▣ ကဗျာ / မင်းကိုနိုင့်ပန်းပင် – တင်မိုးရဲ့ ပန်းပွင့်

ပြီးခဲ့တဲ့လ (စက်တင်ဘာ၊ ၂၀၂၁) က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မင်းကိုနိုင်ရဲ့ ကဗျာလေး တစ်ပုဒ် ဖတ်လိုက် ရတယ်။ ပန်းပွင့်တဲ့အလုပ်ရိုးတံက လုပ်လိမ့်မယ်အမြစ်အလုပ် အမြစ်လုပ်ရုံပဲမြေသားနက်နက် ရေရှာထွက်မယ်အသက်ဆက်မယ်သစ်ရွက်က သစ်ရွက်အလုပ်လုပ်ရုံပဲနေပူခံလျက် အစာချက်မယ်အသက်ဆက်မယ်….. (မင်းကိုနိုင်၊ ၂၀၂၁) ကျနော်ဟာ ကဗျာတွေ ဖတ်မိရင်၊ ကဗျာတွေထဲက အဘိဓမ္မာကို ရှာမိတယ်။ ကဗျာထဲမှာ ဘယ်လိုအဘိဓမ္မာတွေကို ကိန်းအောင်းနေသလဲ။ အဲသည့်အဘိဓမ္မာရဲ့နောက်ခံတွန်းအားက ဘာဖြစ်မလဲ။ ကဗျာဆရာဟာ...

▣ မြန်မာစာပေအရေးအသား ကွေ့ကြီး (၄) ကွေ့

လျှောက်ရိုး လျှောက်စဉ်ကို မလျှောက်၊ ဖောက်ပြီး လျှောက်ခဲ့သူတွေဟာ လမ်းသစ်ကို ထွင်ရလို့ ခြုံနွယ်ပိတ်ပေါင်း ခုတ်ထွင်ရှင်းလင်းပြီး လမ်းဖောက်ရတယ်။ လမ်းဖောက်ရင်း လမ်းသစ်လျှောက်ပေမယ့်၊ ရှောရှောရှုရှုတော့ မဟုတ်ဘူး။ ဆူးခြစ်ခံရတယ်။ ဆူးညှောင့်ခလုတ်ထိုးမိ၊ တိုက်မိတယ်။ သို့သော်လည်း လျှောက်ချင်သူအဖို့ ဖောက်ရင်း လျှောက်တော့ ခရီးပေါက်ခဲ့တာပါပဲ။ • စာရေးတယ်ဆိုတာလည်း သတ္တိအများကြီးလိုတယ်။ အယူအဆတစ်ခု အတွေးအခေါ် တစ်ခုကို ပြောလိုက် တဲ့အခါမှာ...

▣ သင်္ကေတဗေဒထဲက အောင်ဆန်းစုကြည်

• ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကေတ အဖြစ် ပြောင်း၍ ကျေးဇူးပြုမည်လော။• လူထုမှတ်ဉာဏ် (Public Memory) ထဲမှာ စွဲမြဲ နစ်ဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လို အခန်းကဏ္ဍမှာ လူထုကို ဆက်လက် ကျေးဇူးပြု ဦးဆောင်နေအုံးမယ်လို့ ထင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ သူ့ရဲ့ ဩဇာ ဘယ်လို ပုံပြောင်းဖြစ် တည်မလဲဆိုတာဟာ စိတ်ဝင်စားစရာကိစ္စဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအိုက်ကွန်...

▄ အမျိုးသားရေးဝါဒနောက်ကွယ်က အမျိုးသားရေးစာပေများ

မြန်မာပြည်မှာ၊ ကိုလိုနီနယ်ချဲ့ဝါဒဆန့်ကျင်ရေးနဲ့ ပူးတွဲပါလာတဲ့ ဝါဒ နှစ်ရပ်ရှိပါတယ်။ အမျိုးသားရေးဝါဒနဲ့ လက်ဝဲ ကွန်မြူနစ်ဝါဒဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်းမှာ ဗမာ့အမျိုးသားရေးဝါဒနဲ့ ကွန်မြူနစ်ဝါဒတို့ဟာ အပြိုင်ဖြစ်ထွန်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒ၊ ဝံသာနုစိတ် (တိုင်းချစ်ပြည်ချစ်စိတ်) ဆိုတာတွေဟာ လူ့အဖွဲ့အစည်းထဲမှာ ရှိနေပြီးသားဖြစ်ပါတယ်။ တမင်မျိုးစေ့ချ စိုက်ပျိုးရတာမျိုး မဟုတ်ပါ။ သို့သော်လည်း တိုင်းပြည်အတွင်းမှာ မျိုးချစ်စိတ်နဲ့ ဝံသာနုစိတ်တွေကို နိုးကြား လာအောင် စာပေတွေကသော်လည်းကောင်း၊...

▄ အာဏာသိမ်းမှုအကြောင်းဆက်

▄ အခြေခံဥပဒေမူဘောင် ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အရင်ပြောချင်ပါတယ်။ ။ အခြေခံဥပဒေမှာ လွတ်လပ်ခွင့်အတွက် ခွင် (ဂွင်) တွေကို ဖန်တီးပေးထားသလို၊ အကယ်၍ စစ်တပ်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်မယ့်လားရာကို ဦးတည်နေရင်၊ နဂိုမူလ အတိုင်းပြန်လည်ထိန်းချုပ်နိင်ဖို့ အကန့်အသတ်တွေကိုလည်း ထည့်သွင်းပြဌာန်းထားတယ်။ အာဏာသိမ်းမယ်ဆိုရင်တောင် နိုင်ငံတကာမှာ အကြောင်းပြချက်ကောင်းအောင် နဂိုမူလကတည်းက ရည်ရွယ်ပြီး စီရင်ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က စပွန်ဆာလုပ်ပြီး...

▄ ကျနော်မှားကြောင်း ဝန်ခံပါ၏

၂၀၁၉ ခုနှစ်ရဲ့ တစ်ခုသောနေ့။ ကျနော် (ဆရာ) ကျော်ဝင်း အိမ်ရောက်ဖြစ်ခဲ့တယ်။ ဆရာနဲ့တွေ့တော့ ခါတိုင်းလိုပဲ စကားတွေ အပြော မပြတ်။ ကျနော်က သိချင်တာတွေ မေး။ ဆရာက သူ သိနားလည်ထားတာတွေကို အိတ်သွန်ဖာမှောက် ပြောပြ။ ဒီလိုနဲ့ ပြောရင်းဆိုရင် ကျနော်က ကျနော့်အမြင် တစ်ခု ပြောမိတယ်။ ▣ ဒီနေ့ခေတ် လူငယ်တွေကို အားမရကြောင်း၊...

▄ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်

• တေးရေး - စိုင်းခမ်းလိတ်• တေးဆို - စိုင်းထီးဆိုင်• သီချင်း - https://www.youtube.com/watch?v=RYvubvXmH2I စကားလုံးတွေက ဘယ်လောက် လှသလဲ…ကြည့်စမ်း။ သဘောထားကြီးမှု၊ ဖေးမမှု၊ စိတ်သဘောထား ကျယ်ပြန့်မှု၊ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ ကရုဏာ၊ ကိုယ်ချင်းစာနာမှု၊ လူ့သဘောတွေ၊ အကောင်းမြင်နိုင်စွမ်း၊ ကတိကဝတ် စတဲ့အရာတွေ အားလုံးကို တွေ့လိုက်ရတယ်။ တွေ့လိုက်ရတယ်ဆိုတာထက် ခံစားလိုက်မိတယ်လို့ ပြောရင်...

▄ စု – တု – ပြု … မှသည်

ပုံစာ - ကျနော် နေ့စဉ်ရေးတဲ့ဆောင်းပါးတွေကို စာရင်းသွင်းထားပုံ တစ်စိတ်တစ်ပိုင်း (၂၀၂၁ အောက်တိုဘာ နှစ်ပတ်အတွင်း) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်းက ရန်ကုန် ပန်မြန်မာမှာ၊ ကျနော့်ရဲ့ စာအုပ်မိတ်ဆက်ပွဲလုပ်ပါတယ်။ စာဖတ်သမားသို့ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ငါးအုပ်မြောက်ထုတ်ဝေတဲ့စာအုပ်ဖြစ်ပါတယ်။ အဲသည့်စာအုပ်မိတ်ဆက်ပွဲမှာ၊ ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာ ဆန်းထွန်း (စာရေးဆရာ - ဆန်းထွန်းသောင်) က...

▄ ဗမာလေ့လာရေး

▣ (မြန်မာ့လူမှုနိုင်ငံရေးဓလေ့) ဒီနေရာမှာ ဝေါဟာရ စကာလုံး လေးလုံးကို တွေ့နိုင်တယ်။ (၁) မြန်မာ၊ (၂) လူမှု၊ (၃) နိုင်ငံရေး နဲ့ (၄) ဓလေ့။ ဒီစကားလုံးလေးလုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာတွေရဲ့ လူမှုနိုင်ငံရေးဓလေ့ကို လေ့လာဖြစ်အောင် ဒေါက်တာမောင်မောင်ကြီးရဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး (Burmese Political Value) ကျမ်းက စပြီး လှုပ်နိုးလိုက်တာဖြစ်ပါတယ်။ ဗမာ့နိုင်ငံရေးတန်ဖိုးတွေကို...

▄ အချောင်စားတွေ

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတဲ့တရား နားထောင်ဖြစ်တယ်။ အဲသည့်အထဲမှာ၊ လူ့ပြည်ဆိုတာ ဝီရိယဘုံ…တဲ့။ နောက် ရှိသေးတယ်။ လူ့ပြည်ဆိုတာ - နတ်ပြည်နဲ့ ငရဲပြည်ဆက်ထားတဲ့ ဘုံ…တဲ့။ • နတ်ပြည်နဲ့ ဆက်နေတာဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ချမ်းသာသုခဆိုတာ ရှိတယ်။• ငရဲပြည်နဲ့ ဆက်ထားတာ ဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ဆင်းရဲဒုက္ခဆိုတာ ရှိတယ်။• လူ့ဘုံဆိုတာ ဆင်းရဲချမ်းသာ ရောထွေးနေတဲ့ ဘုံပဲ။ တခါတရံ...