စာမရေးဆရာ

★ စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ်...

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဗျူဟာ

ငြိမ်းချမ်းရေးဆိုတာ တကယ် မရှိဘူး။စစ်တိုက်နေတဲ့ ကာလနဲ့စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ကာလပဲ ရှိသတဲ့….။အကယ်၍ ငြိမ်းချမ်းတဲ့ကာလလို့ သတ်မှတ်ရင်တောင်၊အဲဒါဟာ စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ ကာလထဲက အတန်ငယ်ငြိမ်သက်နေတဲ့ ကြားကာလလေးတစ်ခု သက်သက်ကိုသာ ပြောတာဖြစ်လိမ့်မတဲ့….။ စကားလုံးတော့ အတိအကျ မဟုတ်ပါ။ ကျနော် ဖတ်ဖူးခဲ့တာတွေထဲက အစဆွဲမိတဲ့ အကျအန​လေး တချို့ဖြစ်ပါ တယ်။ အစ ပထမဆုံးက ဒီသဘောကို သိပ်နားမလည်ခဲ့ပါဘူး။ သို့သော်လည်း သမိုင်းစဉ်ကို...

မြန်မာစစ်တပ်၏ လားရာ

★ လူမိုက်သည် မိမိပြုသော မကောင်းမှု အကျိုးမပေးသေးသမျှ ကာလပတ်လုံး မကောင်းမှုကို နှစ်သက် ဝမ်းမြောက်စွာ ပျားသကာကဲ့သို့ မှတ်ထင်၏။ (ဓမ္မပဒ၊ အခန်း ၅ အပိုဒ် ၆၉ ၊ အရှင်သေဌိလ) လတ်တလောပြီးစီးခဲ့တဲ့ (၁၀) နှစ်တာကာလအပိုင်းအခြားကို ကြည့်ရင်၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အုပ်စုစွဲစိတ်နဲ့ ဂိုဏ်းဂဏစိတ် အစွန်းတွေတွေ့ခဲ့ရပါတယ်။ အရပ်စကားနဲ့ ပြောကြရင် တပ်အင်စတီကျူးရှင်းပေါ်မှာ အုပ်စုစွဲစိတ်...

လက်ကြောတင်းပါစေ

★ အသက်ငယ်ရွယ်စဉ်မှာပဲ၊ အလုပ်လုပ်တာနဲ့ပတ်သက်ပြီး ခေါင်ထဲမှာ သံမှိုစွဲသလို စွဲဝင်နေတဲ့ စကားလုံးတစ်လုံး ရှိခဲ့ပါတယ်။ အဲသည့်စကားလုံးက “လက်ကြောတင်းအောင် လုပ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ငယ်စဉ်မှာ အိမ်မှာ အိမ်မှုကိစ္စထက် ပိုလွန်တဲ့ အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ အရွယ်နဲ့မလိုက်အောင် ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ခဲ့ ရတော့၊ “ငါဟာ သူများတွေလောက် ကံမကောင်းဘူး” လို့ ခံစားခဲ့ရဖူးပါတယ်။ သို့သော်လည်း...

ဆင်စွယ်နန်းပေါ်က ပညာတတ်

★ ကျနော် အခုရေးသားတဲ့ ဆောင်းပါးဟာ၊ လက်ဝဲဒဿနကနေ ဆင်းသက်တဲ့ အယူအဆလို့ မထင်မှတ်စေလို။ လူ့အဖွဲ့အစည်းကို တကယ်အကျိုးပြုဖို့အတွက် လက်တွေ့ကျသော ချည်းကပ်မှု လို့ နားလည်ပေးစေလိုပါတယ်။ အကန့်အသတ်တွေ မြန်မာပြည်မှာ ပညာတတ်အရေအတွက်ဟာ နည်းပါးလွန်းတဲ့ ပမာဏမှာ မရှိပါဘူး။ တစုံတရာ ပညာတတ် အဆင့် အတန်း ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ သို့သော်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေဟာ...

နိုင်ငံရေးမစ္ဆရိယစိတ်

★ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ လိုသည်ထက် ပိုနေပါတယ်။ ဘာလို့ လိုသည် ထက် ပိုနေရသလဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးပြဿနာတွေ ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုတဲ့ အပိုဆာဒါးတွေလည်း တွေ့နေရပါတယ်။ ဒါတွေဟာ ဘာ့ကြောင့် ဖြစ်ရပါသလဲ။ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ ဆိုင်မယ် ထင်ပါတယ်။ ဓလေ့ဆိုတာ တစ်ဦးချင်းစိတ်သဘာဝတွေကို ပေါင်းစုထားတဲ့ အပေါင်းအစုဖြစ်ပါတယ်။ နိုင်ငံရေး ဓလေ့ဆိုတာ နိုင်ငံရေးနယ်ပယ်က...