ဖွင့်ဟခွင့်

ငါ့ရဲ့လျှို့ဝှက်ချက်တေးရေး / တေးဆို - ဖိုးကာhttps://www.youtube.com/watch?v=p6m4_qp9KCY https://www.youtube.com/watch?v=p6m4_qp9KCY ခံစားချက်နဲ့ပတ်သက်ရင် လူတွေဟာ လျှို့ဝှက်ချက်တွေ များလိုက်တာ။ သိုဝှက်ရတာတွေ၊ ဖုံးကွယ်ရတာတွေ၊ ဟန်ဆောင်ရတာတွေ။ ခံစားချက်ဟာ ဖွဲမီးလို တငွေ့ငွေ့ အုံပုန်းလောင်ကျွမ်းနေတာဟာ ပြင်းထန်တဲ့ ဝေဒနာလို့ ကျနော် ပြောချင်တယ်။ ဖော်ပြခွင့်မရတဲ့ ခံစားချက်​တွေ ဘယ်လောက်များပြားနေမလဲ။ လူရယ်လို့ ဖြစ်လာရင်၊ အကြောင်းရေစက်တွေကို မျှော်ကိုးတောင့်တနေတာကလည်း သောကဒုက္ခပဲ မဟုတ်လား။...

အခန်း (၃) ဖြတ်သန်းရမှု

နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။...

စာရေးဆရာနှင့် ခံစားမှု

အနုပညာဆိုတာ၊ ဝေဒနာ အားလုံးရဲ့ အစုအပေါင်း။ စာရေးဆရာတွေက၊ အနုပညာကို ချစ်တယ်။ အနုပညာကို သူတို့က ပစ္စည်းတစ်ခုလို မမြင်။ နုခြင်း၊ လှခြင်းကို ပညာနဲ့ ခြယ်မှုန်းခြင်းလို့ ယူတယ်။ လူတွေထဲမှာ အနုတွေ ရှိတယ်။ သဘာဝထဲမှာ အလှတွေ ရှိတယ်။ စာရေး ဆရာတို့က၊ လူတွေထဲကနေ အလှတွေကို နှိုက်ထုတ်ဖို့ ကြိုးစားတယ်။ သဘာဝထဲကနေ၊ အလှကို...