ရာဇပုလ္လင် ၊ စက္ကူဘုရင် စခရင် ဘုရင်မ

(စာ၊ စာရေးဆရာ၊ စာပေ၊ စက္ကူ ၊ စခရင်) စာပေကိစ္စကို ပြောရင်၊ ရေးသူဘက်ကလည်း အရေးကြီးတယ်။ ဖတ်သူဘက်ကလည်း အရေးကြီးတယ်။ ရေးသူ ဆိုတာ ထုတ်လုပ်သူဖြစ်တယ်။ ဖြန့်ချိသူဖြစ်တယ်။ ရောင်းချသူဖြစ်တယ်။ ဖတ်သူကတော့ စားသုံးသူဖြစ်တယ်။ လက်ခံသူဖြစ်တယ်။ ဝယ်ယူသူဖြစ်တယ်။ ဘောဂဗေဒမှာတော့၊ supply side နဲ့ demand side ဆိုပြီး ပြော တယ်။...

မလွတ်လပ်မှု သံသရာ

ကျနော် အမြဲတမ်းလိုလို စဉ်းစားဖြစ်တဲ့အကြောင်းအရာရှိတယ်။ အမှီအခိုကင်းခြင်းဆိုတဲ့ကိစ္စ။ ဘဝမှာ ဆင်းရဲ ဒုက္ခတွေ အမျိုးမျိုးရှိပါလိမ့်မယ်။ အဲသည့်အထဲမှာ သိပ်မွေ့သော ဆင်းရဲခြင်းတွေလည်း ရှိတယ်။ ကိုယ်ကိုယ် တိုင်က သာမန်အားဖြင့် ပြည့်ပြည့်စုံစုံရှင်သန်နေတယ်လို့ ဆိုနိုင်နေပေမယ့်၊ သိမ်မွေ့သော ဆင်းရဲခြင်းကို နေ့စဉ် လိုလို ခံနေရတာတွေ ရှိတယ်။ အဲဒါကတော့ အမှီအခိုမကင်းတဲ့ကိစ္စလို့ ကျနော် ထင်တယ်။ လူဟာ အစုအဖွဲ့နဲ့ နေတတ်တဲ့သတ္တဝါဖြစ်ပါတယ်။...