လွတ်လပ်ခြင်း ကွင်းပြင် ၊ လုပ်ကိုင်ခွင့် ဝန်းကျင်

• ပညာရှင်တစ်ယောက်အတွက် လိုအပ်ချက် • ပညာရှင်တစ်ယောက်အတွက် ဘာလိုသလဲ။ • ပညာရှင် ရှင်သန်ဖြစ်ထွန်းရာ အကြောင်းတရားက ဘာလဲ။ ပညာဆိုတဲ့သဘောက လွတ်လပ်ခြင်းကွင်းပြင်မှာသာ ရှင်သန်နိုင်တာဖြစ်ခြင်းကြောင့်၊ ပညာရှင် တစ်ယောက် အတွက် ပထမဆုံးလိုအပ်ချက်က “လွတ်လပ်မှု” လို့ ကျနော်ထင်ပါတယ်။ လွတ်လပ်မှုမရှိရင် ပညာဟာ သေတယ်။ ဒါ့ကြောင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစဟာလည်း လွတ်လပ်ခြင်းမှာသာ ရှင်သန်ပေါက် မြောက်နိုင်တယ်။ လွတ်လပ်ခြင်းကွင်းပြင်မှာသာ...

ဝေါဟာရဆက်ဆံရေး

• စာအုပ် / အတောင်ပါသောစကားလုံးများ • စာရေးဆရာ / ကျော်ဝင်း • စန်းရောင်ရှိန်စာပေ ။ • ပထမအကြိမ် ၊ မေ ၂၀၀၃ ဆယ်ကျော်သက်အရွယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စိတ်ပညာပဒေသာဆောင်းပါးပေါင်းချုပ်ထဲက ဆောင်းပါးတစ်ပုဒ်ပါ ဖော်ပြချက်နဲ့စချင်ပါတယ်။ လူသားသမိုင်းကို ကြည့်ရင် ဘာ့ကြောင့် အခုလို အခြေအနေအထိ တိုးတက်ပြောင်း လဲလာရသလဲ။ ဒီလို တိုးတက်မှုအတွက်...

အနီရောင် ကြက်ခြေခတ်

ကျနော် အမှားတွေကို မကြောက်ပါဘူး။ ဒါပေမယ့် ကျနော် အမှားတွေကိုလည်း မကြိုဆိုပါဘူး။ အမှားတွေနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ စိုးရိမ်ချက် ကိုယ်စီရှိကြတယ်။ မမှားခင်ကလည်း အမှားဖြစ်မှာကြောင့် စိုးရိမ် ကြောင့်ကြကြတယ်။ ထိုနည်းလည်းကောင်းပဲ…. မှားနေရင်လည်း အမှားကြောင့်ပဲ ပူပန်နေရတယ်။ မှားပြီးသွား ရင်လည်း မှားခဲ့တာကြောင့် နောင်တရကြတာပါပဲ။ ဒါ့ကြောင့် အမှားဆိုတာကို ကျနော်တို့တော်တော်များများ ဟာ ကြားလိုက်ရင် ခြောက်ခြားနေကြတယ်။...

ဗုဒ္ဓဒဿန

လူတစ်ယောက်ဟာ ဒဿနိကဘာသာရပ်ကို လေ့လာသင်ယူသင့်တယ်လို့ ကျနော်ထင်တယ်။ စနစ်တကျ လေ့လာသင်ယူမှု မလုပ်နိုင်ဘူး ဆိုရင်တောင်၊ ဒဿနိကနယ်ပယ်ကို စိတ်ဝင်စားသင့်တယ်။ ဒဿနိကလို့ ပြောရင် စာဆန်ဆန်ဖြစ်နေလိမ့်မယ်။ အတွေးအမြင် ဒါမှမဟုတ် အတွေးအခေါ်လို့ ပြောရင် လူပိုနားလည်လိမ့် မယ်။ ဆောင်းပါးတွေထဲမှာလည်း အတွေးအမြင်ဆောင်းပါး ဆိုတဲ့အမျိုးအစားရှိတယ်။ စာပေထဲမှာလည်း ဒဿနစာပေ အခန်းကဏ္ဍဟာ ကြီးကြီးမားမား ရှိနေတယ်။ ပညာရပ်ဆိုင်ရာနယ်ပယ်မှာလည်း ဒဿနိကဗေဒ ဆိုတာ...

ယုတ်သောသူနှင့် မပေါင်းအပ်ရာ

• မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း • နန္ဒာသိန်းဇံ • လှိုင်းသစ်စာပေ ၊ ၂၀၁၈ ။ • ဆဌမအကြိမ် ။ လူ့လောကထဲကို ပိုပြီး တိုးဝင်လာရလေလေ မိတ်ကောင်းဆွေကောင်းဆိုတာကို ပိုနားလည်လာလေလေ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက သူငယ်ချင်းဆိုတာကိုပဲ ခေါင်းထဲ စွဲနေတယ်။ နည်းနည်းကြီးပြင်း လာတော့၊ သူငယ်ချင်းကောင်းဆိုတာ ဘာလဲလို့ စဉ်းစားတတ်စ ပြုလာတယ်။...

ဤသုံးချက်

လူဟာ ကိုယ်ဝါသနာပါတဲ့နယ်ပယ်မှာ ခြေလှမ်းတစ်လှမ်းပီပီပြင်ပြင် ချထားနိုင်ပြီဆိုရင် ဆန်းစစ်ရမယ့် ပေတံ (၃) ချောင်းရှိတယ်။ ဒါဟာ ရေရှည်ခရီးအတွက် အထောက်အပံ့ကောင်းဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ထား တယ်။ ၁) အောက်သက်ကြေတာ ၂) ဝမ်းစာဖြည့်တာ ၃) ကိုယ်ခံအားကောင်းတာ ဒီသုံးချက်ဟာ ပရော်ဖက်ရှင်နယ်ကို ကျကျနန လှမ်းနေတဲ့သူတွေအတွက် ပိုအရေးကြီးမယ် ထင်တယ်။ အောက်သက်ကြေတာ လူတစ်ယောက်ဟာ ကိုယ်ရေရှည်မြုပ်နှံမယ့်နယ်ပယ်မှာ အောက်ခြေတန်းအလုပ်တွေ...

ကုလား ဗမာ အဓိကရုဏ်းများ

၁၉၃၈ ခုနှစ်၊ သူရိယသတင်းစာ၌ ဖော်ပြသောကာတွန်းတစ်ပုဒ်မှာ နိုင်ငံခြားသားဝင်ရောက်မှုများလာသော မြန်မာ ပြည်တွင် ဗမာများအတွက် နေရာမရှိပုံကို ရေးဆွဲထားသည်။ ဗြိတိသျှကိုလိုနီနယ်မြေဖြစ်သော မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေဖြင့် သွတ်သွင်းခံရသည်။ မြန်မာပြည်၌ ဗြိတိသျှများ၊ အိန္ဒိယ (ကုလားများ) နှင့် တရုတ်လူမျိုးများဝင်ရောက်နေထိုင်မှု အားကြီးလာသည်။ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ရန်ကုန်မြို့သည် ပင် တရုတ် ၊ ကုလားများ ကြီးစိုးသည့်မြို့ဟု...

သပ္ပာယ်ခြင်း ဓမ္မတရား

မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။ ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည်...

စာရေးခြင်း

ကျနော် စာပေပလက်ဖောင်းပေါ်ရောက်လာတာက (၂) နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် အခု ကျနော့်စာရေးလေ့ကျင့်မှုသက်တမ်းက (၁၀) ကျော်ရှိမှ ကျနော် စာပေပလက်ဖောင်းကို နင်းမိတာဖြစ်ပါတယ်။ ကျနော် ရသစာတွေ မရေးတတ်ဘူး။ ကျနော် သုတေသနစာတမ်းတွေ ကောင်းကောင်းမရေးတတ်သေးဘူး။ ကျနော် လူမှုဘဝသရုပ်ဖော်တွေ မရေးတတ်သေးပါဘူး။ ကျနော် စာအမျိုးအစားအနည်းငယ်ကိုသာ ရေးတတ် ပါသေးတယ်။ ဒါပေမယ့် ကျနော် စာရေးရင်း သိလာရတဲ့ စာရေးနည်းတချို့ကို...

၂၀၂၀ ကိုကြိုတယ်

ဘာလိုလိုနဲ့ ဒီဇင်ဘာကို ရောက်လာပြီ။ ၂၀၁၉ လည်း ကုန်တော့မယ်။ နှစ်သက္ကရာဇ်တစ်ခု ပြီးစီးခြင်း။ ပြီးစီးခြင်း ဆိုတဲ့ စကားလုံးကိုပဲ သုံးချင်ပါတယ်။ သာမန်ယေဘုယျပြောကြတဲ့ အသုံးကတော့ နှစ်တစ်နှစ်ကုန်ဆုံးခြင်းပေါ့။ ၂၀၁၉ ကို သုံးသပ်ကြည့်၊ ဆင်ခြင်ကြည့်လို့ လုပ်ချင်ပါလျက်နဲ့ မလုပ်လိုက်ရတဲ့အရာတွေ၊ သွားချင်ပါလျက်နဲ့ မသွားလိုက်ရတဲ့အရာတွေ၊ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် မလုပ်လိုက်ရတဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက် စာရင်း မှာ မပြီးစီးလောက်တဲ့...