စာရေးတဲ့စိတ်ကို ကျင့်ရမှာ 

စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်နော်။ တချို့က စာရေးတယ်ဆိုတာ လက်က ရေးတယ်လို့ ထင်နေတာ။ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ စိတ်က ရေးနေတာ။ စိတ်က တွေးတဲ့အတိုင်း လက်က လိုက်ပါ ရတာ။ စိတ်က စေစားတဲ့အတိုင်း လက်က လိုက်လုပ်ရတာ။ စိတ်က အမိန့်ပေးတဲ့အတိုင်း လက်က နာခံရတာ။ စိတ်က ပုံဖော်တဲ့အတိုင်း လက်က ကပြအသုံးတော်ခံရတာ။  ဆရာ...

စာမရေးဆရာ

★ စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ်...

သေခြင်းဒဿနမှသည်

“ဒီကောင်၊ မင်းသေ့… စာအုပ်တွေ ခဏ ခဏ ထုတ်နေတာ အတော်ရောင်းရလို့ ဖြစ်မယ်”လို့ မိတ်ဆွေ သူငယ်ချင်း တချို့ ကတော့ ထင်ကောင်းထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး။ ကျနော့် စာအုပ်တွေဟာ ခပ်နှေးနှေး၊ ခပ်ဖြည်းဖြည်း ချင်းသာ သွားတဲ့အမျိုးပါ။ တစ်ခါတည်း ပြိုက်ခနဲ ကုန်သွားတဲ့ စာအုပ်မျိုးတွေ မဟုတ်ပါဘူး။ မိတ်ဆွေ တချို့က ပြောတယ်။ “ခင်ဗျား စာတွေက...

လူထုစိန်ဝင်း၏ သွန်သင်ချက်မှ

(စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ) မန္တလေးစာပေမျိုးဆက် (၄) ဆက်မှာတွေ့ရတဲ့ စာရေးခြင်းစိတ်ဇော ဘယ်လောက်ထက်သန်သလဲဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။လူထုဒေါ်အမာ၊လူထုစိန်ဝင်း၊ဒေါက်တာခင်သစ်နှင်း၊ထို့နောက်….. လူထုရေမြေ လူထုဒေါ်အမာ (၁၉၁၅ - ၂၀၀၈) နဲ့ လူထုစိန်ဝင်း (၁၉၄၀ - ၂၀၁၂)တို့မှာ တူတဲ့အချက် တစ်ခုရှိတယ်။ အမေမာရဲ့ ဆောင်းပါးတွေကို ဖတ်ရင် ရိုးရိုးနဲ့ သိပ်သွက်တာပဲ။ ဖတ်ရတဲ့သူမှာ တောင့်နေတယ်၊...

▄ စု – တု – ပြု … မှသည်

ပုံစာ - ကျနော် နေ့စဉ်ရေးတဲ့ဆောင်းပါးတွေကို စာရင်းသွင်းထားပုံ တစ်စိတ်တစ်ပိုင်း (၂၀၂၁ အောက်တိုဘာ နှစ်ပတ်အတွင်း) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်းက ရန်ကုန် ပန်မြန်မာမှာ၊ ကျနော့်ရဲ့ စာအုပ်မိတ်ဆက်ပွဲလုပ်ပါတယ်။ စာဖတ်သမားသို့ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ငါးအုပ်မြောက်ထုတ်ဝေတဲ့စာအုပ်ဖြစ်ပါတယ်။ အဲသည့်စာအုပ်မိတ်ဆက်ပွဲမှာ၊ ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာ ဆန်းထွန်း (စာရေးဆရာ - ဆန်းထွန်းသောင်) က...

▄ သရီးစီ နှင့် ချည်းကပ်နည်း သုံးသွယ်

ကျနော်စာရေးရင် သုံးတဲ့နည်းတချို့ရှိပါတယ်။ အဲသည့်အထဲက အချက် (၃) ချက်ကို နည်းနည်းပြောချင်ပါ တယ်။ စာကို တကယ်ရေးတတ်လာတဲ့လူတွေတော်တော်များများဟာ၊ စာရေးနည်းကို သိလို့ ရေးတတ်လာ တယ်ဆိုတာထက် ဖတ်ပါများရင်း၊ နာနာဖတ်ရင်း၊ ရေးကျင့်များလာရင်း လက်က အလိုလို ကလောင်ကို စမ်း မိ လာတာများပါတယ်။ ကျနော်လည်း ထိုနည်းလည်းကောင်းပါပဲ။ စာရေးနည်းကို သိလို့ စာရေးတာထက်၊ ရေးရင်း သိလာတာ၊...

စာရေးချင်သူသို့ / (၂)

နံပါတ် (၆) စာစုံဖတ်ဖို့။ စာရေးမယ့်သူဟာ စာမဖတ်လို့ မရပါဘူး။ စာဖတ်တယ်ဆိုတာ လေ့လာခြင်းဖြစ်တယ်။ ဆည်းပူးခြင်းဖြစ်တယ်။ စူးစမ်းခြင်းဖြစ်တယ်။ စာတစ်မျိုးတည်းဖတ်လို့လည်း မရဘူး။ စာစုံဖတ်ဖို့ လိုတယ်။ တတ်နိုင်ရင် အင်္ဂလိပ်စာပါ ဖတ်တတ်ဖို့ လိုတယ်။ မြန်မာစာအုပ်တွေ ဖတ်နေရုံနဲ့ မလုံလောက်ဘူး။ အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံး ဘာသာစကားလည်းဖြစ်တယ်။ အကျယ်ပြန့်ဆုံး သုံးစွဲတဲ့ ဘာသာစကားလည်းဖြစ်တယ်။ ဟိုးရှေးအတီအတေ က အင်္ဂလိပ်ဘာသာစကားနဲ့...

စာရေးဆရာနှင့် ခံစားမှု

အနုပညာဆိုတာ၊ ဝေဒနာ အားလုံးရဲ့ အစုအပေါင်း။ စာရေးဆရာတွေက၊ အနုပညာကို ချစ်တယ်။ အနုပညာကို သူတို့က ပစ္စည်းတစ်ခုလို မမြင်။ နုခြင်း၊ လှခြင်းကို ပညာနဲ့ ခြယ်မှုန်းခြင်းလို့ ယူတယ်။ လူတွေထဲမှာ အနုတွေ ရှိတယ်။ သဘာဝထဲမှာ အလှတွေ ရှိတယ်။ စာရေး ဆရာတို့က၊ လူတွေထဲကနေ အလှတွေကို နှိုက်ထုတ်ဖို့ ကြိုးစားတယ်။ သဘာဝထဲကနေ၊ အလှကို...