▄ ဗမာမင်း အုပ်ချုပ်ပုံ စစ်တမ်း

Burma-Kingdom-by-Min-ThaytDownload ဗမာမင်းတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ခြင်းကြောင့်၊ တရားဥပဒေစည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗမာမင်းတွေဟာ ပြည်သူလူထုကို ရိုးရာဓလေ့ထုံးစံကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ ရိုးရာဓလေ့ ထုံးစံဆိုတာလည်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းလို မဟုတ်လေတော့၊ ဘုရင့်ရဲ့စိတ်သဘောတော် အတိုင်း ထင်ရာအုပ်ချုပ်တာလို့ပဲ ဆိုလို့ရ မယ်။ အဲသည့်အထဲမှာ ဘုရင်က အမြော်အမြင်ရှိလို့၊ အမြင်ကျယ်လို့၊ စိတ်ထားကောင်းမြတ်လို့...