လူမှုတော်လှန်ရေး အရွေ့

ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း လက်ရှိမြန်မာပြည်မှာ ပြဿနာတွေ တော်တော်များများရှိပါတယ်။ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်ပြဿနာ၊ စားဝတ်နေရေး ကျပ်တည်းခြင်း ပြဿနာဆိုတာတွေကို ပြောနေကြတာများလို့ မပြော တော့ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ၊ သိသလိုလိုဖြစ်ပြီး ဖာသိဖာသာထားထားတဲ့ ပြဿနာကို ပြောချင်တယ်။ အဲဒါကတော့ ကိုယ်ရည်ကိုယ်သွေး ပြဿနာဖြစ်ပါတယ်။ လူတစ်ဦးချင်းကိစ္စဖြစ်သလို လူ့အဖွဲ့အစည်းကိစ္စ လည်းဖြစ်တယ်။ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတာဖြစ်ပါတယ်။...

စာပေဝေဖန်ရေး ခေတ်ပြောင်း

ဒီဘက်ခေတ်မှာ စာပေဝေဖန်ရေးဆိုတာ ပုံပြောင်းလာတယ်။ တချို့ကလည်း ပြောကြတယ်။ စာပေဝေဖန်ရေး မရှိတော့ဘူးလို့။ ဒါပေမယ့် ကျနော့်ယူဆချက်ကတော့ စာပေဝေဖန်ရေး ပျက်သုဉ်းသွားတာ မဟုတ်ပါဘူး။ စာပေဝေဖန်ရေးပုံစံက ပြောင်းသွားတာပါ။ ယခင်တုန်းက စာပေဆိုတာ ပုံနှိပ်စာလုံးနဲ့ပဲ မြင်ရတာ။ အခုတော့ စခရင် (screen) ဆိုတဲ့ ဖန်သားပြင်ပေါ် ရောက်လာတယ်။ ဖန်သားပြင်ပေါ်မှာ စာပေ ရောက်လာတယ်။ စာပေဝေဖန်ရေးဟာလည်း ဖန်သားကွင်းပြင် မှာ...

လွတ်လပ်မှု အင်ပါယာ

လူ့ဘဝအခက်အခဲဆုံး အရာ (၂) ခုရှိတယ်။ အဲဒါကတော့၊ အမှီအခိုကင်းဖို့ နဲ့ လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့ အခက်ဆုံးပါပဲ။ လူတိုင်းမှာ အခက်အခဲ ကိုယ်စီရှိကြတယ်။ အခက်အခဲတွေထဲကမှ၊ အခက်ခဲဆုံးလူ့ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ အမှီအခိုကင်းဖို့ အခက်ဆုံးဖြစ်ပါတယ်။ လူတိုင်းဟာ တစ်မျိုးမဟုတ် မှီခိုနေကြရတယ်။ လူတွေ ဟာ တနည်းမဟုတ် တနည်း မှီခိုနေကြရတယ်။ • စားဝတ်နေရေးအတွက် မှီခိုရတယ်။ •...

ပြင်ညာဒက်

လူ့အဖွဲ့အစည်းအတွင်းက ပြင်ညာယှိဂျီးများ၊ ပြင်ညာဒက်ဂျီးများ အလေ့အကျင့်မှသည် အလေ့အထသို့ ဆိုတဲ့စကားကို ကျနော့်အဖေဆီကနေ ကျနော်ပထမဆုံး ကြားဖူးခဲ့တယ်။ ဒီစကားဟာ ကျနော့်ကလေးဘဝကတည်းက စွဲစွဲမြဲမြဲနှစ်ဝင်နေပါတယ်။ အလေ့အထဆိုတာတွေက၊ အလေ့ အကျင့်ကနေ တစ်ဆင့်ဖြစ်လာတာ။ အလေ့အကျင့်ဆိုတာလည်း နေ့စဉ်ပုံမှန်လုပ်နေရတာ။ ဒီလိုနဲ့ လူတစ်ဦးနဲ့ တစ်ဦး အလေ့အထတွေ မတူဖြစ်လာပါတယ်။ • အလေ့အကျင့်ကအနေ အလေ့အထ • အလေ့အထကနေ အကျင့် •...

ကြိုးနီ ဖျက်ပါ။ သွေးမုန်တိုင်း တိုက်ပါ။

နိုင်ငံတစ်နိုင်ငံက ဘာနဲ့တူပါသလဲ။ ခပ်ရှင်းရှင်းဖြစ်အောင်ပြောချင်ပါတယ်။ တကယ်တော့ နိုင်ငံတော်ဆိုတာ ကားတစ်စင်းနဲ့တူတယ်။ အစိုးရဆိုတာ ကားကို တက်မောင်းတဲ့ ဒရိုက်ဘာနဲ့တူတယ်။ ဒီသဘောပါပဲ။ ကားတစ်စင်းမှာပါတဲ့ အင်ဂျင်တွေ၊ ဂီယာအုံတွေ၊ လေးတွေ၊ ဖရိန်တွေဟာ ဗြူရိုကရေစီယန္တရားနဲ့တူပါတယ်။ မြန်မာပြည်ရဲ့ဒီမိုကရေစီခရီးလမ်းဟာ ကြမ်းတယ်။ တချို့နေရာတွေမှာ လမ်းမပေါက်ဘူး။ တချို့နေရာတွေက မတ်စောက်တယ်။ တချို့နေရာတွေမှာ ချောက်တွေ ရှိတယ်။ တချို့နေရာတွေမှာ လမ်းကြမ်းတယ်။ ဆူးညှောင့် တွေ...

စာရေးခြင်းကိစ္စ

စာရေးတယ်ဆိုတာ ဉာဏ်ကောင်းခြင်း/ မကောင်းခြင်းနဲ့လည်း မဆိုင်ဘူး။ ပါရမီရှိခြင်း မရှိခြင်းနဲ့လည်း မဆိုင်ဘူး။ တော်ခြင်း၊ ထူးချွန်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ အလေ့အကျင့်နဲ့သာဆိုင်တယ်။ အလေ့အထနဲ့သာ ဆိုင်တယ်။ ဝီရိယနဲ့သာ ဆိုင်တယ်။ လေ့လာစူးစမ်းမှုနဲ့သာ ဆိုင်တယ်။ ခံစားသက်ဝင်မှုနဲ့သာ ဆိုင်တယ်။ စာရေးတတ်ဖို့ ဆိုတာ လွယ်သလိုလိုနဲ့ ခက်တယ်။ အကြောင်းကတော့ စွဲစွဲမြဲမြဲ လုပ်ဖို့ ခက်တဲ့အလုပ်မျိုးဖြစ်လို့ ဖြစ်ပါ တယ်။ စာရေးခြင်းဆိုတာကို...

စေပီယံ

မူရင်း - Sapiens (A Brief History of Humankind) မူရင်းစာရေးသူ - Yuval Noah Harari ဘာသာပြန်သူ - နေသီဟ ဘာသာပြန် / လူ၏မူလ - သမူဟ • လူ့အဖွဲ့အစည်းကို နားလည်ဖို့ ဒီစာအုပ်ကိုဖတ်ဖို့ တိုက်တွန်းပါတယ်။ • လူ့သမိုင်းကို နားလည်ဖို့ ဒီစာအုပ်ဖတ်ဖို့...

စာဖတ်သမားသို့/

စာတွေ ဖတ်လာရင်း၊ စာဖတ်ခြင်းအယူအဆ တချို့ ကျနော် ရလာပါတယ်။ စာအုပ်တွေထဲကနေရသလို၊ လူတွေထဲကနေလည်း ရတယ်။ ကိုယ့်ဘာသာ ဖတ်ရင်း မှတ်ရင်း တွေးမိပြီး ရခဲ့တာတွေလည်း ရှိပါတယ်။ ကျနော့်အနေနဲ့ စာဖတ်ခြင်းဟာ စိတ်ပျော်မှုအတွက်လည်း ဖြစ်ဖို့ လိုသလို၊ ဘဝအရည်အသွေးအတွက်လည်း ဖြစ်ဖို့ လိုတယ်လို့ ခံယူပါတယ်။ စိတ်ပျော်မှုအတွက် အကျိုးဖြစ်ပေမယ့်၊ ဘဝအရည်အသွေးအတွက် အထောက်အပံ့ မဖြစ်ရင် စာဖတ်ခြင်းတန်...

လူမမာ လူ့အဖွဲ့အစည်း

မျိုးဆက်ဟောင်းဆီကနေ လက်ဆင့်မကမ်းသင့်တဲ့ ရောဂါ (၂) မျိုးရှိတယ်။ လူတော်ကြောက်ရောဂါနဲ့ မနာလိုမစ္ဆိရိယရောဂါ ဖြစ်ပါတယ်။ လူတော်ကြောက်ရောဂါဟာ ဘာ့ကြောင့် စဖြစ်တာလဲ။ အကြောင်းကတော့ ကိုယ်ကိုယ်တိုင် မတော်လို့ ဖြစ်ပါ တယ်။ ကိုယ်ကိုယ်တိုင် မတော်တဲ့သူဟာ လူတော်ကို ကြောက်တယ်။ အထူးသဖြင့် ကိုယ့်နဘေးကလူ တော်မှာ ကို သိပ်ကြောက်တယ်။ ပြီးတော့ ကိုယ့်အောက်က လူတော်မှာကို သိပ်ကြောက်တယ်။ ကိုယ်နဲ့...