▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...

ချိုင်းနားရီဗျူး “မင်းသေ့ အမေးစာ”

ရေးသားဖော်ပြထားတဲ့ စာတွေအကြောင်း ထူးထွေပြီး မှာစရာ အကြောင်းမရှိပါ။ ထူးထူးထွေထွေ မေးစရာတော့ ရှိပါတယ်။ ဒါ့ကြောင့် အမှာစာလို့ မတပ်ဘဲ အမေးစာ လို့ ခေါင်းစဉ်တပ်ပါတယ်။ တရုတ် အကြောင်း ဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်ရခြင်း ရည်ရွယ်ချက်ကို ပြောချင်ပါတယ်။ ဒီစာအုပ် ဟာ ကျနော် ထုတ်ဝေဖူးသမျှ၊ စာအုပ်တွေထဲမှာ စာမျက်နှာအနည်းဆုံး စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါး တစ်ပုဒ်ချင်းစီဟာ...

တိုင်းပြည် ကိုယ်ကျင့်

ကျနော်တို့ ငယ်ငယ်တုန်းက အတန်းကျောင်းဖတ်စာမှာ၊ ပညာသင်ခါ မရှက်ရာ…. ဆိုပြီး သင်ကြားခံရဖူးတာ မှတ်မိတယ်။ မနက်က ရုံးကိုလမ်းလျှောက်လာရင်း၊ ဘာမှန်းမသိ ဒီစကားလုံးက ခေါင်းထဲကို ဝင်လာတယ်။ ပညာသင်ခါ မရှက်ရာ။ ပညာသင်ခါ မရှက်ရာ…..။ငယ်ရွယ်စဉ်မှာ ပညာရှာဆိုတော့၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်မှာ ပညာသင်ဖို့ မရှက်ရဘူး…. ရှက်ရင် ပညာရသင့်သလောက် မရဘူးလို့ တွေးပြီး နှလုံးသွင်းမိတယ်။ အခုတော့ လူလည်း...

နိုင်ငံတည်ဆောက်ရေး

တည်ဆောက်ရေးလို့ ပြောတဲ့နေရာမှာ၊ တွဲပြီး ပြောရမယ့်ကိစ္စရှိတယ်။ အဲဒါကတော့ ဖြိုဖျက်ရေးကိစ္စဖြစ်ပါ တယ်။ ရှင်းလင်းတဲ့မြေပေါ်မှာ၊ အဆောက်အအုံသစ်ကို ဆောက်လုပ်ဖို့အတွက်ဆိုရင် မြေရှင်းလင်းရေးကို လုပ်ရတယ်။ ဆောက်မယ့်နေရာမှာ၊ ဟောင်းနွမ်းပျက်စီးအိုမင်းနေတဲ့ အဆောက်အအုံပျက်ရှိနေရင်၊ အဲဒါကို တူးဖြိုဖျက်ပစ်ရတယ်။ အဟောင်းအပေါ်မှာ အသစ်ကို ဆောက်လို့ မရဘူး။ အဟောင်းအပေါ်မှာ အသစ်ထပ် ဆောက်လို့ မရဘူး။ ဆောက်ရင် အဆောက်အအုံသစ်ဟာ မပီပြင်ဘူး။ မခိုင်ခံ့ဘူး။ အရည်အသွေးလည်း...

◾ သာသနာ့ဝန်ဆောင်

PDF Free Download Link : http://www.mediafire.com/file/jotpfbshjhj8aiq/Buddhist_Monks_by_Min_Thayt.pdf/file?fbclid=IwAR33dTAUXpvAQVgdw36EKPOSbQlgon1UGxIt6KtK7EDt2PdpOyR1ABgagBQ ဘုန်းကြီး၊ ရဟန်းသံဃာတွေကို သာသနာ့ဝန်ဆောင်လို့ သုံးနှုန်းကြတာရှိတယ်။ ကျနော့်အနေနဲ့ကတော့၊ သာသနာ့ဝန်ဆောင်ဆိုတဲ့စကားရပ်အပြင်၊ တိုင်းပြည်ဝန်ဆောင်လို့တောင် ထပ်ပြီး သုံးနှုန်းချင်ပါတယ်။ အကြောင်းကတော့၊ တိုင်းပြည်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် ကောင်းမွန်ခိုင်မာဖို့ ဆိုရင် ဆိုင်ရာဆိုင်ရာ အသိုက်အဝန်းတွေ အားကောင်းဖို့ လိုတယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာ၊ အစိုးရ လုပ်သူဟာ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ...

ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)

ဤဆောင်းပါးကို မြန်မာ့လမ်းပွင့် စာအုပ်ထဲ၌ ထည့်သွင်း ပုံနှိပ်ထား၍မိတ်ဆွေ မစိန့်ဇာနည်လင်းက အသံထွက်ဖတ်ရှုထားပါသည်။ https://www.youtube.com/watch?v=NmoV7ktjszA

☗ မြန်မာ့လူမှုစရိုက်

မြန်မာ့လူမှုစရိုက်ကို၊ မြန်မာ့သမိုင်းနဲ့ ယှဉ်တွဲပြီး လေ့လာသင့်ပါတယ်။ သမိုင်းဟာ လူ့အဖွဲ့အစည်းအကြောင်း ကို ပြောပြနိုင်ပါတယ်။ ရှင်းပြနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ၊ လူမှုစရိုက်တွေနဲ့ လူမှုဓလေ့တွေကို လေ့လာ နိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့အပြုအမူတွေ၊ စရိုက်တွေ၊ ဓလေ့ထုံးတမ်းတွေကို ယဉ်ကျေးမှုလို့ ပညတ်အားဖြင့် ခေါ်ဝေါ်ပေမယ့်၊ မယဉ်ကျေးတဲ့ အပြုအမူတွေ၊ မယဉ်ကျေးတဲ့စရိုက်တွေ၊ မယဉ်ကျေးတဲ့ ဓလေ့ထုံးတမ်းတွေ များစွာပါဝင်နေပါတယ်။ ဒါကို သေသေချာချာ ဂရုဓမ္မထားပြီး သတိထားကြည့်ရမယ်။...

လူမှုတော်လှန်ရေး အရွေ့

ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း လက်ရှိမြန်မာပြည်မှာ ပြဿနာတွေ တော်တော်များများရှိပါတယ်။ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်ပြဿနာ၊ စားဝတ်နေရေး ကျပ်တည်းခြင်း ပြဿနာဆိုတာတွေကို ပြောနေကြတာများလို့ မပြော တော့ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ၊ သိသလိုလိုဖြစ်ပြီး ဖာသိဖာသာထားထားတဲ့ ပြဿနာကို ပြောချင်တယ်။ အဲဒါကတော့ ကိုယ်ရည်ကိုယ်သွေး ပြဿနာဖြစ်ပါတယ်။ လူတစ်ဦးချင်းကိစ္စဖြစ်သလို လူ့အဖွဲ့အစည်းကိစ္စ လည်းဖြစ်တယ်။ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတာဖြစ်ပါတယ်။...

လွတ်လပ်မှု အင်ပါယာ

လူ့ဘဝအခက်အခဲဆုံး အရာ (၂) ခုရှိတယ်။ အဲဒါကတော့၊ အမှီအခိုကင်းဖို့ နဲ့ လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့ အခက်ဆုံးပါပဲ။ လူတိုင်းမှာ အခက်အခဲ ကိုယ်စီရှိကြတယ်။ အခက်အခဲတွေထဲကမှ၊ အခက်ခဲဆုံးလူ့ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ အမှီအခိုကင်းဖို့ အခက်ဆုံးဖြစ်ပါတယ်။ လူတိုင်းဟာ တစ်မျိုးမဟုတ် မှီခိုနေကြရတယ်။ လူတွေ ဟာ တနည်းမဟုတ် တနည်း မှီခိုနေကြရတယ်။ • စားဝတ်နေရေးအတွက် မှီခိုရတယ်။ •...

လူမမာ လူ့အဖွဲ့အစည်း

မျိုးဆက်ဟောင်းဆီကနေ လက်ဆင့်မကမ်းသင့်တဲ့ ရောဂါ (၂) မျိုးရှိတယ်။ လူတော်ကြောက်ရောဂါနဲ့ မနာလိုမစ္ဆိရိယရောဂါ ဖြစ်ပါတယ်။ လူတော်ကြောက်ရောဂါဟာ ဘာ့ကြောင့် စဖြစ်တာလဲ။ အကြောင်းကတော့ ကိုယ်ကိုယ်တိုင် မတော်လို့ ဖြစ်ပါ တယ်။ ကိုယ်ကိုယ်တိုင် မတော်တဲ့သူဟာ လူတော်ကို ကြောက်တယ်။ အထူးသဖြင့် ကိုယ့်နဘေးကလူ တော်မှာ ကို သိပ်ကြောက်တယ်။ ပြီးတော့ ကိုယ့်အောက်က လူတော်မှာကို သိပ်ကြောက်တယ်။ ကိုယ်နဲ့...