◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။

မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိစ္စကို အနည်းငယ်ပြောချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလို့ ပြောတဲ့ နေရာမှာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတာ ရှိတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ ရှိတယ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး၊ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ ပြုပြင် ပြောင်းလဲရေးကိစ္စကို အပြောများကြတယ်။ နိုင်ငံရေးကိစ္စနဲ့ စီးပွားရေးကိစ္စ။ နိုင်ငံရေးကိစ္စမှာ၊ ဒီမိုကရေစီ ကျင့်ထုံးတွေ အသက်သွင်းတဲ့ကိစ္စပါဝင်တယ်။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်မှု အပိုင်းပါတယ်။ ပြည်သူ့အခြေပြုမူဝါဒတွေကို ဘယ်လိုချမှတ်မလဲ၊ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ကိစ္စပါတယ်။...

◾ သာသနာ့ဝန်ဆောင်

PDF Free Download Link : http://www.mediafire.com/file/jotpfbshjhj8aiq/Buddhist_Monks_by_Min_Thayt.pdf/file?fbclid=IwAR33dTAUXpvAQVgdw36EKPOSbQlgon1UGxIt6KtK7EDt2PdpOyR1ABgagBQ ဘုန်းကြီး၊ ရဟန်းသံဃာတွေကို သာသနာ့ဝန်ဆောင်လို့ သုံးနှုန်းကြတာရှိတယ်။ ကျနော့်အနေနဲ့ကတော့၊ သာသနာ့ဝန်ဆောင်ဆိုတဲ့စကားရပ်အပြင်၊ တိုင်းပြည်ဝန်ဆောင်လို့တောင် ထပ်ပြီး သုံးနှုန်းချင်ပါတယ်။ အကြောင်းကတော့၊ တိုင်းပြည်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် ကောင်းမွန်ခိုင်မာဖို့ ဆိုရင် ဆိုင်ရာဆိုင်ရာ အသိုက်အဝန်းတွေ အားကောင်းဖို့ လိုတယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာ၊ အစိုးရ လုပ်သူဟာ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ...

ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)

ဤဆောင်းပါးကို မြန်မာ့လမ်းပွင့် စာအုပ်ထဲ၌ ထည့်သွင်း ပုံနှိပ်ထား၍မိတ်ဆွေ မစိန့်ဇာနည်လင်းက အသံထွက်ဖတ်ရှုထားပါသည်။ https://www.youtube.com/watch?v=NmoV7ktjszA

▄ စာပေဈာန်သမာပတ်

စာရေးတတ်ခြင်းဟာ လွယ်သလိုလိုနဲ့ ခက်တယ်။ ခက်သလိုလိုနဲ့ လွယ်တယ်။ စာကို ဦးနှောက်ကနေ ရေးဖို့က လွယ်တယ်။ စိတ်ကနေ အလိုလို ရေးနေဖို့ကတော့ခက်တယ်။ လက်ကနေ အလိုလိုရေးနေဖို့ဆိုတာလည်း ခက်တယ်။ စိတ်ကနေ အလိုလိုရေးနေဖို့အတွက်၊ အရေးအကြီးဆုံးကတော့ ဈာန်ဖြစ်ပါတယ်။ ဈာန်ဝင်စားမှုဖြစ် ပါတယ်။ mood လို့ ပြောရင်လည်း ရနိုင်မယ်ထင်တယ်။ ဈာန်ဝင်စားမှုမရှိဘဲနဲ့ စာရေးတဲ့အခါ၊ ဖတ်ရတဲ့စာက တစ်ခုခုလိုနေသလိုလိုဖြစ်တယ်။ သွက်မနေဘူး။...

၂၀၂၀ ရွေးကောက်ပွဲ နှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ

https://www.theworldtodaymagazine.com/%e1%81%82%e1%81%80%e1%81%82%e1%81%80-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95/?fbclid=IwAR0OqO4HBJqievzUXUIGrqDNkUXjduySJNx_AWE5eFRq_2_c45RaIq4eulM ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီ မရှိဘူး လို့ ဆိုတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိတာတော့ မဟုတ်ဘူး။ အဲသည့်ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီနည်းကျသလဲဆိုတာကို ပြန်တိုင်းတာရမယ်။ အာဏာရှင်တစ်ပိုင်းတစ်စဖြစ်တဲ့နိုင်ငံတွေမှာ၊ အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီ အပြည့်အဝ မရှိဘူး။ အခြေခံအားဖြင့်တော့၊ လွတ်လပ်ပြီး တရားမျှတတဲ့...

Covid – 19 and 2020 Election (Panel Discussion)

https://www.facebook.com/TheFifthPillar.tfp/videos/725347484947222/UzpfSTEwMDAxMjk0NzUzNjAzODo5NDA0NTcyNjYzOTU4NDk/ “Youth, Election and COVID-19” Panel Talk#The_Importance_of_Civic_and_Voter_Educationဆွေးနွေးကြမည့်အကြောင်းအရာအကျဉ်းနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်သာမက မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက်ပါ အလွန်အရေးပါသည့် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန် အချိန်နီးကပ်လာနေပြီ ဖြစ်ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်သည့်နိုင်ငံများရှိသကဲ့သို့၊ ရွေးကောက်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်နိုင်ငံများလည်းရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကိုဗစ်သည် ကမ္ဘာမြေပေါ်မှ အမြစ် ပြတ်ပျောက်ကွယ်သွားမည်မဟုတ်ပဲ ကူးစက်မှု...

ရာဇပုလ္လင် ၊ စက္ကူဘုရင် စခရင် ဘုရင်မ

(စာ၊ စာရေးဆရာ၊ စာပေ၊ စက္ကူ ၊ စခရင်) စာပေကိစ္စကို ပြောရင်၊ ရေးသူဘက်ကလည်း အရေးကြီးတယ်။ ဖတ်သူဘက်ကလည်း အရေးကြီးတယ်။ ရေးသူ ဆိုတာ ထုတ်လုပ်သူဖြစ်တယ်။ ဖြန့်ချိသူဖြစ်တယ်။ ရောင်းချသူဖြစ်တယ်။ ဖတ်သူကတော့ စားသုံးသူဖြစ်တယ်။ လက်ခံသူဖြစ်တယ်။ ဝယ်ယူသူဖြစ်တယ်။ ဘောဂဗေဒမှာတော့၊ supply side နဲ့ demand side ဆိုပြီး ပြော တယ်။...

မလွတ်လပ်မှု သံသရာ

ကျနော် အမြဲတမ်းလိုလို စဉ်းစားဖြစ်တဲ့အကြောင်းအရာရှိတယ်။ အမှီအခိုကင်းခြင်းဆိုတဲ့ကိစ္စ။ ဘဝမှာ ဆင်းရဲ ဒုက္ခတွေ အမျိုးမျိုးရှိပါလိမ့်မယ်။ အဲသည့်အထဲမှာ သိပ်မွေ့သော ဆင်းရဲခြင်းတွေလည်း ရှိတယ်။ ကိုယ်ကိုယ် တိုင်က သာမန်အားဖြင့် ပြည့်ပြည့်စုံစုံရှင်သန်နေတယ်လို့ ဆိုနိုင်နေပေမယ့်၊ သိမ်မွေ့သော ဆင်းရဲခြင်းကို နေ့စဉ် လိုလို ခံနေရတာတွေ ရှိတယ်။ အဲဒါကတော့ အမှီအခိုမကင်းတဲ့ကိစ္စလို့ ကျနော် ထင်တယ်။ လူဟာ အစုအဖွဲ့နဲ့ နေတတ်တဲ့သတ္တဝါဖြစ်ပါတယ်။...

ရဟန်း ၊ စာအုပ်ဝေဖန်ခန်း (၁)

(ရဟန်း - သံသရာမှ လွတ်မြောက်စေသူ ၊ဒေါက်တာတိုးလှ ၊ ပဉ္စဂံစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၉ ၊ နိုဝင်ဘာ၊ ပထမအကြိမ်) ၂၀၁၉ နိုဝင်ဘာလ၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာတိုးလှ ရေးတဲ့ “ရဟန်း” ဆိုတဲ့စာအုပ်ကို ထုတ်ဝေပါ တယ်။ ဒေါက်တာတိုးလှဆိုတာ မြန်မာသမိုင်းအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ဒုဥက္ကဌတာဝန်တွေကိုလည်း ယူခဲ့သူဖြစ် ပါတယ်။ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတော်တော်များများကို ရေးသားခဲ့သူဖြစ်ပါတယ်။...

◾ ကလောင်၏ ဩဇာ

စာရေးခြင်းမှာ၊ ရသမပါတဲ့စာအမျိုးအစားကို ရေးတယ်ဆိုရင်တောင်၊ အနုပညာတော့ ထည့်ရတာပဲ။ အဲသည်လို အနုပညာဆိုတာလည်း တမင်တကာ ထည့်ရတာမျိုး မဟုတ်ဘူး။ သိသိသာသာကြီးထည့်ရတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဈာန်ဝင်စားမှုကို နက်နဲစူးနစ်အောင် လုပ်ရတာမျိုးဖြစ်တယ်။ ထပ်ပြီးရှင်းအောင် ပြောရရင် စိတ်ကို နှစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ၊ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတာ၊ လုပ်အားကို သေချာထည့်ပြီး တည်ဆောက်ယူတာ။ ဒီလိုလုပ်တာ စွဲမြဲလာရင် ကိုယ်ရေးတဲ့စာဟာ...