ဖက်ဒရယ်အတွက် ကြိုပြင်ရမယ့် ပထဝီစီးပွားရေး

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုပြင်ရမယ့်ကိစ္စတွေ အတော်များများ ရှိနေပါတယ်။ သို့သော်လည်း လောလောဆယ်အားဖြင့် ကျနော် သတိထားမိတာ တစ်ချက် ပြောချင်ပါတယ်။ ပထဝီစီးပွားရေး (Geo-economic issue) ပထဝီစီးပွားရေးကိစ္စ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံရေးပဋိညာဉ်မှာ သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ပြီးစီးရင် နောက်ကနေ လိုက်ပါလုပ်ဆောင်ရမယ့် အလုပ်တွေ တစ်ပုံကြီး ရှိနေပါတယ်။ လက်တွေ့အားဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ ပြည်နယ်အလိုက်...

ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ

ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈) လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။ရွေးချယ်တာကို မလုပ်ရင်….တဲ့။လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။...

စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ (၁၃)။ လွန်ခဲ့သော (၆) လကျော်လောက်က၊ “စာဖတ်သူ စစ်တမ်း” တစ်ခု ကျနော် ကောက်ခံခဲ့ပါတယ်။ မေးခွန်းအားလုံးကို ဖြေဆိုတဲ့သူ စုစုပေါင်း (၆၆၇) ယောက် ရှိပါတယ်။ ‘စာဖတ်သူစစ်တမ်း’ မှာ မေးတဲ့ မေးခွန်း နံပါတ် (၆) နဲ့ (၉) အတွက် တွေ့ရှိချက်တချို့ကို တင်ပြချင်တယ်။...

တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း

နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး​၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး...

ဒီလိုလူ

ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်နိုင်တဲ့သူ၊ လေးစားနိုင်တဲ့သူ၊ အားကိုးနိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူ ဖြစ်ဖို့ - ကောင်းတာတွေကို ကိုယ့်သဘောနဲ့ ကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကိုယ့်ဟာကိုယ် ကြိုးစားပြီးတော့ အားထုတ်ပြီးတော့ ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်နိုင်ရမယ်။ (ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇...