ဗမာ့နိုင်ငံရေးဓလေ့စစ်တမ်း (၁)

စစ်တမ်းဝေဖန်ချက် ။ ၂၀၂၀ အောက်တိုဘာလမှာ၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းကနေ စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ စစ်တမ်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်စစ်တမ်းဖြစ်ပါတယ်။ ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ကောက်ခံထားတဲ့ စစ်တမ်းတစ်စောင်ဖြစ်ပါတယ်။ စစ်တမ်း တို့ရဲ့ သဘာဝအရ အကန့်အသတ်တွေ ရှိနေတတ်ပါတယ်။ ထိုနည်းလည်းကောင်း၊ နည်းနာအားဖြင့်၊ လူ့အရင်း အမြစ်အားဖြင့်၊ ဒေသအားဖြင့်၊ နမူနာကောက်ယူတဲ့ စနစ်အားဖြင့် ချို့ယွင်းချက်တွေ...

ဗမာမျိုးချစ်

ဗမာမျိုးချစ်တွေနဲ့ပတ်သက်ပြီး၊ အတန်းကျောင်း သမိုင်းဖတ်စာမှာ ကျနော်တို့ သင်ခဲ့ရဖူးပါတယ်။ ပါတော်မူပြီးစ အချိန်နောက်ပိုင်းမှာ၊ သူ့နည်းသူ့ဟန်နဲ့ တော်လှန်ပုန်ကန်ကြတဲ့ တောင်ပေါ်၊ မြေပြန့်၊ မြေလတ်ဒေသအသီးသီး က ဒေသတွင်း သူရဲကောင်းသူပုန်တွေကို အတန်းကျောင်း သမိုင်းဖတ်စာမှာ ဂုဏ်ယူအတုယူစရာဖြစ်အောင် သင်ကြားခဲ့ကြရပါတယ်။ သမိုင်းဖတ်စာတွေ အပြင်၊ မျိုးချစ်စာပေ သမိုင်းစာအုပ်တွေထဲကနေ ကျနော်တို့ နားလည်လက်ခံထားတဲ့ မျိုးချစ်တွေကို စာရင်းချရေးကြည့်ပါ့မယ်။ ပါတော်မူပြီးခေတ်နောက်ပိုင်း တော်လှန် ပုန်ကန်ကြတဲ့...

ကိုလိုနီခေတ် ဗမာ

ဗမာတစ်ပြည်လုံး ကိုလိုနီလက်အောက်ကျရောက်စဉ်အချိန်က၊ ဗမာ့စရိုက်သည် ဘယ်သို့ဘယ်ပုံရှိခဲ့ပါသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းကတော့၊ ကိုလိုနီစနစ် နှစ်ပေါင်းရာကျော် အသက် ရှည်ခဲ့ရခြင်းအကြောင်းတရားဟာ၊ ဗမာ့စရိုက်ဓာတ်ခံကို သိစွမ်းနိုင်မှုအပေါ် အများကြီး အမှီသဟဲပြုခဲ့ပါတယ်။ အင်္ဂလိပ်ဟာ အသိဉာဏ်မဲ့စွာ အုပ်ချုပ်ခဲ့တာ မဟုတ်။ အကင်းပါးပါးနဲ့ ပါးရည်နပ်ရည်ရှိရှိ အုပ်ချုပ်ခဲ့တာလို့ ပြောလို့ရနိုင်ပါ တယ်။ ဗမာ့စရိုက်သဘောဝနဲ့ ဓလေ့ထုံးတမ်းကို ကောင်းကောင်း မသိရှိဘဲ အခုလို နှစ်ပေါင်း...