သံဃာ့အဖွဲ့အစည်း

မြန်မာပြည်မှာ ဘာသာရေးစာအုပ်တွေ အများကြီးရှိပါတယ်။ ဘာသာရေးလို့ ပြောတဲ့နေရာမှာ ၊ ဗုဒ္ဓဘာသာ ကို ညွှန်းတာဖြစ်တယ်။ ဘာသာရေးစာအုပ်တွေကို ရဟန်းပုဂ္ဂိုလ်တွေကလည်း ရေးသားပြုစုတယ်။ လူပုဂ္ဂိုလ်တွေ ကလည်း စီရင်ရေးသားတယ်။ မြန်မာပြန်တွေလည်း ရှိသလို၊ ဇာတ်နိပါတ်တွေလည်း ရှိတယ်။ ဗုဒ္ဓဝင်တွေလည်း အမျိုးမျိုး ရှိသလို၊ ထေရုပ္ပတ္တိတွေလည်း အမြောက်အမြားပါပဲ။ ဝိနည်းဆိုရင်လည်း ဝိနည်းအလျောက်၊ ဝိနိစ္စယ ဆိုလည်း ဝိနိစ္စယအလျောက် စာအုပ်အမျိုးမျိုးတွေ့ရပါတယ်။...

လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။

ကျနော်တို့ တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက်ကို နှစ်အကြာကြီးရောက်ခဲ့တယ်။ သို့ပေမယ့် အင်္ဂလိပ်ရဲ့ အမွေကောင်းကို မရပါ။ မရဘူးဆိုတာ အင်္ဂလိပ်က မပေးလို့ မဟုတ်ဘူး။ အင်္ဂလိပ်ဆီက မယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ယူနိုင်တဲ့လူတချို့ရှိပေမယ့်လည်း မြန်မာအများစုဟာ အင်္ဂလိပ်အမွေကောင်းကို ငြင်းပယ်ခဲ့တယ်။ ဒါ့ကြောင့် ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ တိုင်းပြည်တွေဟာ လွတ်မြောက်ပြီး မကြာမီ ထူထူထောင်ထောင် ဖြစ်ခဲ့ပေမယ့်၊ ကျနော်တို့ တိုင်းပြည်ဟာ အနိမ့်ကျဆုံး ကျဆင်းခဲ့ပါတယ်။...

၂၀၂၀ ရွေးကောက်ပွဲ proxy party ဘယ်ပါတီလဲ…

ရွေးကောက်ပွဲလည်း နီးလာပြီ။ လူမျိုးစုပါတီတချို့က ပေါင်းစည်းလာပြီး၊ မူဝါဒကွဲလွဲချက်ရှိတဲ့ နိုင်ငံရေးသမား တွေကတော့ ပါတီသစ်တွေ ထပ်ထောင်တယ်။ ကိုယ်နဲ့တူရာ တူရာ အုပ်စုတွေ ဖွဲ့ပြီး စုဖွဲ့လွှမ်းမိုးနိုင်ဖို့ ကြိုးစား ကြတာတွေ့ရတယ်။ အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးမူကွဲတွေကို နားလည်လို့ရပါတယ်။ ဒါ့ကြောင့် ပါတီသစ် ထောင်ကြတာ မဆန်းဘူး။ သဘောညီတယ်။ ထူးခြားသော မှတ်ချက် မရှိပါ။ သို့သော် အစဉ်အလာနိုင်ငံရေး...

စာပေအသင်း အယ်ဒီတာ

ကျနော် တက္ကသိုလ်ကျောင်းသားဘဝကို (၅) နှစ် ဖြတ်သန်းခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ကို မရခဲ့ပါ။ မရခဲ့တဲ့အကြောင်းရင်း ရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား ဘဝ ငါးနှစ်လုံးလုံးဟာ ကျောင်းစာမဟုတ် တဲ့ စာအုပ်တွေအကြား ခေါင်းတိုးဝင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ • နှလုံးသားရေးရာ ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ • ဂီတအနုပညာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ • အားကစားဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။...

စာရည်စာသွေး

စာရေးခြင်းကို တစိုက်မတ်မတ်လေ့ကျင့်ထားသူ အဖို့ကတော့၊ စာများများရေးရတာ လွယ်ပါတယ်။ တကယ် မလွယ်တာက၊ စာကို အရည်အသွေးပြည့်ပြည့် ရေးဖို့ မလွယ်ပါ။ အရည်အသွေးရှိတဲ့စာ ထွက်ဖို့ ခက်ပါတယ်။ ရေးသမျှဟာ ကောင်းနေဖို့ ခက်ပါတယ်။ ရေးထားသမျှကို လူကြိုက်ချင် ကြိုက်မယ်၊ ဒါပေမယ့် အရည်အသွေး ဆိုတဲ့ ပေတံနဲ့ ကိုက်ကြည့်လိုက်ရင် ဂုဏ်ထူးမရတဲ့ စာတွေ ရှိပါတယ်။ ဒါ့ကြောင့် စာများများရေးသူအဖို့၊...

ဘဝဒဏ်ရာ

ဘဝမှာ ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ ဒဏ်ရာတွေကတော့ အမျိုးမျိုးအဖုံဖုံပါပဲ။ ဒဏ်ရာတွေရခဲ့တုန်းကတော့၊ ငါ့မှ အဖြစ်ဆိုးရလေခြင်းလို့ တွေးပြီး စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအတိုင်းတစ်သက်လုံး တွေးပူနေလို့မှ မရတာ။ လုပ်သင့်လုပ်ထိုက်တာတွေကို အသက်မသေခင် လုပ်ကို လုပ်သွားရမယ် ဆိုတဲ့စိတ်နဲ့ လဲရင် ပြန်ထ တယ်။ ဒဏ်ရာတွေ ရရင်၊ အနာကျက်အောင် လုပ်တယ်။ • ဒဏ်ရာတွေကနေ အနာတွေဖြစ်လာတယ်။ •...

အင်္ဂါလေးပါးနဲ့ အရည်အသွေးကိစ္စ

• ကျနော့်ကို အချိန်ပေးပါ။ • ငွေပေးပါ။ • လူပေးပါ။ • လုပ်ပိုင်ခွင့်ပေးပါ။ • ကျနော် လုပ်နိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ပြဿနာတော်တော်များများရှိပါတယ်။ ပြဿနာတွေထဲမှာ စွမ်းရည်ပြဿနာက အခြေခံကျနေတယ်။ နောက်တစ်ခုကတော့ အလုပ်ဖြစ်အောင်လုပ်တတ်မှုဖြစ်ပါတယ်။ သိမြင်မှု၊ ကျွမ်းကျင်မှုနဲ့ ပတ်သက်ရင် တစ်ဦးချင်းစီမှာ ပြဿနာရှိနေတယ်။ ဒါကတော့ တစ်ဦးချင်းကိစ္စ။ ဉာဏ်,အဟ နောက်တစ်ခုကတော့ လူအချင်းချင်းကိစ္စဖြစ်ပါတယ်။ လူအချင်းချင်းကိစ္စမှာ...

စာဂျပိုးလေးများအတွက်

စာရေးတာက လွယ်ပါတယ်။ ဘောပင်နဲ့ စက္ကူရှိဖို့ပါပဲ။ စက္ကူပေါ်မှာ ဘောပင်နဲ့ ချရေးလိုက်ရင် ပြီးတာပါပဲ။ စာရေးတာက လွယ်ပါတယ်။ ဒါပေမယ့် ဘယ်လိုရေးရမလဲလို့ နားလည်ဖို့ ခက်တယ်။ ဘာရေးရမလဲလို့ သိဖို့ ခက်တယ်။ စာရေးစရာ အကြောင်းအရာ ရှိရင်တောင် mood ဝင်ဖို့ခက်တယ်။ ဘယ်လိုရေးရမယ်လို့ သိတယ် ဆိုရင်တောင် ချက်ချင်းလက်ငင်းချရေးရလောက်အောင် mood ရဖို့ ခက်ပါတယ်။ ဒါ့ကြောင့်ပဲ...