ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း

ကျနော် ဒေါက်တာသန်းထွန်းအကြောင်းကို၊ စံပြအတုယူပြီး ရေးဖြစ်တိုင်း စာဖတ်မိတ်ဆွေ တစ်ယောက်က၊ ဒေါက်တာသန်းထွန်းဇနီး (ဒေါ်ခင်ရီ) အကြောင်းလည်း ရေးပါအုံးလို့ တိုက်တွန်းလေ့ရှိတယ်။ ကျနော့်ကို နှစ်ခါ သုံးခါလောက်တိုက်တွန်းတာတွေ့ရတယ်။ ဇနီးမယားတွေဟာ မှတ်တမ်းတင်မခံရဘူး… ဆိုတဲ့ အမြင်ကိုလည်း အဲသည့် စာဖတ်မိတ်ဆွေဆီက ရတယ်။ ကျနော် တာဝန်မကျေသလို ခံစားနေရတယ်။ တကယ်တမ်း ကျနော်လည်း ရေးချင်ပါတယ်။ သို့သော်လည်း ကျနော် ပျက်ကွက်နေခဲ့တယ်။...

ပြည်သူနဲ့ တန်တဲ့ အစိုးရ

ကာတွန်း ဖေသိန်းရဲ့ ကာတွန်းလေးတစ်ကွက်ကို၊ လူမှုကွန်ယက်မီဒီယာပေါ်မှာ ပြန်တွေ့ရတယ်။ အစိုးရလုပ်တဲ့ ကောင်က ပြည်သူကို ပြောတယ်။ “နင်နဲ့တန်တဲ့အစိုးရ နင်ရမှာမို့” “နင် ငါနဲ့ တန်အောင်နေစမ်းပါကွာ” တဲ့။ ပြည်သူဆိုတာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်…ဆိုတဲ့ စကားကို အရပ်သားအုပ်ချုပ်မှု (၅)နှစ်တာကာလ တုန်းက နိုင်ငံရေးသင်တန်းတွေမှာ ကျနော် မကြာခဏ ပြောလေ့ရှိခဲ့တယ်။ ပြည်သူကို မြှင့်ပေးဖို့ ရည်ရွယ်ပြီးတော့...

ကလောင်တစ်ချောင်း၏ ရင့်ကျက်မှု

ဆရာ မြသန်းတင့်ဟာ သူရေးသားခဲ့တဲ့ စာပေတွေထဲမှာ၊ သူ့ရဲ့ စာရေးခြင်းဒဿနတွေကို ထည့်သွင်းမြှုပ်နှံရေး သားခဲ့တာကို ကျနော် တွေ့ခဲ့ရပါတယ်။ စာသမားတစ်ယောက်ဟာ စာရေးဆရာတစ်ယောက်မြှုပ်နှံထားတဲ့ ဒဿန တွေကို ရွှေစတွေ ရှာသလို ရှာကြံရတာ နှစ်ခြိုက်လေ့ရှိတယ်။ တခါတရံ ရွှေစတွေ ရှာတာ ဖြစ်ပေမယ့်၊ အမှတ်မထင် စိန်ရိုင်းတုံးတွေ ကောက်ရတတ်တာလည်း ဖြစ်တတ်ပါတယ်။ ဆရာမြသန်းတင့်က စာရေးဆရာတစ်ယောက်ရဲ့ ရင့်ကျက်မှုအကြောင်းကို ပြောခဲ့ဖူးတယ်။...

ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ

ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ၊ လူနှစ်ယောက်၊ ထီးတစ်လက်ပါရမယ်လို့ ပြောချင်ပါတယ်။ ဒါက ဥပမာပေးတာပါ။ ပထမ လူတစ်ယောက်ကတော့၊ အချက်အလက်ဖြစ်ပါတယ်။ အချက်အလက်ကို အကြောင်းရပ်လို့လည်း မြင်နိုင်ပါ တယ်။ အကြောင်းအရာတစ်ခုခုကို ရေးဖို့အတွက်၊ အဲသည့်အကြောင်းအရာကို ညွှန်းဆိုနိုင်တဲ့ ထိုက်သင့်တဲ့ အချက်အလက်ကို ထည့်သွင်းရေးသားရပါလိမ့်မယ်။ ဆောင်းပါးရေးတဲ့အခါ နောက်ထပ်ပါသင့်တဲ့ ဒုတိယလူ တစ်ယောက်ကတော့၊ သုံးသပ်ဝေဖန်မှုပဲ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဟာ တစ်ခုခုကို ဆောင်ယူပြီး လက်ဆင့်...

မလိမ်ပါနဲ့ စာရေးဆရာ

စာရေးဆရာဟာ သူ့နှလုံးသားကို မညာရဘူး။ မညာသင့်ဘူး။ ကိုယ့်နှလုံးသားကို ညာရင် စာရေးဆရာဟာ စာကောင်း မရေးနိုင်ဘူး။ ကိုယ့်ခံစားချက်ကို ကိုယ်လိမ်ညာထားတဲ့ စာဟာ စာဖတ်သူ ရင်ထဲထိ မရောက်နိုင်ဘူး။ နှလုံးသားကို မညာရဘူးဆိုတာ ဘာကို ပြောတာလဲ။ တော်စတွိုင်း၏ စကား အီလျာအာရင်ဘတ်က တော်စတွိုင်း ပြောတဲ့စကားကို ပြန် ပြောပြဖူးတယ်။ “ခင်ဗျားကိုယ်တိုင် စိတ်မဝင်စားတဲ့ အကြောင်းအရာကို ဘယ်တော့မှ...

ပေါင်းပင်တွေကို ရှင်းပစ်ပါ

“လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်ရင်၊ သူ စိုက်တဲ့ ခြံမှာ ပေါင်းမထအောင် ဘယ်လောက် ရှင်းနိုင်သလဲ ဆိုတာကို ကြည့်နိုင်သတဲ့။” ကျနော်တို့ ကြိုးစားစိုက်ပျိုးတဲ့ အပင်တွေ အမြောက်အမြား ရှိပါလိမ့်မယ်။ သို့သော် လည်း၊ ကျနော်တို့ စိုက်တဲ့ခြံထဲမှာ ပေါင်းမြက်တွေ အပြိုင်းအရိုင်းနဲ့ မင်းမူနေတာများတယ်။ တကယ့်လက်တွေ့ မှာလည်း ဥယျာဉ်မှူးစိုက်လိုက်တဲ့အပင်တွေထက် အပိုဆာဒါး ပေါက်လာတဲ့ ပေါင်းပင်တွေက ပိုတယ်...

နိုင်ငံရေးနှင့် အကျိုးစီးပွားမြေပုံ

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ၊ အကျိုးစီးပွားတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ တစ်ဦးချင်း အကျိုးစီးပွားတွေရှိတယ်။ အဖွဲ့အကျိုးစီးပွား ရှိတယ်။ လူမျိုးအကျိုးစီးပွားရှိတယ်။ အုပ်စုအကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားမြေပုံတွေရဲ့ တည်နေရာကို ကောင်းကောင်း မြင်နိုင်မှ၊ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ သိလိမ့်မယ်။ အကျိုးစီးပွားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိမှ၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်း တဲ့အခါမှာ ထိရောက်လိမ့်မယ်။ နိုင်ငံရေးရဲ့...

လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား

ကျနော်တို့ ငယ်စဉ်ကလေးဘဝတုန်းက၊ လူကြီးသူမတွေ ဆုံးမဖူးတဲ့စကားတွေထဲမှာ အမှတ်ထားခဲ့ရတာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက၊ ဟဲ့ခလေး….“ လူ့အောက်ကျို့လို့ လူပိမသေဘူး” တဲ့။ မြန်မာ့လူမှုဓလေ့ထုံးစံမှာ၊ လူအချင်းချင်းကြားမှာ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ထောင်လွှားမှု မလုပ်ဖို့၊ မာန မထောင်လွှားဖို့နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ သွန်သင်တာလို့ နားလည်ရပါတယ်။ သို့သော်လည်း ဒါဟာ ငယ်စဉ်ကလေးဘဝမှာ၊ ကျနော်တို့ကို ရိုကျိုး တတ်အောင် လုပ်ပေးလိုက်တာ၊...