▄ မင်းသေ့အမှာစာ

စာပေ၊ ပညာရေး၊ လူ့အဖွဲ့အစည်း ဆိုသည့် ဝေါဟာရ အတွဲအစပ်ကို စဉ်းစားမိပါသည်။ မြန်မာပြည်သည်၊ နိုင်ငံရေးအပြောင်းအလဲတစ်ခုတည်းဖြင့် အားလုံး ပြီးမြောက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအပြောင်းအလဲနှင့် အတူ ပညာရေးအပြောင်းအလဲနှင့် လူမှုပြုပြင်ပြောင်းလဲရေးပါ တွဲဖက်၍ ပါလာမှ ရပါလိမ့်မည်။ လူမှုပြုပြင် ပြောင်းလဲရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု မပါသော၊ မည့်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ မည်သည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှ အာမခံချက် မရှိနိုင်ပါ။...

▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...