ပါတယ်။ နိုင်ငံရေးအစွဲအလမ်းတွေ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးဥပါဒါန်အစွဲတွေလို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအစွဲအလမ်းစိတ်တွေကို သရုပ်ခွဲကြည့်ရင် ဆင်တူကြောင်းကွဲတွေ အတော်များများတွေ့ရပါတယ်။ မြန်မာတွေရဲ့စိတ်ထဲမှာ မသဲမကွဲဘဲ ရောထွေးတည်ရှိနေတဲ့နိုင်ငံရေးစိတ်အခံတွေ လို့...

နောက်ကြောင်းပြန်အရေး သတိပေးချက်

ကျော်ဝင်းဟာ ဘယ်လိုအရာတွေကို ဇောင်းပေးပြောခဲ့ပါသလဲ။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ ထပ်လဲလဲ ရေးသားသတိပေးခဲ့တာတွေ့ရပါတယ်။...