မြန်မာ့နိုင်ငံရေးလေ့လာချက်

မြန်မာ့နိုင်ငံရေးလေ့လာချက်နှင့်ပတ်သက်ပြီး၊ စာရေးသူ သင်ကြားထားသည့် Power Point ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို သမိုင်းပြက္ခဒိန် အလိုက်စဉ်၍ ၊ ပြုစုစီရင်ထားပါသည်။ မြန်မာ့ခေတ်သစ်နိုင်ငံရေးသမိုင်း အကျဉ်းချုပ်ကို လေ့လာသိရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လေ့လာချင်လျှင် ၊ အောက်ပါ link တွင် …. PDF Download ရယူနိုင်ပါသည်။ Myanmar-Politics-by-Min ThaytDownload

ဒေါက်တာခွန်ကျော်ဦး (သို့မဟုတ်) နှလုံးလှဆရာဝန်

ပါတီနိုင်ငံရေးမှာ ကိုယ့်အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ်မှ ရတယ်…. ဆိုတဲ့ စကားကို မှတ်မှတ် ထင်ထင် ရှိလိုက်မိပါ၏။ AUDIO Audio Book (Dr. Khun Kyaw Oo's Sketch)Download PDF Download (Dr. Khun Kyaw Oo's Sketch)Download နာမည် အရင်းက ဒေါက်တာခွန်ကျော်ဦး။ ကျနော်က သူ့ကို...

အောင်ဆန်းစုကြည် (သို့မဟုတ်) သူ

ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူကတော့ ဟိုးအရင်ကတည်းက အောင်နိုင်ခဲ့ပြီး သူ။ သူ့ကိုယ်သူ အောင်နိုင်ခဲ့ပြီးသူ။ ဆန့်ကျင်ဘက်လူတစ်စုရဲ့စိတ်တွေကို လွှမ်းမိုး အနိုင်ယူပြီးခဲ့ပြီးသူ။ AUDIO AUDIO BOOK (Aung San Suu Kyi's Sketch)Download PDF Download (Aung San Suu Kyi's Sketch)Download သူ့ကို အမျိုးမျိုးတင်စားကြတယ်။...

ဂျူး (သို့မဟုတ်) ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့သူ

ဂျူးဇာတ်ကောင်များက ဩဇာရှိသည်။ သူတို့သည် ဖတ်သူကို လှုပ်နိုးနိုင်စွမ်း မြင့်မားလွန်းလှသည်။ AUDIO Audio Book (Ju's Sketch)Download JU's Sketch PDF Download ဂျူး ဝတ္ထုတွေ များများ မဖတ်ဖူးပါ။ ဂျူးနဲ့လည်း ရင်းနှီးမှု မရှိပါ။ ဆရာမ ဂျူးနှင့် အပြင်မှာ ဟောပြောပွဲတွေကို အကြောင်းပြုပြီး တစ်ကြိမ်၊ နှစ်ကြိမ် ဆုံတွေ့ဖူးခြင်းမှ...

သာသနာ့ အသက်

ဘုရားဥပဒေတော်ကြီး အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်ကြီး) “ ဝိနယော နာမ သာသနဿ အာယု ” ဝိနည်းတရားတော်သည် သာသနာတော်၏ အသက် ဟု ရဟန္တာအရှင်မြတ်တို့ မိန့်တော်မူခဲ့ဖူးသည်။ စည်းမရှိသောရွာ၊ အကွပ် မရှိသောကြမ်း ဗရမ်းဗတာ… ဆိုသည့် စကားပုံရှိသည်။ တစ်ဦးတစ်ယောက်တည်း တည်ရှိနေသော ဧကစာရီကျင့် သူတော်ကောင်းအဖို့ စည်းကမ်းတို့ မလိုအပ်။ သို့သော် ထိုသူတော်တောင်မှ၊ မိမိ...

ရှင်ဇနကာဘိဝံသ

ထေရုပ္ပတ္တိကျမ်းပြု - ဦးဃောသိတ ထေရုပ္ပတ္တိအမည် - အရှင်ဇနကာဘိဝံသ ၏ တစ်ဘဝသာသနာ စာအုပ္အညႊန္း ကျွန်တော် စာကို ရူးရူးသွပ်သွပ် ဖတ်ခဲ့စဉ် အခါတုန်းကာလတုန်းက၊ အတ္ထုပ္ပတ္တိ စာအုပ်တွေကို စာပေနယ်တစ်ခု အနေနဲ့ တစ်စိုက်မတ်မတ်ဖတ်ဖြစ်သည်။ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ရ တာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူး လို့လည်း ယုံကြည်ထားသည်။ ကမ္ဘာ၊ မြန်မာ...

လွှတ်တော် အမတ်

ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးဘူး။ ဘယ်လို အုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။ နိဒါန်း မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။ ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊...

နည်းပညာတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စာတမ်း

စာတမ်းအကျဉ်းချုပ် ဤစာတမ်းသည် နည်းပညာတက္ကသိုလ်(မန္တလေး)ရှိ၊ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်စားပြု၍ ကျောင်းသား၊ ကျောင်းသူများဘက်မှ လိုလားသော ပညာရေးပြုပြင်ပြောင်းလဲမှုကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် ဝန်ကြီး(၁) ယောက် အပြောင်းအလဲရှိတိုင်း နည်းပညာတက္ကသိုလ်များ၏ ပညာရေးစနစ် အပြောင်းအလဲနှင့် ကြုံတွေ့ရသည်ဖြစ်၍ အဆိုပါ ပုံစံမျိုးကို ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရန် တိကျခိုင်မာ၍ အမြော်အမြင်ရှိရှိ ရေးဆွဲအကောင်အထည်ဖော်သည့် နည်းပညာ...

စာဖတ်နည်း

• ဖတ်ချင်သလို ဖတ်…. • ကြိုက်တဲ့နည်းနဲ့ ဖတ်…. စာဖတ်နည်းအကြောင်း ပြောချင်ပါတယ်။ ကျနော့် စာသင်ခန်းထဲမှာ၊ အမြဲကြုံရတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘယ်စာဖတ်နည်းက အကောင်းဆုံးလဲ ဆိုတာ…. စာကို ဘယ်လို ဖတ်ရမလဲ ဆိုတာ…. ကျနော်….၊ ရိုးရှင်းစွာ ဖြေတယ်။ ကျနော့် စာဖတ်သက်တစ်လျှောက် ကျနော် ကိုယ်တိုင် ရခဲ့တဲ့နည်းကို ပြောလိုက်တယ်။ • ဖတ်ချင်သလို...

စာအုပ်များ လူများ

မြန်မာနိုင်ငံမှာ၊ လူတွေ နေ့စဉ် စာရေးနေတယ်။ နေ့တိုင်း၊ စာအုပ်အသစ်တွေ ထွက်နေတယ်။ စာအုပ်တွေက၊ သိန်းနဲ့ ချီပြီး မြန်မာနိုင်ငံမှာ ရှိပါလိမ့်မယ်။ သို့သော်၊ ဖတ်စရာ ရှားတယ်။ စာအုပ်ရီဗျူးတွေ ရေးရခြင်း အကြောင်းရှိတယ်။ ရီဗျူးလို့တော့ အသေအချာ ဆိုလို့မရပါဘူး။ ကျနော်က စာအုပ် နဲ့ ပက်သက်ပြီး ကိုယ့် ခေါင်းထဲက ဝင်လာအတွေးစဉ်ကို၊ ချပြတာ။ နောက်ပြီး၊...