◾ စာစုံဖတ်

စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...

ပတိရူပ ဒေသဝါသောစ

ကြီးပွားရာကြီးပွားကြောင်း နိဿရည်းတွေကိုတက်ကျမ်းတွေကလည်း မြောက်မြားစွာရေးတယ်။ကိုးကွယ်ရာ ဘာသာတရားတွေထဲမှာလည်း ညွှန်ပြလမ်းညွှန်ကြတယ်။ဗုဒ္ဓ အဟောထဲက တချို့ကို ကျနော် သဘောကျတယ်။ ကျနော် နားလည်လက်ခံထားတဲ့ အချက် (၂) ချက်ကို ပြောချင်ပါတယ်။• သင့်တင့်လျောက်ပတ်တဲ့အရပ်ဒေသမှာ နေထိုင်ခြင်းနဲ့• အမှုကိစ္စနည်းပါးခြင်းကိစ္စဖြစ်ပါတယ်။ နားမရှုပ်စေချင်လို့၊ ပါဠိအသုံးကို မသုံးပါ။ ဒီယူဆချက် နှစ်ချက်ကို ကျနော် ကောင်းကောင်းလက်ခံတယ်။ အမြဲတမ်းလိုလို ကျင့်သုံးဖြစ်ဖို့ ကြိုးစား အားထုတ်တယ်။ ပထမတစ်ချက်ကို...

◾ စာပေစံ

စာဖတ်တဲ့သူက၊ စာကို နှလုံးသားနဲ့လည်း ဖတ်တယ်။ ဦးနှောက်နဲ့လည်း ဖတ်တယ်။ ဒါ့ကြောင့် စာရေးတဲ့သူဟာ နှလုံးသားစံကိုလည်း မှီအောင် ကြိုးစားရတယ်။ ဦးနှောက်စံကိုလည်း မှီအောင်ကြိုးစားရတယ်။ ဒီနေရာမှာ နှလုံး သားစံဆိုတာ ရေးသူရဲ့စေတနာကို ညွှန်းချင်ပါတယ်။ ဦးနှောက်စံဆိုတာကတော့ စာပေဝမ်းစာ ဘယ်လောက် ဖြည့်ထားသလဲ၊ ဘယ်လောက် စိတ်နှစ်ပြီး လေ့လာဆည်းပူးစူးစမ်းထားသလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ နှလုံးသားစံ ကိစ္စကို ပြောချင်ပါတယ်။ စေတနာ ကိစ္စပါ။...

◾ ဖတ်ခြင်း

ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။ ၁) စာကို ဖတ်တာ၂) ကလောင်ကို ဖတ်တာ ◾ စာကို ဖတ်တာ စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။...

◾သမိုင်းဘယ်လိုသင်မလဲ…

ကလေးတွေရဲ့ ကျောင်းသင်ရိုးမှာ၊ သမိုင်းကို ဘာသာရပ်အဖြစ် ထည့်သင်ကြားတာဟာ နှစ်ကာလအားဖြင့် ကြာ လှပြီ။ အာဏာရှင်ခေတ်မှာ၊ သမိုင်းသင်ရိုးတွေဟာ ဝါဒဖြန့်ချိရေးပြဌာန်းစာအုပ်တွေသာဖြစ်ပါတယ်။ • သမိုင်း သင်ရိုးကို ဘယ်လိုပြဌာန်းသလဲ။• စာသင်ခန်းထဲက ဆရာ/ ဆရာမဟာ ကျောင်းသားကို သမိုင်း ဘယ်လိုသင်သလဲ။• သင်တဲ့ဆရာ / ဆရာမရဲ့ သမိုင်းအမြင်က ဘာလဲ။• သင်ကြားရေးမှာ သုံးတဲ့ သမိုင်းချည်းကပ်နည်းက ဘာလဲ။•...

☗ မြန်မာ့လူမှုစရိုက်

မြန်မာ့လူမှုစရိုက်ကို၊ မြန်မာ့သမိုင်းနဲ့ ယှဉ်တွဲပြီး လေ့လာသင့်ပါတယ်။ သမိုင်းဟာ လူ့အဖွဲ့အစည်းအကြောင်း ကို ပြောပြနိုင်ပါတယ်။ ရှင်းပြနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ လူမှုစရိုက်တွေနဲ့ လူမှုဓလေ့တွေကို လေ့လာ နိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့အပြုအမူတွေ၊ စရိုက်တွေ၊ ဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုလို့ ပညတ်အားဖြင့် ခေါ်ဝေါ်ပေမယ့်၊ မယဉ်ကျေးတဲ့ အပြုအမူတွေ၊ မယဉ်ကျေးတဲ့စရိုက်တွေ၊ မယဉ်ကျေးတဲ့ ဓလေ့ထုံးတမ်းတွေ များစွာပါဝင်နေပါတယ်။ ဒါကို သေသေချာချာ ဂရုဓမ္မထားပြီး သတိထားကြည့်ရမယ်။...

☗ သမိုင်းသင်ရိုး

သမိုင်းသင်ရိုးတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝမှာ သင်ရတဲ့ ကျောင်းသင်ခန်းစာ တွေထဲမှာ သမိုင်းဟာ ဘာသာရပ်အနေနဲ့ ပါဝင်နေပါတယ်။ သမိုင်းသင်ရိုးကို ဘယ်လို ပြဌာန်းခဲ့သလဲ။ သမိုင်း သင်ရိုးပြဌာန်းစာပါ အချက်အလက်တွေနဲ့ အကြောင်းအချက်တွေကို ဝေဖန်ထောက်ရှုတဲ့ စာရေးဆရာ / ပညာရှင် အတော်နည်းပါတယ်။ ကျောင်းသင်ရိုးတွေဟာ အနာဂတ်နိုင်ငံတော်ကို သက်ရောက်တဲ့ အကြောင်း အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သိပ်အရေးမပါသလိုလိုနဲ့...