▄ ကိုဗစ် မှသည် ငဗစ် ဆီသို့

(လူထုသို့ မေတ္တာရပ်ခံချက်)(အကြောင်း အကျိုး ရှင်းလင်းချက်)(အန္တရာယ်အကြားမှ စိုးရိမ်ချက်) ခြေဆင်း လက်ဝဲဝါဒီတို့၏ အသုံးအနှုန်းအရ၊ အခြေခံလူတန်းစားဆင်းရဲသားကို… ကျောမွဲ၊ နင်းပြားလို့ သုံးနှုန်းခေါ်ဝေါ် ကြပါတယ်။ ကျောမွဲဟာ လှပါသလား။ နင်းပြားဟာ တွင်းဆုံးကျပြီလား။အခက်အခဲ အကျပ်အတည်းကာလတွေမှာ၊ နူရာဝဲစွဲ လဲရာ သူခိုးထောင်း အဖြစ်တွေဟာ ဆင့်ကာ ဆင့်ကာဖြစ် လာတတ်ပါတယ်။ သူဌေးသင်္ဘောမှောက်တာက အကျပ်အတည်းဖြစ်သလို၊ သူတောင်းစား ခွက်ပျောက်တာက လည်း...

▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

တိုင်းပြည် ကိုယ်ကျင့်

ကျနော်တို့ ငယ်ငယ်တုန်းက အတန်းကျောင်းဖတ်စာမှာ၊ ပညာသင်ခါ မရှက်ရာ…. ဆိုပြီး သင်ကြားခံရဖူးတာ မှတ်မိတယ်။ မနက်က ရုံးကိုလမ်းလျှောက်လာရင်း၊ ဘာမှန်းမသိ ဒီစကားလုံးက ခေါင်းထဲကို ဝင်လာတယ်။ ပညာသင်ခါ မရှက်ရာ။ ပညာသင်ခါ မရှက်ရာ…..။ငယ်ရွယ်စဉ်မှာ ပညာရှာဆိုတော့၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်မှာ ပညာသင်ဖို့ မရှက်ရဘူး…. ရှက်ရင် ပညာရသင့်သလောက် မရဘူးလို့ တွေးပြီး နှလုံးသွင်းမိတယ်။ အခုတော့ လူလည်း...

ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)

ဤဆောင်းပါးကို မြန်မာ့လမ်းပွင့် စာအုပ်ထဲ၌ ထည့်သွင်း ပုံနှိပ်ထား၍မိတ်ဆွေ မစိန့်ဇာနည်လင်းက အသံထွက်ဖတ်ရှုထားပါသည်။ https://www.youtube.com/watch?v=NmoV7ktjszA

◾သမိုင်းဘယ်လိုသင်မလဲ…

ကလေးတွေရဲ့ ကျောင်းသင်ရိုးမှာ၊ သမိုင်းကို ဘာသာရပ်အဖြစ် ထည့်သင်ကြားတာဟာ နှစ်ကာလအားဖြင့် ကြာ လှပြီ။ အာဏာရှင်ခေတ်မှာ၊ သမိုင်းသင်ရိုးတွေဟာ ဝါဒဖြန့်ချိရေးပြဌာန်းစာအုပ်တွေသာဖြစ်ပါတယ်။ • သမိုင်း သင်ရိုးကို ဘယ်လိုပြဌာန်းသလဲ။• စာသင်ခန်းထဲက ဆရာ/ ဆရာမဟာ ကျောင်းသားကို သမိုင်း ဘယ်လိုသင်သလဲ။• သင်တဲ့ဆရာ / ဆရာမရဲ့ သမိုင်းအမြင်က ဘာလဲ။• သင်ကြားရေးမှာ သုံးတဲ့ သမိုင်းချည်းကပ်နည်းက ဘာလဲ။•...

☗ မြန်မာ့လူမှုစရိုက်

မြန်မာ့လူမှုစရိုက်ကို၊ မြန်မာ့သမိုင်းနဲ့ ယှဉ်တွဲပြီး လေ့လာသင့်ပါတယ်။ သမိုင်းဟာ လူ့အဖွဲ့အစည်းအကြောင်း ကို ပြောပြနိုင်ပါတယ်။ ရှင်းပြနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ လူမှုစရိုက်တွေနဲ့ လူမှုဓလေ့တွေကို လေ့လာ နိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့အပြုအမူတွေ၊ စရိုက်တွေ၊ ဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုလို့ ပညတ်အားဖြင့် ခေါ်ဝေါ်ပေမယ့်၊ မယဉ်ကျေးတဲ့ အပြုအမူတွေ၊ မယဉ်ကျေးတဲ့စရိုက်တွေ၊ မယဉ်ကျေးတဲ့ ဓလေ့ထုံးတမ်းတွေ များစွာပါဝင်နေပါတယ်။ ဒါကို သေသေချာချာ ဂရုဓမ္မထားပြီး သတိထားကြည့်ရမယ်။...

အသိအမှတ်ပြုခံလိုခြင်းသားကောင်

လူတော်တော်များများဟာ အသိအမှတ်ပြုခံလိုခြင်းရဲ့သားကောင် ဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒီဘက်ခေတ်မှာ လူတွေဟာ ကိုယ်အတ္တကို ကိုယ်အရောင်တင်ဖို့အတွက် အခွင့်အလမ်း ပိုများလာကြ တယ်။ လူတော်တော်များများဟာ ကိုယ် တကယ်လုပ်ချင်နေတဲ့အလုပ်ကို လုပ်နေကြတာထက် အသိ အမှတ်ပြုခံရဖို့အတွက် လုပ်နေကြတဲ့အလုပ်တွေက ပိုများတယ်။ အနုပညာတစ်ရပ်ရပ်ကို ဖန်တီးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ပရဟိတလုပ်ငန်းတစ်ခုခုကို ကူညီလုပ်ကိုင်သည်ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ရပ်၌ ပါဝင်သည်ဖြစ်စေ…. လူအသိအမှတ်ပြုခံရရေးအတွက် အဓိကထား လုပ်နေတာတွေကို...

မင်းသေ့ အမှာစာ

အခုရေးတဲ့စာအုပ်နဲ့ ပတ်သက်ပြီး နာမည် (၂) မျိုးလောက် စဉ်းစားမိခဲ့တယ်။ ပထမ စဉ်းစားမိတာက “မြန်မာသစ်”။ ခေတ်သစ်တစ်ခုကို ချီတက်နေတဲ့ မြန်မာအသစ်ဖြစ်ဖို့ ရည်ရွယ်လို့ ဒီနာမည်ကို စဉ်းစားမိသွား တာဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဟောင်းတွေကို ချန်ထားခဲ့သင့်ပြီ။ အမူအကျင့်ဟောင်း၊ စရိုက် ဟောင်း၊ အကျင့်ဟောင်းတွေကို အသစ်နဲ့ အစားထိုးဖို့ သင့်နေပြီ။ အဟောင်းထဲမှာ အကောင်းက သိပ်မတွေ့ရ တော့လို့ဖြစ်ပါတယ်။...

စားသောက်မှုပုံစံ နဲ့ လူ့အဖွဲ့အစည်း

လူမျိုးတစ်မျိုးရဲ့စားသောက်မှုပုံစံဟာ ဘယ်လောက်အရေးကြီးသလဲ…. ကျနော်က ဆရာဝန်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါ့ကြောင့် သေချာအသေးစိတ် ဂဃနဏပြောတယ်မယ်လို့ တော့ မထင်ဘူး။ ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ စားသောက်နေထိုင်မှုပုံစံဟာ အဲသည့်လူမျိုးရဲ့လူ့အဖွဲ့အစည်း အတွက် သိပ်အရေးကြီးတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံလိုမျိုး ဆင်းရဲတဲ့နိုင်ငံတွေဟာ နေ့စဉ် စားသောက်မှုပုံစံကို ရွေးချယ်လို့ရတဲ့ အဆင့်မှာ မရှိဘူး။ ဘာလို့လဲဆိုတော့ ဆင်းရဲလို့ပဲ။ ကိုယ်စားသောက် မယ် အစားအစာ၊...

“ခ” သုံးလုံးနဲ့ “မ” သုံးလုံး

ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်မှုကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ၁၉၆၂ တော်လှန်ရေး ကောင်စီက အာဏာသိမ်းပြီး၊ တစ်နိုင်ငံလုံးကို စစ်ဘောင်သွင်းဖို့ လုပ်တယ်။ ၁၉၇၄ ခုနှစ်မှာ၊ ပါတီဘောင်သွင်း ပစ်လိုက်တယ်။ တစ်ပါတီဘောင်သွင်း ပစ်လိုက်တယ်လို့ ပြောရင် ပိုပြီးမှန်ပါတယ်။ စစ်ဘောင်သွင်းပြီးနောက် ပိုင်းမှာ ပျက်ယွင်းလာတဲ့ကိစ္စရပ်တွေ မြောက်မြားစွာ ရှိတယ်။ ပျက်ယွင်းမှုတွေထဲက ပြန်အဖတ်ဆယ်ဖို့ ခက်နေ သေးတဲ့ ပျက်စီးခြင်း တစ်မျိုးရှိတယ်။...