သုတေသနဓာတ်ခံ

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ပါ။ ကျနော်တို့ ပညာအသိုက်အဝန်းကို ကြည့်ပါ။ ကျနော်တို့ရဲ့ ပြုမူ လုပ်ကိုင်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ တွေးခေါ်ချည်းကပ်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ ဘယ်လောက် စနစ်တကျ လုပ်ကိုင်တတ်ပြီလဲ။ ကျနော်တို့ဟာ အချက်အလက်အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တတ်ပြီလား။ သို့မဟုတ် စိတ်ထဲမှာ ကောင်းနိုးရာရာ ထင်တာကို လုပ်နေဆဲပဲလား။ တကယ့်ပြဿနာဆိုတာ ဘာမှန်းမသိဘဲ၊ အခြေခံယေဘုယျ ထင်မြင်ချက်နဲ့...