အသစ်အဟောင်း ကိစ္စ

အသစ်အဟောင်းကိစ္စသည် အပြောင်းအလဲကိစ္စဖြစ်သည်။ အပြောင်းအလဲကာလတွင်၊ အသစ်အဟောင်း ကိစ္စ ပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား ပြဿနာပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား တိုးတိုက်မှု ပေါ်လာသည်။ အသစ်နှစ်အဟောင်းအကြာင်း ပဋိပက္ခပေါ်လာသည်။ အစားထိုးဝင်ရောက်လာသော အသစ်နှင့် တည်ဆဲအဟောင်းအကြား ဝေခွဲရခက်လာသည်။ ဝေခွဲရ ကြပ်လာသည်။ အသစ်ကို ရွေးမည်လော။ အဟောင်း ကို ဆက်လက်ကိုင်ဆွဲမည်လော။ အသစ်အဟောင်းကိစ္စသည် တရားသေအဖြေမရှိ။ အသစ်အားလုံးသည် မကောင်း။ ထိုနည်းလည်းကောင်း အဟောင်းအားလုံးသည်လည်း...

ကျင့်ထုံး နှစ်ခု ၊ သံယောင်လိုက်မှု

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ အလွှာနှစ်ထပ်ရှိသည်။ ထိပ်ပိုင်းအလွှာနှင့် အောက်ပိုင်းအလွှာဟူ၍ ဖြစ်သည်။ ထိပ်ပိုင်းသည် ခေါင်းဆောင်မှုဖြစ်ပြီး၊ အောက်ပိုင်းအလွှာမှာ လူထုဖြစ်သည်။ ဒီမိုကရေစီသဘော တရားသည် ထိပ်ပိုင်းမှာတင် ကွက်ပြီး ပျံ့နေလို့ မရ။ အောက်ပိုင်းမှာလည်း ကျယ်ပြန့်စွာ နှံ့စပ်နေရမည်။ အောက်ခြေဒီမိုကရေစီကျင့်ထုံးများကို ချဲ့ရမည်။ သို့အတွက် ပြည်သူပါဝင်မှုကို မြှင့်တင်ရမည်ဟု ဟောသည်။ ဤနေရာတွင် ‘မည်သည့်နေရာ၌ ပါဝင်ရမည်နည်း’ ဆိုသည့် မေးခွန်းပေါ်လာသည်။...

သုတေသနဓာတ်ခံ

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ပါ။ ကျနော်တို့ ပညာအသိုက်အဝန်းကို ကြည့်ပါ။ ကျနော်တို့ရဲ့ ပြုမူ လုပ်ကိုင်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ တွေးခေါ်ချည်းကပ်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ ဘယ်လောက် စနစ်တကျ လုပ်ကိုင်တတ်ပြီလဲ။ ကျနော်တို့ဟာ အချက်အလက်အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တတ်ပြီလား။ သို့မဟုတ် စိတ်ထဲမှာ ကောင်းနိုးရာရာ ထင်တာကို လုပ်နေဆဲပဲလား။ တကယ့်ပြဿနာဆိုတာ ဘာမှန်းမသိဘဲ၊ အခြေခံယေဘုယျ ထင်မြင်ချက်နဲ့...

ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ

နိုင်ငံရေးသမားလို့ ပြောရင်၊ လူ့အသိုင်းအဝိုင်းက နှုတ်ခေါင်းရှုံ့ချင်ကြသည်။ အကြောင်းမှာ နိုင်ငံရေးသည် အညစ်အထေးလို့ မြင်လို့ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးလို့ ပြောရင် မျက်လုံးပြူးကြသည်။ နိုင်ငံရေးသည် ကြောက်စရာလို့ မြင်လို့ ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးဟုပြောလျှင် မျက်နှာလွှဲသွားကြသည်။ နိုင်ငံရေး သည် ကိုယ်နှင့်မဆိုင်ဟု တွက်ချက်ပုံရသည်။ လူ့အသိုင်းအဝိုင်းက နိုင်ငံရေးအပေါ် မြင်ပုံ အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုသည်မှာလည်း မျက်နှာစာပေါင်းစုံ ရှိနေသည်သာ။...

စင်္ကာပူ အောင်မြင်ရခြင်း၏ အဓိက အကြောင်း (၄) ရပ်

Success of Singapore (PDF)Download ဒီဆောင်းပါးဟာ နိုင်ငံတည်ဆောက်ရေးနဲ့လည်း သက်ဆိုင်တယ်။ ဖွံ့ဖြိုးမှုဗေဒနဲ့လည်း သက်ဆိုင်တယ်။ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို တည်ဆောက်တယ်ဆိုတာကိုလည်း အကျဉ်းသဘောပြထားတယ်။ တိုတောင်းတယ်။ ကျစ်လစ်တယ်။ ထိထိမိမိရှိတယ်။ လိုရင်းကိုသာ ရေးသားတင်ပြထားတယ်။ ဖတ်ရတာ မအီဘူး။ ဒီလို ရှင်းလင်းတဲ့ အရေးအသားနဲ့ နိုင်ငံရေးစာပေတွေ ထွက်လာရင် သိပ်ကောင်းမှာပဲလို့ မှတ်ချက်ပြုမိပါတယ်။ အကြောင်းလေးပါး စင်္ကာပူနိုင်ငံနှင့်ပက်သက်သော...