ဘဝဒဏ်ရာ

ဘဝမှာ ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ ဒဏ်ရာတွေကတော့ အမျိုးမျိုးအဖုံဖုံပါပဲ။ ဒဏ်ရာတွေရခဲ့တုန်းကတော့၊ ငါ့မှ အဖြစ်ဆိုးရလေခြင်းလို့ တွေးပြီး စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအတိုင်းတစ်သက်လုံး တွေးပူနေလို့မှ မရတာ။ လုပ်သင့်လုပ်ထိုက်တာတွေကို အသက်မသေခင် လုပ်ကို လုပ်သွားရမယ် ဆိုတဲ့စိတ်နဲ့ လဲရင် ပြန်ထ တယ်။ ဒဏ်ရာတွေ ရရင်၊ အနာကျက်အောင် လုပ်တယ်။ • ဒဏ်ရာတွေကနေ အနာတွေဖြစ်လာတယ်။ •...