အနုပညာဆိုတာ၊ ဝေဒနာ အားလုံးရဲ့ အစုအပေါင်း။
စာရေးဆရာတွေက၊ အနုပညာကို ချစ်တယ်။ အနုပညာကို သူတို့က ပစ္စည်းတစ်ခုလို မမြင်။ နုခြင်း၊ လှခြင်းကို ပညာနဲ့ ခြယ်မှုန်းခြင်းလို့ ယူတယ်။ လူတွေထဲမှာ အနုတွေ ရှိတယ်။ သဘာဝထဲမှာ အလှတွေ ရှိတယ်။ စာရေး ဆရာတို့က၊ လူတွေထဲကနေ အလှတွေကို နှိုက်ထုတ်ဖို့ ကြိုးစားတယ်။ သဘာဝထဲကနေ၊ အလှကို ဖော်ထုတ် ခြယ်သဖို့ အားထုတ်တယ်။
သူတို့ ကိုယ်တိုင် အနုအလှကို ပြောင်ပြောင်မြောက်မြောက် ဖော်ထုတ်ဖို့၊ ခံစားချက်ဝေဒနာတွေကို ပြင်းပြစေ တယ်။ စာရေးဆရာတို့ရဲ့ ကိုယ်ပိုင်ဉာဉ်အရ၊ စကားလုံးတွေနဲ့ အနုအလှကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ဒီလိုပဲ၊ ဝေဒနာကို စကားလုံးတွေနဲ့ ကူးလူးဖို့ လုံ့လထုတ်ကြတယ်။


စာရေးဆရာတစ်ယောက်ရဲ့ စကားလုံး ပြင်းပြခြင်းဟာ၊ ခံစားချက် ပြင်းပြခြင်းလို့ ပမာယူလို့ ရတယ်။ စကားလုံး တွေ တိုရင်၊ ပြတ်ရင် ခံစားချက်တွေ တိုတယ် ပြတ်တယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒါဟာ၊ ယေဘုယျမှန်ပေမယ့် တရားသေ မဟုတ်။ ဖွဲ့ခြင်း နွှဲ့ခြင်းကို၊ တိုတိုပြတ်ပြတ်နဲ့ ပုံဖော်ရင်၊ မကောင်းဘူး။ သဘာဝ မကျဘူး။ စကားလုံး တစ်ခုချင်းစီက၊ ခံစားချက် တစ်ခုချင်းစီကို ကိုယ်စားပြုကြတယ်။


ခံစားချက်တွေ စုပေါင်းပြီး၊ စကားလုံးတွေကို ဖွဲ့သီတဲ့အခါ၊ ခံစားချက် အစုအပေါင်းဖြစ်လာတယ်။ စာရေးဆရာ ဟာ၊ ခံစားချက်တွေကို ဝယ်ယူဖို့ ဝန်မလေးတတ်ဘူး။ သူတို့ဟာ၊ လူ့သဘာဝကို သိစွမ်းဖို့၊ ကြေးကြီးကြီးပေး ရလည်း ဝန်လေးတဲ့ သတ္တဝါတွေ မဟုတ်ပြန်ဘူး။


လောကကြီးမှာ၊ လေ့လာစရာတွေ သင်ယူစရာတွေ၊ ဖော်ကျူးစရာတွေ အများကြီး ရှိတယ်။ ဒီလိုဖော်ကျူးချက် တွေ ဖြစ်လာဖို့ကို၊ စာရေးဆရာတွေက စကားလုံး လက်နက်ကို သုံးပြီး တာဝန်ထမ်းဆောင်တယ်။ စာရေးဆရာ တွေက၊ ခံစားချက်တွေအတွက် နှလုံးသားကို ဦးစားပေးပေမယ့်၊ စာရေးခြင်း အတတ်ကို ဦးနှောက်နဲ့ တည် ဆောက်ကြတယ်။
စာရေးဆရာ တစ်ယောက်ဟာ၊ ရသကို ရေးချင်မှ ရေးလိမ့်မယ်။ သို့တိုင်အောင်၊ သူ့နှလုံးသားမှာ ရသ မရှိလို့ ဆိုလို့ မရ။ သူဟာ၊ ရသကို မဖော်ထုတ်ပေမယ့် ရသကို ရေမြုပ်လို အမြဲ စုပ်ယူဖို့ ကြိုးစားနေတယ်။ ဒါဟာ စာပေ ကို နှစ်ခြိုက်မြတ်နိုးသူရဲ့ နှလုံးသား ဗီဇ ဖြစ်တယ်။


မင်းသေ့
ည ၈ း ၀၄
၁ ၊ ဧပြီ ၊ ၂၀၁၈ ။
မန္တလေးမြို့။

Book Worm Previous post စာသမား
Next post စာရေးတတ်ချင်လား