⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များနှင့် နိုင်ငံတကာစာအုပ်များ

တချို့စာတွေဟာ မြည်းကြည့်ဖို့။တချို့စာတွေဟာ ဝါးဖို့။တချို့စာတွေဟာ မြိုချဖို့။ _______________________(ဖရန်စစ်ဘေကွန်) • ကျော်ဝင်းဟာ စာအုပ်တွေအကြောင်း ပြောခဲ့ပါတယ်။ စာအုပ်တွေကို အညွှန်းရေးခဲ့ပါတယ်။ စာအုပ်တွေ ဖတ်ပြီး သူမြင်တာကို ပွင့်ပွင့်လင်းလင်း တို့ထိ ရေးသားပါတယ်။ အဲသည့်လို ရေးသားချက်တွေထဲမှာ တချို့ကို တို့ရုံ တို့တယ်။ တချို့ကို ထိရုံ ထိတယ်။ တချို့ကို သဘောထား ထင်မြင်ချက်တွေ ပေးတယ်။ တချို့ကျတော့...

စာရေးဆရာဘဝကို ဆန်းစစ်ခြင်း

ကိုယ့်အကြောင်းကို ကိုယ်ကြည့်တဲ့အခါ၊ တွေ့မိတာတွေ ရှိပါတယ်။ “ငါဟာ စာရေးခြင်းနဲ့ပဲ အသက်မွေးချင်တဲ့ သူ” ဆိုတာ တဖြည်းဖြည်း ပိုသေချာလာပါတယ်။ ရေးသားခြင်းအလုပ်ကို ခုံမင်တယ်၊ နှစ်ခြိုက်တယ်၊ ပျော်မွှေ့ တယ်။ လေ့လာအားထုတ်ရခြင်းကို သဘောကျတယ်၊ ကျေနပ်တယ်။ သိနားလည်အောင် လုပ်ရတာကိုက ကံကောင်းခြင်း ဆုလာဘ်တစ်ခုပဲလို့ မှတ်ထင်ပါတယ်။ လိုရင်းအလုပ်ကို တွေ့ရှိလာလေလေ၊ အပိုဆာဒါးတွေ အပေါ်မှာ ခုံမင်တပ်မက်မှု လျော့နည်းလာလေလေ...

စာရေးတဲ့စိတ်ကို ကျင့်ရမှာ 

စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်နော်။ တချို့က စာရေးတယ်ဆိုတာ လက်က ရေးတယ်လို့ ထင်နေတာ။ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ စိတ်က ရေးနေတာ။ စိတ်က တွေးတဲ့အတိုင်း လက်က လိုက်ပါ ရတာ။ စိတ်က စေစားတဲ့အတိုင်း လက်က လိုက်လုပ်ရတာ။ စိတ်က အမိန့်ပေးတဲ့အတိုင်း လက်က နာခံရတာ။ စိတ်က ပုံဖော်တဲ့အတိုင်း လက်က ကပြအသုံးတော်ခံရတာ။  ဆရာ...

ပုံပြောတဲ့ အကောင် 

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ မဖြစ်မနေ ပါလာရမယ့် ဉာဉ် တစ်ခု ရှိတယ်။ စာရေးဆရာမှ မဟုတ်ပါဘူး၊ အနုပညာသမားတိုင်းလိုလိုမှာ ဒီဉာဉ်လေးက ပါလာတယ်လို့ ထင်တယ်။ အဲဒါကတော့ storyteller လို့ ခေါ်တဲ့ ပုံပြင်ပြောတတ်စရိုက်ဉာဉ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အရပ်သုံးစကားဖြစ်တဲ့ “ဒီကောင် ငါ့ကို ပုံပြင်ပြောသွားပြီ” ဆိုတဲ့ အသုံးနဲ့တော့ ထပ်တူ မပြုစေချင်ဘူး။ အဲဒါ...

နိုင်ငံရေးကျောင်းဆရာ 

ကျနော်ဟာ အစိုးရကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာ မဟုတ်ပေမယ့်၊ အစိုးရမဟုတ်တဲ့ ကျောင်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျနော့် အသက် (၂၂) မှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ နိုင်ငံရေးဘာသာရပ်တွေကို သင်တဲ့ နိုင်ငံရေးကျောင်းဆရာတစ်ယောက်ပေါ့။  တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့်ရဲ့ စရိုက်သကန်ကို ကြည့်ပြီး ကျနော့် သူငယ်ချင်းရဲ့ ဒေါ်လေးတစ်ယောက်က...

စကားလုံးတွေကို ချစ်လို့

ကျနော် ဘာလို့ စာရေးဆရာဖြစ်လာသလဲဆိုတာကို မေးရင် - စကားလုံးတွေကို ချစ်လို့ပါပဲ လို့ အရိုးဆုံး ဖြေချင် တယ်။ စကားလုံးတွေအပေါ် ကိုယ့်ရဲ့ စွဲလမ်းတပ်မက်မှုကို တဖြည်းဖြည်း သတိထားကြည့်တယ်။ ဝေါဟာရ တစ် လုံး၊ စကားလုံးတစ်ခုကို အမှုမဲ့ အမှတ်မဲ့ မထားဘဲ - ဂရုတစိုက် စဉ်းစားတတ်တဲ့သဘာဝဟာ ကျနော့်ဆီမှာ ကိန်း ဝပ်နေတာ ကြာပြီ။...

မသေမျိုးကို သယ်ဆောင်ခြင်း

မသေမျိုးကို သယ်ဆောင်ခြင်း —- တဲ့။  စကားလုံးက လှလိုက်တာ။ တကယ်တော့ ဒီစကားလုံးကို Country Roads စာအုပ်တိုက်က ကိုဇော်သက်ဆီက ရတာပါ။  သူ က ကျနော့်ကို ပြောတယ်။  “အစ်ကို … ကျနော် စာအုပ်တွေ ပြန်လုပ်ချင်ပြီ” တဲ့။  စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်ရင်၊ ကျနော်က အမြဲတမ်း နောက်မတွန့်တမ်း အားပေးသူ။ ချဗျာ… ချကွာ…...

စာမရေးဆရာ

★ စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ်...

ကျနော် ဘာကြောင့် စာရေးသလဲ

★ ကျနော် ဘာ့ကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးတဲ့အခါ၊ အဖြေတွေ အများကြီး ထွက်လာ တယ်။ အဖြေဆိုတာထက် အကြောင်းပြချက်တွေ အများကြီး ရှိတယ်လို့ ပြောရင် ပိုမှန်မယ်။ အကြောင်းပြချက်တွေ ခပ်များများ ရှိအောင်လည်း ကျနော် ကိုယ်တိုင် ရှာဖွေ တည်ဆောက်ထားတယ်။ “ထောက်ထားတယ်” လို့ ပြောရင် ပိုမှန်မယ်ပေါ့။ ဘာလို့လဲဆိုတော့ …...

ဝေဖန်ရေးသမားတစ်ယောက်၏ သံဝေဂကထာ

★ ကျနော် ရေးတဲ့ ဆောင်းပါးအများစုဟာ ဝေဖန်ရေးဆောင်းပါးတွေလို့ ပြောလို့ ရပါတယ်။ များသောအားဖြင့်၊ နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေနဲ့ လူမှုဝေဖန်ချက်ဆောင်းပါး အများစု ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ကျနော် ရေးလေ့ရှိပေမယ့်၊ စာပေဝေဖန်ရေး မဆန်ဘူးလို့ ထင်ပါတယ်။ စာပေမှာကတော့ စာအုပ်အကြောင်း၊ စာရေးဆရာအကြောင်း၊ စာရေးခြင်း အကြောင်း၊ စာဖတ်ခြင်းအကြောင်း၊ စာပေရဲ့သဘောသဘာဝအကြောင်း ရှင်းလင်းတင်ပြတာမျိုးသာ ကျနော် အရေးများပါတယ်။ စာအုပ်အညွှန်းအရေးများပေမယ့်၊ စာအုပ်ဝေဖန်ချက်တော့...