စာပေအသင်း အယ်ဒီတာ

ကျနော် တက္ကသိုလ်ကျောင်းသားဘဝကို (၅) နှစ် ဖြတ်သန်းခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ကို မရခဲ့ပါ။ မရခဲ့တဲ့အကြောင်းရင်း ရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား ဘဝ ငါးနှစ်လုံးလုံးဟာ ကျောင်းစာမဟုတ် တဲ့ စာအုပ်တွေအကြား ခေါင်းတိုးဝင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ • နှလုံးသားရေးရာ ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ • ဂီတအနုပညာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ • အားကစားဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။...

ဘဝဒဏ်ရာ

ဘဝမှာ ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ ဒဏ်ရာတွေကတော့ အမျိုးမျိုးအဖုံဖုံပါပဲ။ ဒဏ်ရာတွေရခဲ့တုန်းကတော့၊ ငါ့မှ အဖြစ်ဆိုးရလေခြင်းလို့ တွေးပြီး စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအတိုင်းတစ်သက်လုံး တွေးပူနေလို့မှ မရတာ။ လုပ်သင့်လုပ်ထိုက်တာတွေကို အသက်မသေခင် လုပ်ကို လုပ်သွားရမယ် ဆိုတဲ့စိတ်နဲ့ လဲရင် ပြန်ထ တယ်။ ဒဏ်ရာတွေ ရရင်၊ အနာကျက်အောင် လုပ်တယ်။ • ဒဏ်ရာတွေကနေ အနာတွေဖြစ်လာတယ်။ •...

ဖန်ပုလင်းထဲက မျိုးစေ့တွေ

ခင်ဗျား ဖန်ပုလင်းထဲမှာ မျိုးစေ့တွေ ရှိတယ်။ ဘာမျိုးစေ့လည်းတော့ ကျနော် မသိဘူး။ ကျနော် ယုံကြည်နေတာက ခင်ဗျားက မွေးလာကတည်းက ခင်ဗျား လက်ထဲမှာ ဖန်ပုလင်းတစ်လုံးကိုင်ပြီး မွေးလာတယ်ဆိုတာပဲ။ အဲသည့် ဖန်ပုလင်းကြည်ကြည်လေးထဲမှာလည်း ခင်ဗျား ဘဝ ဘဝက စုဆောင်း ထုံမွှမ်းလာခဲ့တဲ့ အထုံဗီဇကောင်းတွေနဲ့ ကျေးဇူးပြုထောက်ပံ့ထားတဲ့ မျိုးစေ့ တစ်ခုမက ပါလာတယ်ဆိုတာပဲ။ အဲဒါကိုတော့ ကျနော် ယုံတယ်။...

သပ္ပာယ်ခြင်း ဓမ္မတရား

မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။ ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည်...

၂၀၂၀ ကိုကြိုတယ်

ဘာလိုလိုနဲ့ ဒီဇင်ဘာကို ရောက်လာပြီ။ ၂၀၁၉ လည်း ကုန်တော့မယ်။ နှစ်သက္ကရာဇ်တစ်ခု ပြီးစီးခြင်း။ ပြီးစီးခြင်း ဆိုတဲ့ စကားလုံးကိုပဲ သုံးချင်ပါတယ်။ သာမန်ယေဘုယျပြောကြတဲ့ အသုံးကတော့ နှစ်တစ်နှစ်ကုန်ဆုံးခြင်းပေါ့။ ၂၀၁၉ ကို သုံးသပ်ကြည့်၊ ဆင်ခြင်ကြည့်လို့ လုပ်ချင်ပါလျက်နဲ့ မလုပ်လိုက်ရတဲ့အရာတွေ၊ သွားချင်ပါလျက်နဲ့ မသွားလိုက်ရတဲ့အရာတွေ၊ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် မလုပ်လိုက်ရတဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက် စာရင်း မှာ မပြီးစီးလောက်တဲ့...

စိတ် နေ ဆန္ဒ

မသိတာကိုလည်း သိအောင် လုပ်လို့ရတယ်။ မရှိတာကိုလည်း ရှိအောင် လုပ်လို့ရတယ်။ မသိချင်ရင်တော့ ဘာမှ လုပ်လို့ မရဘူး။ မရှိချင်ရင်တော့ ဘာမှကို လုပ်လို့ မရဘူး။ ဒါ့ကြောင့် …. သိချင်စိတ် / ရှိချင်စိတ် ဆိုတာ သိပ်လိုအပ်တယ်။ ဗုဒ္ဓအဟောထဲမှာ ပဌာန်းကျမ်းရှိတယ် မဟုတ်လား။ ပဌာန်းကျမ်းမှာ အဓိပတိပစ္စယသတ္တိဆိုတာ ရှိတယ်။ အဲသည့်ထဲမှာ ဆန္ဒဓိပတိဆိုတာ စိတ်ဆန္ဒပြင်းပြစိတ်ကို...

စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်

• ကျနော် စိတ်သန့်ချင်တယ် • ကျနော် စိတ်လုံချင်တယ် အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။ ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

တည်နေရာ ရန်ကုန် ငပိရည် အက်ဆေး

ဗမာတွေဟာ အပုပ်အစပ်ကြိုက်တတ်သော သတ္တဝါပေလား မသိ။ ငပိနှင့် ငံပြာရည်ကို အတော်စားသည်။ အငံ လည်း အစားများသည်။ သီချင်းတွေကတောင် စပ်ဆိုသေးသည်။ ‘မြန်မာဆိုရင် ငပိကို မမေ့နဲ့…. စာပေမှာ ဗျည်းနဲ့သရ….တို့’ ။ ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော သီချင်းဖြစ်သည်။ တွံတေးသိန်းတန် ဆိုတာဖြစ် သည်။ စပ်ဆိုသော တေးရေးဆရာကပဲ ဗမာ့ငပိကို တင်စားချင်လို့များလား မသိ။ ဗမာတွေ...