စာရည်စာသွေး

စာရေးခြင်းကို တစိုက်မတ်မတ်လေ့ကျင့်ထားသူ အဖို့ကတော့၊ စာများများရေးရတာ လွယ်ပါတယ်။ တကယ် မလွယ်တာက၊ စာကို အရည်အသွေးပြည့်ပြည့် ရေးဖို့ မလွယ်ပါ။ အရည်အသွေးရှိတဲ့စာ ထွက်ဖို့ ခက်ပါတယ်။ ရေးသမျှဟာ ကောင်းနေဖို့ ခက်ပါတယ်။ ရေးထားသမျှကို လူကြိုက်ချင် ကြိုက်မယ်၊ ဒါပေမယ့် အရည်အသွေး ဆိုတဲ့ ပေတံနဲ့ ကိုက်ကြည့်လိုက်ရင် ဂုဏ်ထူးမရတဲ့ စာတွေ ရှိပါတယ်။ ဒါ့ကြောင့် စာများများရေးသူအဖို့၊...