လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။

ကျနော်တို့ တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက်ကို နှစ်အကြာကြီးရောက်ခဲ့တယ်။ သို့ပေမယ့် အင်္ဂလိပ်ရဲ့ အမွေကောင်းကို မရပါ။ မရဘူးဆိုတာ အင်္ဂလိပ်က မပေးလို့ မဟုတ်ဘူး။ အင်္ဂလိပ်ဆီက မယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ယူနိုင်တဲ့လူတချို့ရှိပေမယ့်လည်း မြန်မာအများစုဟာ အင်္ဂလိပ်အမွေကောင်းကို ငြင်းပယ်ခဲ့တယ်။ ဒါ့ကြောင့် ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ တိုင်းပြည်တွေဟာ လွတ်မြောက်ပြီး မကြာမီ ထူထူထောင်ထောင် ဖြစ်ခဲ့ပေမယ့်၊ ကျနော်တို့ တိုင်းပြည်ဟာ အနိမ့်ကျဆုံး ကျဆင်းခဲ့ပါတယ်။...