▄ သမိုင်းလေ့လာချက် အမြင်

မြန်မာ့သမိုင်းလေ့လာချက်နဲ့ပတ်သက်ပြီးတော့၊ စာအုပ်တစ်အုပ်အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရေးသားနိုင်ဖို့၊ ကျနော် အားထုတ်နေပါတယ်။ အထူးသဖြင့်၊ မြန်မာ့ခေတ်သစ်သမိုင်းကို ကျနော် ပိုစိတ်ဝင်စားတယ်။ ခေတ်သစ် သမိုင်းဆိုတာဟာ ၂၀ ရာခုခေတ်တစ်လျှောက်လုံးဖြစ်ထွန်းလာတဲ့ မြန်မာ့သမိုင်းကိုဆိုလိုတာဖြစ်ပါ တယ်။ သမိုင်းဟာ နယ်ပယ်၊ ကဏ္ဍအားဖြင့် ကျယ်ပြောပါတယ်။ ကျနော် ပိုအာရုံစိုက်တဲ့အပိုင်းကတော့၊ နိုင်ငံရေးသမိုင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်ပြီးတော့၊ ယဉ်ကျေးမှု/ဓလေ့/စရိုက်တွေကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ဆက်စပ်လေ့လာပြီး စာအုပ်စာစောင်တွေ ရှာဖတ်ပါတယ်။ ဖတ်ရင်းနဲ့...

▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

သမိုင်းလေ့လာချက်

ကျနော် သမိုင်းကို စိတ်ဝင်စားတယ်။ သမိုင်းလေ့လာချက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာပေတွေထဲကနေ နှိုက် ထုတ်လေ့လာမှုကို ကျနော် လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် လေ့လာဖြစ်တဲ့ သမိုင်းလေ့လာနည်း တချို့ကို ပြောချင်တယ်။ ပဏာမ နိဒါန်းအနေနဲ့ ပြောပြချင်တာကို ဗျူပ္ပတ်ခင်း ပါရစေ…။ ပဏာမ သမိုင်းဆိုတာ ပြီးပြီးသား ကိစ္စဖြစ်တယ်။ သမိုင်းဆိုတာ အတိတ်ဖြစ်တယ်။ ပြီးပြီးသားဖြစ်လို့ ပြင်လို့ မရဘူး။...

သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ

သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။ သမိုင်းဆိုင်ရာကိစ္စတွေကို စာအုပ်တွေထဲနေ လေ့လာတယ်။ လူတွေထဲကနေလေ့လာတယ်။ သမိုင်းအမြင်တွေ ဟာ သိပ်ဆန်းကြယ်တယ်။ အတွေ့အကြုံရှိတဲ့လူတွေ၊ ဖြတ်သန်းမှု ရှိခဲ့တဲ့လူတွေ၊ စာဖတ်ပေဖတ်ရှိတဲ့လူတွေ၊ ကိုယ့်လူ့အသိုင်းအဝိုင်းကို အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက်ကြည့်တတ်တဲ့လူတွေဆီက ရတဲ့သမိုင်းအမြင်ဟာ အမြင်သစ်တွေကို ရတယ်။ မြင်ထားပြီးသားအရာတွေဟာ ပိုလို့ ပုံပေါ်လာတယ်။ အဆက်အစပ်တွေကို...

အသစ်အဟောင်း ကိစ္စ

အသစ်အဟောင်းကိစ္စသည် အပြောင်းအလဲကိစ္စဖြစ်သည်။ အပြောင်းအလဲကာလတွင်၊ အသစ်အဟောင်း ကိစ္စ ပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား ပြဿနာပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား တိုးတိုက်မှု ပေါ်လာသည်။ အသစ်နှစ်အဟောင်းအကြာင်း ပဋိပက္ခပေါ်လာသည်။ အစားထိုးဝင်ရောက်လာသော အသစ်နှင့် တည်ဆဲအဟောင်းအကြား ဝေခွဲရခက်လာသည်။ ဝေခွဲရ ကြပ်လာသည်။ အသစ်ကို ရွေးမည်လော။ အဟောင်း ကို ဆက်လက်ကိုင်ဆွဲမည်လော။ အသစ်အဟောင်းကိစ္စသည် တရားသေအဖြေမရှိ။ အသစ်အားလုံးသည် မကောင်း။ ထိုနည်းလည်းကောင်း အဟောင်းအားလုံးသည်လည်း...