ကြေညက်အောင် ဖတ်

စာကိုကြေညက်စေခြင်း။ • ပညာဖြစ်ဖို့၊ အပေါ်ယံ ကြေညက်ခြင်းနဲ့ မရဘူး။ • တိတိကျကျဖြစ်ဖို့၊ ရေးသားသင့်က ရေးရမယ်။ ဒီတစ်ခါတော့၊ စာသမားတို့အကြောင်းရေးချင်တယ်။ စာသမားတွေဟာ၊ စာကို ကြေညက်ကို ဘယ်လို ချက်ကြသလဲ ဆိုတဲ့ အကြောင်း။ စာဖတ်တာဟာ၊ အစာစားတာနဲ့ တူပါတယ်။ အစာ စားဖို့၊ စားမယ့် အစာကို ပြင်ဆင်တယ်။ ချက်ပြုတ်တယ်။ တချို့က၊ တန်ဆာဆင်ပြီးတောင်...

စာရေးတဲ့ အလုပ်။

စာရေးတဲ့အလုပ်ဟာ၊ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ ဒါကို စာရေးဆရာကြီး မြသန်းတင့် ပြောဖူးတယ်။ စာရေးတဲ့ အလုပ်ကို၊ လူတိုင်း လုပ်နိုင်ပေမယ့် စာရေးဆရာ ဆိုတဲ့ ပညတ်ချက်ကို လူတိုင်း မခံယူထိုင်ဘူး။ အသိုင်းအဝိုင်းကောင်းလို့၊ ငွေကြေးတတ်နိုင်လို့ စာအုပ်ရေးပြီး ထုတ်နိုင်ရင် စာရေးဆရာ အမည်တပ်နိုင်ပေမယ့်၊ စာဖတ်သူရဲ့ လက်ခံမှုကို စာရေးဆရာတိုင်း မရကြဘူး။ ဒါက ဘာလို့လဲဆိုတော့၊ စာဖတ်သူကို...

စာအုပ်ရွေးချယ်ပုံ

ကျနော် စာအုပ်တစ်အုပ်ကို ဝယ်တော့မယ်ဆိုရင်၊ အခြေခံ အချက် (၂) ချက်ကို ကြည့်ပြီး၊ ဝယ်ဖို့ မဝယ်ဖို့ ဆုံးဖြတ်ပါတယ်။ နံပါတ် တစ် အချက်က၊ အကြောင်းအရာကို ကြည့်တယ်။ နံပါတ် နှစ် အချက်က၊ စာရေးသူကို ကြည့်တယ်။ ဒီနေရာမှာ၊ စာရေးဆရာ လို့ မသုံးပါဘူး။ စာအုပ်ရေးသူ တိုင်းက၊ စာရေးဆရာ မဟုတ်ကြပါဘူး။ စာရေးဆရာ...

စာအုပ်သစ်

ဒေါက်တာ သန်းထွန်းက ပြောတယ်။ အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင်၊ စာအုပ်သစ် မရေးနဲ့…တဲ့။ ကျနော် စာသင်ရင်၊ ကျနော် စာရေးရင်၊ ဒေါက်တာ သန်းထွန်းမူကို အမြဲလိုလို ကိုင်ပြီး ရေးတယ်။ ရံဖန်ရံခါ ရေးချင်စိတ် ပေါ်တယ်။ ဒါပေမယ့်၊ ဒါဟာ သမာရိုးကျ အမြင် ဖြစ်နေတယ်။ ရိုးလွန်းတဲ့ အချက်အလက်ဖြစ်နေ တယ်။ စာဖတ်သူအတွက်၊...

သတင်းစာဆရာ နှင့် နိုင်ငံရေးသမား

သတင်းစာဆရာ နှင့် နိုင်ငံရေးသမား… အပြန်အလှန် ထိန်းထိန်းညှိညှိ…. နိုင်ငံရေးသမားက၊ ဆင်လိုပဲ။ အရေထူတယ်။ တော်ရုံနဲ့ ပြုတ်မနူးဘူး။ စုန်းပြူးလို့တော့ မပြောချင်ပါဘူး။ ဒီစကားက၊ နားထဲဝင်တာ နုပ်လို့။ ပြီးတော့၊ ကန့်လန့်ကြီး ဝင်သွားတော့… အဝင်ဆိုးတယ်။ စာနယ်ဇင်းဆိုတာ၊ ကလောင်နဲ့ အုပ်ချုပ်တဲ့ အစိုးရလို့ ဆရာကြီး လူထုစိန်ဝင်း ရေးတာ ဖတ်ဖူးတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကို၊ စတုတ္ထမဏ္ဍိုင်လို့ ဆိုကြတယ်...

စာရေးတတ်ချင်လား

စာရေးတတ်ချင်လား…. တင်ပါး ကော်သုတ်ထား။ ဖင်မြဲပါလို့ ပြောတာ။ စာရေးတဲ့ အလုပ်မှ၊ မဟုတ်ဘူး။ ဘယ်အလုပ်ကို လုပ်လုပ် ဖင်မမြဲရင် မရဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ လောက်လောက်လားလားဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ လူတွေက၊ စာရေးတတ်ချင်တယ်လို့၊ တစ်ဖွဖွ ပြောကြတယ်။ ဒါ့ပေမယ့်၊ မှတ်စုစာအုပ်မှာ မှတ်စု ၁၀ မျက်နှာထုတ်ကြည့်ပါလို့ ပြောရင်၊ မလုပ်နိုင်ကြဘူး။ မှတ်စု ထုတ်တာကို၊...

စာရေးဆရာနှင့် ခံစားမှု

အနုပညာဆိုတာ၊ ဝေဒနာ အားလုံးရဲ့ အစုအပေါင်း။ စာရေးဆရာတွေက၊ အနုပညာကို ချစ်တယ်။ အနုပညာကို သူတို့က ပစ္စည်းတစ်ခုလို မမြင်။ နုခြင်း၊ လှခြင်းကို ပညာနဲ့ ခြယ်မှုန်းခြင်းလို့ ယူတယ်။ လူတွေထဲမှာ အနုတွေ ရှိတယ်။ သဘာဝထဲမှာ အလှတွေ ရှိတယ်။ စာရေး ဆရာတို့က၊ လူတွေထဲကနေ အလှတွေကို နှိုက်ထုတ်ဖို့ ကြိုးစားတယ်။ သဘာဝထဲကနေ၊ အလှကို...

စာသမား

စာတွေကို အပျော်ဖတ်လို့ရပါတယ်။ စာတွေကို၊ ရည်ရွယ်ချက်နဲ့ ဖတ်လို့ ရပါတယ်။ စာတွေကို၊ ပညာရပ်ဆိုင်ရာ လေ့လာသလို၊ ဖတ်နိုင်တယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက်၊ အထောက်အကူဖြစ်ဖို့လည်း ဖတ်လို့ရတယ်။ ကျနော်တို့ ဘဝမှာ၊ အချိန်များများ မရပါဘူး။ အချိန်တွေက၊ တိုတောင်းလွန်းတယ်။ အဲ့တော့၊ ကိုယ့်အချိန် တွေကို ဘာအတွက် အသုံးပြုမလဲဆိုတာ၊ ရွေးရမယ်။ ကိုယ်ဖတ်တဲ့ စာအုပ်တွေကိုလည်း ရွေးရမယ်။ ကိုယ်ဖတ် တဲ့...

များများဖတ်ဖို့ထက် နာနာဖတ်ဖို့

တချို့စာတွေက၊ မျက်လုံးနဲ့ ဖတ်ရုံနဲ့ မရဘူး။ လက်နဲ့ ဖတ်မှရမယ်။ လက်နဲ့ ဖတ်တယ်ဆိုတာ၊ လိုင်းသား၊ မျဉ်းသား၊ ခရေပွင့်ပြ၊ မှတ်စုထုတ်၊ မှတ်ချက်ရေး… စတာတွေကို ပြောတာ ဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့နေရာမှာ၊ များများ ဖတ်ဖို့ထက်၊ နာနာဖတ်ဖို့ကိုပဲ တိုက်တွန်းချင်တယ်။ ဒါ… ကျနော့် စာဖတ်သက်တစ်လျှောက်လုံးမှာ၊ ကျနော် ရခဲ့တဲ့ နည်းပဲ။ များများဖတ်ဖို့လည်း မလိုဘူးလား...

စာသွင်း ၊ စာထုတ်

စာသင်ပါများရင် လေကုန်တယ်။ စကားပြောပါများရင်လည်း လေကုန်တယ်။ ဟောပြောတာ များရင်လည်း လေကုန်တယ်။ စာရေးပါ များရင် လက်ကုန်တယ်။ လေကုန်ရင်၊ လက်ကုန်ရင်၊ ဖြည့်ဖို့လိုပါတယ်။ မဖြည့်ဘဲ၊ ဆက်ရေးရင်၊ ဆက်ဟောရင် လူတွေက ကိုယ့်ကွယ်ရာမှာ ငပေါကြီးလို့ ဟားလိမ့်မယ်။ အသစ်အသစ် မပေးနိုင်ရင်လည်း၊ လူတွေ ငြီးငွေ့သွားနိုင်တယ်။ ကိုယ့်အပြုအမူနဲ့ ငွေတွေ ရတယ်လို့ လူတွေက မြင်ရင်၊ လုပ်စားသူကြီး...