လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့

• နှင်းရည်တစက် အိပ်မက်တသက် (Political Drama) • အောင်မိုးဝင်း ။ • ၂၀၁၉ ၊ ဇွန်လ ၊ ရန်ကုန်လမ်းမများစာပေ။ မြန်မာပြည်ပညာရေးကို ဖျက်ဆီးခဲ့တဲ့သူတွေအထဲမှာ အစိုးရတင် သာမကဘူး။ နာမည်ပြီး စာရေးဆရာ တချို့ပါ ပါနေပါတယ်။ ဒီလူတွေက သူတို့ကြိုက်နှစ်သက်တဲ့သူဆိုရင် နတ်ဘုရားနီးပါးပဲ။ ကျန်တဲ့လူတွေအားလုံးကို ဗီလိန် လုပ်ပစ်တယ်။ ကိုအောင်မိုးဝင်းက သူ့ရဲ့ဆောင်းပါး...

မြန်မာလူ

မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်။ မြန်မာပြည်ဟာ အသွေးအရောင်စုံလို့၊ အပေါက်အစပ်များနိုင်ပါတယ်။ နိုင်ငံရေးကိစ္စဆိုတာ အများကိစ္စဖြစ်တယ်။ အများနဲ့လုပ်ရတဲ့ကိစ္စဖြစ်လို့၊ အလုပ် မတွင်တာတွေ၊ အလုပ်မဖြစ်တာတွေ၊ ရုပ်ပြသဘောဖြစ်သွားတာတွေ ဖြစ်လေ့ရှိတယ်။ အထင်တွေ၊ အမြင်တွေ၊ အယူအဆတွေက အရမ်းကာရောပြောတာတွေ၊ ရမ်းတုပ် မှန်းတုပ်တာတွေ၊ နားစွန်နားဖျားကြားတာတွေ၊ ကောလဟလတွေအပေါ် အခြေပြုတာတွေ များလာရင် ဒီမိုကရေစီသွားရာလမ်းဟာ မဖြောင့်ဘူး။ မဖြူးဘူး။ ကွေ့နေမယ်။ ဝေ့နေမယ်။ နောက်ပြန်ဝိုက်သွားနိုင်တယ်။...

နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….

နိုင်ငံရေးသမားဟာ ကိုယ့်လုပ်ရပ်ကို ကိုယ် ကြောင်းကျိုးဆင်ခြင်ရမယ်။ နိုင်ငံရေးသမားတစ်ယောက် အာဏာ ရှိလာပြီဆိုရင်၊ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အများနဲ့ ဆိုင်လာ ပြီ။ အများကို သက်ရောက်လာနိုင်ပြီ။ ဒ့ါကြောင့် နိုင်ငံရေးလုပ်နေသူအဖို့၊ သူ့လုပ်ရပ်တွေကို သာမန်လူတစ် ယောက်ထက် ပိုပြီး ကြောင်းကျိုးဆင်ခြင်မှု လုပ်နိုင်ရမယ်။ ဒါမှ လူ့အဖွဲ့အစည်းအတွက် ကောင်းသော အကျိုး ရလဒ်ကို ဖန်တီးထားနိုင်မယ်။...

ဗမာ ၊ ဗမာ ဘုရင့် အာဏာ / သာသနာ

အနော်ရထာက စတင်ခဲ့တဲ့ ဗမာသမိုင်းဟာ နှစ်ပေါင်းများစွာ အတည်အတံ့ရှိခဲ့ပြီ။ ဂုဏ်ရောင်တွေ ထွန်းပြောင်ခဲ့ သလို၊ ဂုဏ်ရောင်တွေလည်း ညှိုးမှိန်ခဲ့ပြီးပြီ။ သမိုင်းဟာ အစဉ်အတိုင်း လည်သလို၊ တစ်ပတ်လည်သလို၊ ဆူကြုံ မြင့်တုံ ရှိခဲ့ပြီးပြီ။ ဗမာ / မြန်မာ အသုံးအနှုန်းတွေအပေါ် စကားလုံး တစ္ဆေခြောက် မခံချင်ပါဘူး။ စစ်တွေ တိုက်ခဲ့ တယ်။ အင်ပါယာတွေ ချဲ့ခဲ့တယ်။ လူသတ်ပွဲတွေ...

◾ ဗမာ့ အတိတ် ၊ ပစ္စုပ္ပန် ๑ ─────●●───── ๑

မြန်မာပြည်နိုင်ငံရေးကို ကြည့်လျှင်၊ အတိတ်၏ လွှမ်းမိုးမှုများ ကြီးစိုးနေသည်ကိုတွေ့ရသည်။ သမိုင်းဖြတ်သန်းမှု မှလာသော နာကျည်းချက်များ၊ အာဃာတများကို လက်ရှိပစ္စုပ္ပန်အထိ သယ်ဆောင်လာသည်ကို တွေ့ရသည်။ မြန်မာတို့သည် အတိတ်လွမ်းဝေဒနာ စွဲကပ်နေသော လူ့အဖွဲ့အစည်းဖြစ်နေသည်။ အတိတ်၏ ခါးသီးသော ဖြစ်ရပ်များ၊ မေ့မရနိုင်သော ဒဏ်ရာဟောင်းများသည် ပစ္စုပ္ပန်ကို လွန်၍ အနာဂတ်ထိအောင် သယ်ဆောင်လို သော သဘောကို တွေ့နေရသည်။ ပြင်းထန်သော ဖိနှိပ်မှု၊...