က သုံးလုံးနှင့် ချိနဲ့ လူ့အဖွဲ့အစည်း

ဖွံ့ဖြိုးမှုဗေဒမှာ Action and Reflection လို့ ပြောတယ်။ ဖွံ့ဖြိုးချင်ရင်၊ တိုးတက်ချင်ရင် ရိုးရှင်းတဲ့နည်းလမ်း ရှိ ပါတယ်။ Action and Reflection ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ၊ လုပ်ပါ။ ပြန်သုံးသပ်ပါ။ ပြန်သုံးသပ်ပြီး ထပ်လုပ်ပါ။ ‘က’ သုံံးဆိုတာကို နိုင်ငံရေးစာပေတွေ ဖတ်ရင်း သိလာတယ်။ ကွန်မြူနစ်စာပေတွေထဲက ပါတာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး...

ကိုယ်က,စ

Academic Weekly Journal တွင် ၊ ဖော်ပြပါရှိပြီး ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာတွေနဲ့ စပြီး ရင်းနှီးခဲ့တယ်။ ဆရာတော် ရေးခဲ့ဖူးတဲ့ စာတွေက ကျနော့်ကို လွှမ်းမိုးတယ်။ တော်တော်တော်များများသော မိန့်ဆိုချက်တွေဟာ နှုတ်ထဲကနေ အလွတ်ရွတ်နိုင်လောက်တဲ့အထိ စွဲလန်းခဲ့တယ်။ ဆရာတော်က အခုလို ရေးတယ်။...

ပါတီနိုင်ငံရေး နှင့် နိုင်ငံရေးပါတီ

• ပါတီတစ်ခုဟာ ဘယ်လောက် ဖြတ်သန်းခဲ့သလဲ။ • နိုင်ငံရေးခရီးကြမ်းမှာ ဘယ်လောက် အနစ်နာခံခဲ့သလဲ။ • အချိန်ဘယ်လောက်ကြာကြာ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ်ရပ်ခဲ့သလဲ။ • နိုင်ငံရေးအထုအထောင်းဒဏ်ထဲက ဘယ်လောက်ရုန်းထနိုင်ခဲ့သလဲ။ • ပါတီကို ဘယ်လောက်ထိ ပါတီလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သလဲ။ ကောက်နုတ်ချက် ပါတီနိုင်ငံရေးလုပ်တဲ့သူမှာ ဘက်အစွဲရှိတာ မဆန်းပါဘူး။ ပါတီနိုင်ငံရေးဆိုတာလည်း ဘက်နဲ့ လုပ်ရတဲ့ သဘာဝရှိတယ် မဟုတ်လား။ ဘက်ရှိမှ...

သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ

သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။ သမိုင်းဆိုင်ရာကိစ္စတွေကို စာအုပ်တွေထဲနေ လေ့လာတယ်။ လူတွေထဲကနေလေ့လာတယ်။ သမိုင်းအမြင်တွေ ဟာ သိပ်ဆန်းကြယ်တယ်။ အတွေ့အကြုံရှိတဲ့လူတွေ၊ ဖြတ်သန်းမှု ရှိခဲ့တဲ့လူတွေ၊ စာဖတ်ပေဖတ်ရှိတဲ့လူတွေ၊ ကိုယ့်လူ့အသိုင်းအဝိုင်းကို အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက်ကြည့်တတ်တဲ့လူတွေဆီက ရတဲ့သမိုင်းအမြင်ဟာ အမြင်သစ်တွေကို ရတယ်။ မြင်ထားပြီးသားအရာတွေဟာ ပိုလို့ ပုံပေါ်လာတယ်။ အဆက်အစပ်တွေကို...

ကျေးလက်တောရွာက ဆရာ ဆရာမတွေ…

ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ...

စာသင်ခန်း ဆိုတာ……

• စာသင်ခန်းဟာ ဝါဒဖြန့်ချိရေးအခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ တရားသေဝါဒကို အုတ်မြစ်ချပေးတဲ့နေရာ မဟုတ်ဘူး။ • စာသင်ခန်းဟာ ငါတကောကောသူရဲ့ အင်ပါယာ မဟုတ်ဘူး။ • စာသင်ခန်း ဟာ ပြဌာန်းစာအုပ်မှာ တင် လမ်းဆုံးနေတဲ့ ဘူတာ မဟုတ်ဘူး။ • စာသင်ခန်းဟာ အဖြေတစ်ခုတည်းအတွက် သီးသန့်အခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ အာဂုံရွတ်ဆိုတဲ့...

နိုင်ငံရေးသမား

နိုင်ငံရေးသမားအတွက် ကျောင်းရှိသလား…. အာဏာရဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ နိုင်ငံရေးသတ္တဝါတိုင်းကို နိုင်ငံရေးသမားလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ယူစရာ ကွင်းဟာ ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံရေးသမားတစ်ယောက်အဖို့ လူ့အရေးအရာကိစ္စတိုင်းဟာ လေ့လာသင်ယူစရာတွေချည်းပါပဲ။ လူနဲ့ ဆက်စပ်နေတဲ့ မြေကိစ္စတွေဟာ လေ့လာစရာတွေချည်းပါပဲ။ လူနဲ့မြေကို ပေါင်းထားတဲ့ နိုင်ငံ့အရေးအရာကိစ္စ တွေဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ လူနဲ့မြေကြီးကိစ္စတွေကို စီမံခန့်ခွဲတဲ့ အစိုးရကိစ္စ၊...

တို့လူငယ်

• ဝမ်းစာဖြည့်ဖို့ • ကိုယ်ခံအားကောင်းဖို့ • ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ ကျနော် လူငယ်တွေတော်တော်များများနဲ့ တွေ့ဖြစ်၊ ဆုံဖြစ်တယ်။ လူငယ်တွေက သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ တွေကို ပြောပြတယ်။ သူတို့ရဲ့ချင်ခြင်းတွေကို ဖွင့်ဟတယ်။ သူတို့ဝါသနာနဲ့ လွန်ဆွဲနေတဲ့အရာတွေကို ပြောပြ တယ်။ သူတို့ သွားချင်တဲ့ပန်းတိုင်၊ သူတို့လျှောက်ချင်တဲ့လမ်းကို ပြောကြတယ်။ လူငယ်တွေမှာ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်၊...

ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း

• အလုပ်မလုပ်ပဲ အစာမစားရ။ • လုပ်သလောက် စားရမယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ထုံးတွေ ပျက်တာကြာနေပြီ။ အခြေခံကျင့်ဝတ်တွေ ပျက်နေတာကြာပြီ။ လူတွေက အချောင်စားချင်တယ်။ ရေသာခိုတယ်။ ဖြတ်လမ်းနည်း လိုက်တယ်။ မလုပ်ပဲ စားချင်တယ်။ ဖြတ်စား လှီးစား၊ အမှီးကျက် အမှီးစား ခေါင်းကျက် ခေါင်းစား လုပ်တယ်။ လည်ရင် လည်သလို လုပ်တယ်။ ထိုက်တန်တဲ့ ရင်းနှီးမှု...

မြန်မာ့အပြောင်းအလဲ

• အပြောင်းအလဲအတွက် လူထုလိုသည်။ • ပြောင်းလဲချိန်တန်ပြီ။ • အပြောင်းအလဲ။ ပြောင်းလဲခြင်း ဂါထာတွေကို အတွင်အတွင်ရေရွတ်ပြီး၊ ဒီမိုကရေစီဆိုတာကို ကြွေးကြော်ခဲ့ကြတယ်။ အနာဂတ် ဟာ ဘယ်ဆီနေမှန်းမသိကြဘူး။ ဒါပေမယ့် မျှော်လင့်ချက် တစ်စုံတရာနဲ့ မဲပေးကြတယ်။ အပြောင်းအလဲကို လူထုမဲဆန္ဒနဲ့ ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ လူထုက ထင်ခဲ့တယ်။ တကယ့်အဖြစ်မှာက အုပ်ချုပ်သူကိုပဲ ပြောင်းနိုင်ခဲ့တယ်။ အခြေအနေကို မပြောင်းနိုင်ခဲ့ဘူး။ အကန့်အသတ်တွေ...