သပ္ပာယ်ခြင်း ဓမ္မတရား

မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။ ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည်...