နိုင်ငံရေးစာအုပ်အညွှန်း

ဦးအောင်ခင် ၊ လွတ်လပ်ချင်တဲ့စိတ် နှင့် လေလှိုင်းထဲက စာအုပ်စင်လွင်ဦး စာပေ၊ ပထမအကြိမ်။၂၀၂၀၊ နိုဝင်ဘာ။မြန်မာ့အရေးလေ့လာသုံးသပ်ချက်သုတေသနစာတမ်းနှင့်စာအုပ်များအား ပြန်လည်တင်ပြချက်။ ဒေါက်တာအောင်ခင် အာဘော်တွေနဲ့ပတ်သက်ပြီးတော့၊ မြန်မာပြည် စာဖတ်ပရိသတ်က စိမ်းနေမယ်လို့ မထင်ပါ။ ဒေါက်တာအောင်ခင်ဟာ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနက သမိုင်းကျောင်းဆရာဟောင်းဖြစ်ပါတယ်။ ဆိုရှယ်လစ် ခေတ်မှာ၊ ဗိုလ်နေဝင်းရဲ့ လုပ်ရပ်တွေကို မနှစ်မြို့လို့၊ မြန်မာပြည်ကနေ ထွက်ခွာသွားတဲ့ ပညာရှင်တစ်ယောက်ဖြစ် ပါတယ်။ တက္ကသိုလ်အောင်ခင်ဦး...

သမိုင်းအမြင်

မြသန်းတင့်၊ မောင်သာမည ၊ တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း။မူရင်း - The Toynbee – Ikeda Dialogue (Man Himself Must Choose) by Arnold J. Toynbee, Daisaku Ikedaအမေ့ဥယျာဉ်စာပေ၊ ဒုတိယအကြိမ်။၂၀၁၉ ဒီဇင်ဘာ။အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေး၊ စိတ်ပညာနှင့် သိပ္ပံ။ ဖိုမကိစ္စ...

မြန်မာတွေရဲ့ “ဒဿနစားသုံးမှုပုံစံ”

တန်ဖိုးတွေ အကြောင်း​ ပြောချင်ပါတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ “တန်ဖိုး” တရားတော်မှာ၊ “တန်ဖိုးသိမှ တန်ဖိုးရှိတာ” လို့ ဟောပါတယ်။ တန်ဖိုးသိဖို့ ဆိုတာ မလွယ်ပါ။ တန်ဖိုးသိဖို့ဆိုတာ ဉာဏ်အလုပ်ဖြစ်ပါတယ်။ ဉာဏ်အလုပ်မလုပ်တဲ့လူ့အဖွဲ့အစည်းဟာ - တန်ဖိုး အမှန်ကို မသိနိုင်ပါ၊ ဉာဏ်အလုပ်လုပ်ဖို့ ပျင်းတဲ့ လူ့အဖွဲ့အစည်း ဟာ တန်ဖိုးအမှန်ကို နားမလည်နိုင်ပါ။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘာကို...

▄ သမိုင်းကို ဆစ်ပိုင်းလေ့လာခြင်း

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါမှာ၊ ဆစ်ပိုင်းလေ့လာရမယ့် နည်းနာလိုပါတယ်။ အချက် (၃) ခုကို တင်ပြချင်ပါတယ်။ • (၁) လူကို လေ့လာတာ။• (၂) ကာလအပိုင်းအခြားကို လေ့လာတာ။• (၃) အကြောင်းအရာကို လေ့လာတာ။ ▄ လူကို လေ့လာတာ မြန်မာ့နိုင်ငံရေးသမိုင်းကို ဂဏနဃနားလည်ဖို့အတွက်ဆိုရင် လူတွေကို လေ့လာခြင်းဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။ အထူးသဖြင့် key stakeholders...

▄ မဇ္ဈိမဒေသ လွတ်လပ်ရေး

★ • Freedom at Midnight by Larry Collins and Dominique Lapierre• သန်းခေါင်ယံ အိန္ဒိယလွတ်လပ်ရေး ၊ မင်းကျော်စွာ (ဘာသာပြန်)• လောကသစ် စာပေ၊ ၂၀၁၉ ၊ ပထမအကြိမ်။• သန်းခေါင်ယံ လွတ်လပ်ရေး ၊ မောင်ပေါ်ထွန်း (ဘာသာပြန်)• ရာပြည့်စာပေ၊ ၂၀၁၆၊ တတိယအကြိမ်။ အိန္ဒိယ...

တင်ပြပုံ အယူအဆ

မြန်မာ့နွေဦးစစ်တမ်း (မြန်မာ့အသွင်ကူးပြောင်းရေးသမိုင်းအကျဉ်း) တင်ပြပုံနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြချင်ပါ တယ်။ • လူ• အဖွဲ့အစည်း• ဖြစ်ရပ် လူ၊ အဖွဲ့အစည်းနဲ့ ဖြစ်ရပ် ဆိုတဲ့ အချက် (၃) ချက်ဟာ ဒီစာအုပ် တစ်အုပ်လုံးရဲ့ အခြေခံယူနစ် သုံးခုဖြစ်ပါ တယ်။ လူ။ ။ သမိုင်းဖြစ်စဉ်ကိုလေ့လာရင် လူ့အပြုအမူတွေရဲ့မှတ်တမ်းကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် လူအများ အပေါ်မှာ ဩဇာလွှမ်းမိုးခဲ့တဲ့လူတွေ၊...

ဗမာမျိုးချစ်

ဗမာမျိုးချစ်တွေနဲ့ပတ်သက်ပြီး၊ အတန်းကျောင်း သမိုင်းဖတ်စာမှာ ကျနော်တို့ သင်ခဲ့ရဖူးပါတယ်။ ပါတော်မူပြီးစ အချိန်နောက်ပိုင်းမှာ၊ သူ့နည်းသူ့ဟန်နဲ့ တော်လှန်ပုန်ကန်ကြတဲ့ တောင်ပေါ်၊ မြေပြန့်၊ မြေလတ်ဒေသအသီးသီး က ဒေသတွင်း သူရဲကောင်းသူပုန်တွေကို အတန်းကျောင်း သမိုင်းဖတ်စာမှာ ဂုဏ်ယူအတုယူစရာဖြစ်အောင် သင်ကြားခဲ့ကြရပါတယ်။ သမိုင်းဖတ်စာတွေ အပြင်၊ မျိုးချစ်စာပေ သမိုင်းစာအုပ်တွေထဲကနေ ကျနော်တို့ နားလည်လက်ခံထားတဲ့ မျိုးချစ်တွေကို စာရင်းချရေးကြည့်ပါ့မယ်။ ပါတော်မူပြီးခေတ်နောက်ပိုင်း တော်လှန် ပုန်ကန်ကြတဲ့...

ကိုလိုနီခေတ် ဗမာ

ဗမာတစ်ပြည်လုံး ကိုလိုနီလက်အောက်ကျရောက်စဉ်အချိန်က၊ ဗမာ့စရိုက်သည် ဘယ်သို့ဘယ်ပုံရှိခဲ့ပါသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းကတော့၊ ကိုလိုနီစနစ် နှစ်ပေါင်းရာကျော် အသက် ရှည်ခဲ့ရခြင်းအကြောင်းတရားဟာ၊ ဗမာ့စရိုက်ဓာတ်ခံကို သိစွမ်းနိုင်မှုအပေါ် အများကြီး အမှီသဟဲပြုခဲ့ပါတယ်။ အင်္ဂလိပ်ဟာ အသိဉာဏ်မဲ့စွာ အုပ်ချုပ်ခဲ့တာ မဟုတ်။ အကင်းပါးပါးနဲ့ ပါးရည်နပ်ရည်ရှိရှိ အုပ်ချုပ်ခဲ့တာလို့ ပြောလို့ရနိုင်ပါ တယ်။ ဗမာ့စရိုက်သဘောဝနဲ့ ဓလေ့ထုံးတမ်းကို ကောင်းကောင်း မသိရှိဘဲ အခုလို နှစ်ပေါင်း...

▄ ဗမာမင်း အုပ်ချုပ်ပုံ စစ်တမ်း

Burma-Kingdom-by-Min-ThaytDownload ဗမာမင်းတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ခြင်းကြောင့်၊ တရားဥပဒေစည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗမာမင်းတွေဟာ ပြည်သူလူထုကို ရိုးရာဓလေ့ထုံးစံကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ ရိုးရာဓလေ့ ထုံးစံဆိုတာလည်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းလို မဟုတ်လေတော့၊ ဘုရင့်ရဲ့စိတ်သဘောတော် အတိုင်း ထင်ရာအုပ်ချုပ်တာလို့ပဲ ဆိုလို့ရ မယ်။ အဲသည့်အထဲမှာ ဘုရင်က အမြော်အမြင်ရှိလို့၊ အမြင်ကျယ်လို့၊ စိတ်ထားကောင်းမြတ်လို့...

▄ ဗမာ့အာဏာဓလေ့

ဗမာတွေဟာ အာဏာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွှတ်ချက်မျိုးတွေ ရှိနေပါသလဲ။ လူ့အဖွဲ့ အစည်းဟာ လူတစ်ဦးချင်းစီနဲ့ စုပေါင်းထားတဲ့ အသိုက်အမြုံကြီးဖြစ်ပါတယ်။ လူတစ်ဦးချင်းစိတ်ရဲ့ စိတ်နေ ဓာတ်ခံအားလုံးရဲ့ အပေါင်းအစုဟာ လူမှုဓလေ့ဖြစ်လာပါတယ်။ နိုင်ငံရေးဓလေ့ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ဖြစ်လာပါတယ်။ ဗမာတွေရဲ့ လူမှုနိုင်ငံရေးယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ လိုပါတယ်။ ခေတ်သစ် နိုင်ငံရေးလေ့လာချက်မှာ၊ ဒီအကြောင်းအရာကို အရေးတကြီး နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေး...