ရူးခွင့်မရှိတဲ့ တိုင်းပြည်

မြန်မာတွေဟာ ရူးသွပ်တာနဲ့ ရူးမိုက်တာကို မခွဲတတ်ဘူး။ ရူးသွပ်တယ်ဆိုတာ အရူးအမူးကို ပြောတာ။ ရူးမိုက်တယ်ဆိုတာ သောက်ပေါကို ပြောတာ။ ဒါပေမယ့် ရူးတယ်ဆိုတာကို မြန်မာတွေတော်တော်များများက လုံးချတယ်။ ဒီကောင် အရူး လို့ ပြောရင် ဘာအရူးမှန်း သေချာ မကြည့်ဘူး။ ဒီကောင် သောက်ပေါ၊ ရူးကြောင်ကြောင်၊ ပေါချောင်ချောင်၊ ဂေါက်တောက်တောက်၊ ဘုဂလန့်၊ ရူးကြောင်မူးကြောင်၊ သူငယ်နာ မစင်တဲ့ကောင်၊...

သမိုင်းလေ့လာချက်

ကျနော် သမိုင်းကို စိတ်ဝင်စားတယ်။ သမိုင်းလေ့လာချက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာပေတွေထဲကနေ နှိုက် ထုတ်လေ့လာမှုကို ကျနော် လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် လေ့လာဖြစ်တဲ့ သမိုင်းလေ့လာနည်း တချို့ကို ပြောချင်တယ်။ ပဏာမ နိဒါန်းအနေနဲ့ ပြောပြချင်တာကို ဗျူပ္ပတ်ခင်း ပါရစေ…။ ပဏာမ သမိုင်းဆိုတာ ပြီးပြီးသား ကိစ္စဖြစ်တယ်။ သမိုင်းဆိုတာ အတိတ်ဖြစ်တယ်။ ပြီးပြီးသားဖြစ်လို့ ပြင်လို့ မရဘူး။...

စာကြီးပေကြီးတွေ ကိုင်ပါ

ငယ်တုန်းရွယ်တုန်းမှာပဲ စာကြီးပေကြီးတွေ ဖတ်ကြပါ။ ငယ်ရွယ်စဉ်အချိန်နဲ့ စာဖတ်ခြင်းဆိုတာမှာ ကျနော့်အတွက် လက်တို့ ပြောစရာတစ်ခုရှိပါတယ်။ အခြေခံ စာဖတ် ခြင်းအတွက် ရည်ရွယ်ချက် (၂) ခု ရှိတယ်လို့ ဆိုပါတယ်။ “တူးပီ” “2P” လို့ခေါ်တဲ့ ဦးတည်ချက်နှစ်ခုဖြစ်ပါ တယ်။ စာဖတ်ရင် Pleasure လို့ခေါ်တဲ့ ဖတ်ရင်းနဲ့ ပျော်နေဖို့ လိုသလို၊ Purpose ခေါ်တဲ့ ဖတ်ရင်းနဲ့...

အသိအမှတ်ပြုခံလိုခြင်းသားကောင်

လူတော်တော်များများဟာ အသိအမှတ်ပြုခံလိုခြင်းရဲ့သားကောင် ဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒီဘက်ခေတ်မှာ လူတွေဟာ ကိုယ်အတ္တကို ကိုယ်အရောင်တင်ဖို့အတွက် အခွင့်အလမ်း ပိုများလာကြ တယ်။ လူတော်တော်များများဟာ ကိုယ် တကယ်လုပ်ချင်နေတဲ့အလုပ်ကို လုပ်နေကြတာထက် အသိ အမှတ်ပြုခံရဖို့အတွက် လုပ်နေကြတဲ့အလုပ်တွေက ပိုများတယ်။ အနုပညာတစ်ရပ်ရပ်ကို ဖန်တီးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ပရဟိတလုပ်ငန်းတစ်ခုခုကို ကူညီလုပ်ကိုင်သည်ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ရပ်၌ ပါဝင်သည်ဖြစ်စေ…. လူအသိအမှတ်ပြုခံရရေးအတွက် အဓိကထား လုပ်နေတာတွေကို...

ဖန်ပုလင်းထဲက မျိုးစေ့တွေ

ခင်ဗျား ဖန်ပုလင်းထဲမှာ မျိုးစေ့တွေ ရှိတယ်။ ဘာမျိုးစေ့လည်းတော့ ကျနော် မသိဘူး။ ကျနော် ယုံကြည်နေတာက ခင်ဗျားက မွေးလာကတည်းက ခင်ဗျား လက်ထဲမှာ ဖန်ပုလင်းတစ်လုံးကိုင်ပြီး မွေးလာတယ်ဆိုတာပဲ။ အဲသည့် ဖန်ပုလင်းကြည်ကြည်လေးထဲမှာလည်း ခင်ဗျား ဘဝ ဘဝက စုဆောင်း ထုံမွှမ်းလာခဲ့တဲ့ အထုံဗီဇကောင်းတွေနဲ့ ကျေးဇူးပြုထောက်ပံ့ထားတဲ့ မျိုးစေ့ တစ်ခုမက ပါလာတယ်ဆိုတာပဲ။ အဲဒါကိုတော့ ကျနော် ယုံတယ်။...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

ဘဝနေနည်း စိတ်ထားနည်း

ပညာရေးရဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးလိုက်ရင်၊ အဖြေတွေ အများကြီးထွက်လာလိမ့်မယ်။ လူတော်တော် များများက ကိုယ့်ထောင့်ကနေ ကိုယ်ကြည့်ကြတယ်။ ကိုယ်ကြည့်တာကိုယ် မြင်တယ်။ ကိုယ်မြင်ချင်တာ ကိုယ် ရွေးကြည့်ကြတယ်။ ဒါကတော့ ထုံးစံ။ ပညာရေးလို့ ပြောရင် အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းတာလို့ ပြောတယ်။ ထိုနည်းလည်း ကောင်းပဲ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ စဉ်းစားတတ်ဖို့ လို့ ဆိုတယ်။ တစ်ဆင့်တက်ပြီးတော့...