စာရေးဆရာ

စာရေးဆရာ တစ်ယောက်ဟာ၊ ခိုင်မာတဲ့ စာပေအယူအဆရှိရမယ်။ စွဲစွဲမြဲမြဲ လုပ်တတ်ရမယ်။ ကောက်ရိုးမီးစိတ်နဲ့၊ စာရေးလို့ မရဘူး။ စာတိုပေစ ရေးတတ်ရုံနဲ့ စာရေးဆရာ နာမည် မတပ်သင့်ဘူး။ မူမရှိဘဲ၊ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့ စာပေကို ဖန်တီးရင်၊ မရိုးသားရာကျတယ်။ တော်တော်များများက၊ စာရေးတတ်ချင်တယ်။ ဒါပေမယ့်၊ သူတို့က ဖင်မမြဲကြဘူး။ စာရေးဆရာဖြစ်ချင်ရင်၊ ခုံနဲ့ တင်ပါးကို ကော်နဲ့ ကပ်ထားမှရမယ်။ စာရေးဆရာ...

စာကြည့်တိုက်

စာကြည့်တိုက် ဆိုတာ ဘီ ငါးလုံး နဲ့ ပြည့်စုံရမယ်လို့ ဆိုတယ်။ Building, Book, Brain, Burrower, Budget • စာကြည့်တိုက် တစ်တိုက်ဖြစ်ဖို့ ခက်တယ်။ • စာကြည့်တိုက် တစ်တိုက် လည်ပတ်ဖို့ ပိုခက်တယ်။ • ပုံမှန်လည်ပတ်ဖို့ အခက်ဆုံးဖြစ်တယ်။ • အဲ့ထက် ခက်တာကတော့၊ နှစ်ပေါင်း ရှည်ရှည် ပုံမှန်လည်ပတ်ဖို့...

သင်ကြားရေးအလုပ်

သင်ကြားရေးအလုပ် ၊ ကျောင်းဆရာ အလုပ်ကို လုပ်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ရေးသားပါတယ်။ မြန်မာပြည် ပညာရေးစနစ်ဟာ ၊ ဆင်ခြင်တုံတရားကို ဦးစားပေးတဲ့ ၊ ဝေဖန်ဆန်းစစ် ပိုင်းခြားစဉ်းစားခြင်းကို အားပေးတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ သင်ကြားရေးအလုပ်ကို လုပ်နေတဲ့ ကျောင်းဆရာတွေ ကိုယ်တိုင် ဖွင့်ထားသောစိတ်နဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အားထုတ်နိုင်ကြပါစေ။ မင်းသေ့ သင်ကြားရေးအလုပ်ကို ကျနော်...

သမိုင်းဆိုင်ရာဝေဖန်စောကြောချက်

ဆရာကြီးဒေါက်တာအောင်ခင်ရဲ့ စာအုပ်ကို ဖတ်မိပါတယ်။ စိတ်ဓာတ်တော်လှန်ရေးစာအုပ် ဖြစ်ပါတယ်။ ယခင်က ဒေါက်တာမောင်မောင်ကြီး ရေးတဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး စာအုပ်ကို ဒေါက်တာအောင်ခင်က အသံလွှင့် ဆောင်းပါးတွေ ထုတ်ထားတာ ဖတ်ရတယ်။ မြန်မာ့နိုင်ငံရေးအတွေးအခေါ်ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ် ကိုလည်း ကျနော် စာညွှန်းရေးခဲ့ဖူးတယ်။ အဲသည့် စာအုပ်မတိုင်ခင်က ၊ ဒေါက်တာအောင်ခင်ရေးတဲ့ တရုတ် မြန်မာ ဆက်ဆံရေးစာတမ်းများ စာအုပ်ကိုလည်း ဖတ်ဖူးတယ်။...

ပညာတတ်ကိစ္စ

မြန်မာပြည်က နိုင်ငံတည်ဆောက်ရေးကို သွားနေရတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်ချက် တွေ ရှိတယ်။ အရေးအကြီးဆုံး လိုအပ်တာကတော့ လူ။ ပညာတတ်တဲ့လူ။ ပညာတတ်ရှိမှ နိုင်ငံတည်ဆောက် ရေးကို သွားလို့ရမယ်။ ပညာမတတ်တဲ့လူတွေနဲ့ ဒီမိုကရေစီကိုလည်း သွားလို့ မရဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်အောင်လည်း မလုပ်နိုင်ဘူး။ ပညာမတတ်တဲ့လူတွေရဲ့လက်ထဲကို ဒီမိုကရေစီစနစ် ထည့်ပေးလိုက်တာ သိပ်ကို အန္တရာယ်ကြီးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆိုတာလည်း သယံဇာတကို...

Burma Version Buddhism အကြောင်း ရှင်းချက်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ,က ဟောကြားခဲ့ပြီးပါပြီ။ ဘုရားပေါ်ကို အမျိုးသမီး မတက်ရ ဆိုတာကို ‘it’s not Buddhism, it’s tradition’ လို့ ဟောခဲ့ပြီးပါပြီ။ အမျိုးသမီး၊ အမျိုးသားကိစ္စဟာ ဗုဒ္ဓ အဟော မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမလည်း မဟုတ်ပါဘူး။ ဗုဒ္ဓကိုယ်တိုင်က လူမျိုးအားဖြင့်၊ လိင်အားဖြင့်၊ ဆင်းရဲချမ်းသာအားဖြင့်၊ ရာထူးအာဏာအားဖြင့်၊ ဒေသအားဖြင့်၊ ဂုဏ်အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။...

လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့

• နှင်းရည်တစက် အိပ်မက်တသက် (Political Drama) • အောင်မိုးဝင်း ။ • ၂၀၁၉ ၊ ဇွန်လ ၊ ရန်ကုန်လမ်းမများစာပေ။ မြန်မာပြည်ပညာရေးကို ဖျက်ဆီးခဲ့တဲ့သူတွေအထဲမှာ အစိုးရတင် သာမကဘူး။ နာမည်ပြီး စာရေးဆရာ တချို့ပါ ပါနေပါတယ်။ ဒီလူတွေက သူတို့ကြိုက်နှစ်သက်တဲ့သူဆိုရင် နတ်ဘုရားနီးပါးပဲ။ ကျန်တဲ့လူတွေအားလုံးကို ဗီလိန် လုပ်ပစ်တယ်။ ကိုအောင်မိုးဝင်းက သူ့ရဲ့ဆောင်းပါး...

မြန်မာလူ

မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်။ မြန်မာပြည်ဟာ အသွေးအရောင်စုံလို့၊ အပေါက်အစပ်များနိုင်ပါတယ်။ နိုင်ငံရေးကိစ္စဆိုတာ အများကိစ္စဖြစ်တယ်။ အများနဲ့လုပ်ရတဲ့ကိစ္စဖြစ်လို့၊ အလုပ် မတွင်တာတွေ၊ အလုပ်မဖြစ်တာတွေ၊ ရုပ်ပြသဘောဖြစ်သွားတာတွေ ဖြစ်လေ့ရှိတယ်။ အထင်တွေ၊ အမြင်တွေ၊ အယူအဆတွေက အရမ်းကာရောပြောတာတွေ၊ ရမ်းတုပ် မှန်းတုပ်တာတွေ၊ နားစွန်နားဖျားကြားတာတွေ၊ ကောလဟလတွေအပေါ် အခြေပြုတာတွေ များလာရင် ဒီမိုကရေစီသွားရာလမ်းဟာ မဖြောင့်ဘူး။ မဖြူးဘူး။ ကွေ့နေမယ်။ ဝေ့နေမယ်။ နောက်ပြန်ဝိုက်သွားနိုင်တယ်။...

နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….

နိုင်ငံရေးသမားဟာ ကိုယ့်လုပ်ရပ်ကို ကိုယ် ကြောင်းကျိုးဆင်ခြင်ရမယ်။ နိုင်ငံရေးသမားတစ်ယောက် အာဏာ ရှိလာပြီဆိုရင်၊ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အများနဲ့ ဆိုင်လာ ပြီ။ အများကို သက်ရောက်လာနိုင်ပြီ။ ဒ့ါကြောင့် နိုင်ငံရေးလုပ်နေသူအဖို့၊ သူ့လုပ်ရပ်တွေကို သာမန်လူတစ် ယောက်ထက် ပိုပြီး ကြောင်းကျိုးဆင်ခြင်မှု လုပ်နိုင်ရမယ်။ ဒါမှ လူ့အဖွဲ့အစည်းအတွက် ကောင်းသော အကျိုး ရလဒ်ကို ဖန်တီးထားနိုင်မယ်။...

ဗမာ ၊ ဗမာ ဘုရင့် အာဏာ / သာသနာ

အနော်ရထာက စတင်ခဲ့တဲ့ ဗမာသမိုင်းဟာ နှစ်ပေါင်းများစွာ အတည်အတံ့ရှိခဲ့ပြီ။ ဂုဏ်ရောင်တွေ ထွန်းပြောင်ခဲ့ သလို၊ ဂုဏ်ရောင်တွေလည်း ညှိုးမှိန်ခဲ့ပြီးပြီ။ သမိုင်းဟာ အစဉ်အတိုင်း လည်သလို၊ တစ်ပတ်လည်သလို၊ ဆူကြုံ မြင့်တုံ ရှိခဲ့ပြီးပြီ။ ဗမာ / မြန်မာ အသုံးအနှုန်းတွေအပေါ် စကားလုံး တစ္ဆေခြောက် မခံချင်ပါဘူး။ စစ်တွေ တိုက်ခဲ့ တယ်။ အင်ပါယာတွေ ချဲ့ခဲ့တယ်။ လူသတ်ပွဲတွေ...