လူမှုတော်လှန်ရေး အရွေ့
ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း လက်ရှိမြန်မာပြည်မှာ ပြဿနာတွေ တော်တော်များများရှိပါတယ်။ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်ပြဿနာ၊ စားဝတ်နေရေး ကျပ်တည်းခြင်း ပြဿနာဆိုတာတွေကို ပြောနေကြတာများလို့ မပြော တော့ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ၊ သိသလိုလိုဖြစ်ပြီး ဖာသိဖာသာထားထားတဲ့ ပြဿနာကို ပြောချင်တယ်။ အဲဒါကတော့ ကိုယ်ရည်ကိုယ်သွေး ပြဿနာဖြစ်ပါတယ်။ လူတစ်ဦးချင်းကိစ္စဖြစ်သလို လူ့အဖွဲ့အစည်းကိစ္စ လည်းဖြစ်တယ်။ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတာဖြစ်ပါတယ်။...