Youth, Election and COVID-19

“Youth, Election and COVID-19” Panel Talk#The_Importance_of_Civic_and_Voter_Educationဆွေးနွေးကြမည့်အကြောင်းအရာအကျဉ်းနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်သာမက မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက်ပါ အလွန်အရေးပါသည့် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန် အချိန်နီးကပ်လာနေပြီ ဖြစ်ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်သည့်နိုင်ငံများရှိသကဲ့သို့၊ ရွေးကောက်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်နိုင်ငံများလည်းရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကိုဗစ်သည် ကမ္ဘာမြေပေါ်မှ အမြစ်ပ���တ် ပျောက်ကွယ်သွားမည်မဟုတ်ပဲ ကူးစက်မှု မခံရစေရေးအတွက် လူမှုဆက်ဆံရေးပုံစံ အသစ် (New Normal) ဖြင့် နေထိုင်သွားကြရမည်ဟု အသိပေး ထုတ်ပြန်ထားရာ – "ကိုဗစ်နှင့် ရွေးကောက်ပွဲ" ကိစ္စရပ်သည် များစွာ စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကြီးသည် ကိုဗစ်ကပ်ရောဂါ ကာလ အတွင်း ရှိနေသည်ဖြစ်ရာ – နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ မဲဆန္ဒရှင်များရွေးကောက်ပွဲ သတင်းအချက်အလက်များ လက်လှမ်းမီရယူနိုင်မှု၊ ပြည်တွင်းရွေး��ြောင်းလုပ်သားတိုင်း ဆန္ဒမဲပေးခွင့်ရရှိရေးနှင့် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုများသည် ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက စိတ်ခေါ်ချက်ပိုမို မြင့်မားနိုင်သည့် အခြေအနေဖြစ်ပါသည်။ဖော်ပြပါ စိန်ခေါ်ချက်များကို ပြင်ဆင်လျော့ချနိုင်ရေးအတွက် ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားသည့် နိုင်ငံတကာအတွေ့အကြုံများ၊ ရွေးကောက်ပွဲတွင် လူငယ်များပါဝင်ဆန္ဒမဲပေးရန် အဘယ်ကြောင့် အရေးကြီးသည်၊ စက်မှုလက်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် ပြည်တွင်းရွေ့ပြောင်းလုပ်သားများအ���ေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို လက်လှမ်းမီသိရှိနေကြပါရဲ့လာ ? အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။(20.6.2020)

Posted by The Fifth Pillar on Saturday, June 20, 2020

“Youth, Election and COVID-19” Panel Talk

#The_Importance_of_Civic_and_Voter_Education

ဆွေးနွေးကြမည့်အကြောင်းအရာအကျဉ်း

နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်သာမက မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက်ပါ အလွန်အရေးပါသည့် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန် အချိန်နီးကပ်လာနေပြီ ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်သည့်နိုင်ငံများရှိသကဲ့သို့၊ ရွေးကောက်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်နိုင်ငံများလည်းရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကိုဗစ်သည် ကမ္ဘာမြေပေါ်မှ အမြစ် ပြတ်ပျောက်ကွယ်သွားမည်မဟုတ်ပဲ ကူးစက်မှု မခံရစေရေးအတွက် လူမှုဆက်ဆံရေးပုံစံ အသစ် (New Normal) ဖြင့် နေထိုင်သွားကြရမည်ဟု အသိပေး ထုတ်ပြန်ထားရာ – “ကိုဗစ်နှင့် ရွေးကောက်ပွဲ” ကိစ္စရပ်သည် များစွာ စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်လာပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကြီးသည် ကိုဗစ်ကပ်ရောဂါ ကာလ အတွင်း ရှိနေသည်ဖြစ်ရာ – နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ မဲဆန္ဒရှင်များရွေးကောက်ပွဲ သတင်းအချက်အလက်များ လက်လှမ်းမီရယူနိုင်မှု၊ ပြည်တွင်းရွေ့ပြောင်းလုပ်သားတိုင်း ဆန္ဒမဲပေးခွင့်ရရှိရေးနှင့် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုများသည် ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက စိတ်ခေါ်ချက်ပိုမို မြင့်မားနိုင်သည့် အခြေအနေဖြစ်ပါသည်။

ဖော်ပြပါ စိန်ခေါ်ချက်များကို ပြင်ဆင်လျော့ချနိုင်ရေးအတွက် ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားသည့် နိုင်ငံတကာအတွေ့အကြုံများ၊ ရွေးကောက်ပွဲတွင် လူငယ်များပါဝင်ဆန္ဒမဲပေးရန် အဘယ်ကြောင့် အရေးကြီးသည်၊ စက်မှုလက်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် ပြည်တွင်းရွေ့ပြောင်းလုပ်သားများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို လက်လှမ်းမီသိရှိနေကြပါရဲ့လာ ? အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(20.6.2020)

Previous post ရာဇပုလ္လင် ၊ စက္ကူဘုရင် စခရင် ဘုရင်မ
Next post ၂၀၂၀ ရွေးကောက်ပွဲ နှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ