◾ ကလောင်၏ ဩဇာ

စာရေးခြင်းမှာ၊ ရသမပါတဲ့စာအမျိုးအစားကို ရေးတယ်ဆိုရင်တောင်၊ အနုပညာတော့ ထည့်ရတာပဲ။ အဲသည်လို အနုပညာဆိုတာလည်း တမင်တကာ ထည့်ရတာမျိုး မဟုတ်ဘူး။ သိသိသာသာကြီးထည့်ရတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဈာန်ဝင်စားမှုကို နက်နဲစူးနစ်အောင် လုပ်ရတာမျိုးဖြစ်တယ်။ ထပ်ပြီးရှင်းအောင် ပြောရရင် စိတ်ကို နှစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ၊ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတာ၊ လုပ်အားကို သေချာထည့်ပြီး တည်ဆောက်ယူတာ။ ဒီလိုလုပ်တာ စွဲမြဲလာရင် ကိုယ်ရေးတဲ့စာဟာ...